မိုဂါဒစ်ရှုးတွင် ကားဗုံးပေါက်ကွဲသဖြင့် နှစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

မိုဂါဒစ်ရှုးတွင် ကားဗုံးပေါက်ကွဲသဖြင့် နှစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှုးမှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ အနည်းဆုံးနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ရဲအရာရှိတစ်ဦးပြောစကားအရ အဆိုပါကားဗုံးပေါက်ကွဲမှုမှာ မြို့ရဲ့ မာကာအယ်လ်မူကာရာမာ လမ်းရှိ အသစ်ဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင်ကားရပ်နားသည့်နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရမှုတွေ ပျက်စီးဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုပါတယ်။

“အတည်ပြုနိုင်တာကတော့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တာပါဘဲ။စားသောက်ဆိုင်ထဲ လူတွေရှိ နေတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်”လို့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။၎င်းက အဆိုပါ နေရာတစ်ဝိုက်လုံခြုံရေးတပ်ဖွဲဝင်တွေ ရောက်နေသလို စုံစမ်းစစ်ဆေး မှုတွေ ဆောင်ရွက်နေ ပြီလို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အဆိုပါဖောက်ခွဲမှုက အဆိုပါနေရာတစ်ဝိုက်မှာရှိနေတဲ့ ပါလီမန်အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။မျက်မြင်သက်သေတွေအဆိုအရ ပေါက်ကွဲမှုကြောင့် အဆိုပါနေရာတစ်ဝိုက် တုန်ခါမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ “ကြီးမားတဲ့ပေါက်ကွဲ သံ ကို ကြားလိုက်ရပြီးနောက် နေရာတစ်ခုလုံးလှုပ်ခါသွားတယ်။ကျွန်တော်ကြည့် လိုက်တော့ လူတွေ မြေပေါ်မှာ လဲကျနေပြီး တချို့က သူတို့ကိုကူညီဖို့ အော်ဟစ်နေတယ်”လို့ မျက်မြင်သက် သေ အက်စ်မာဂျမားက ဆိုပါတယ်။

လမ်းဆုံရှိ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အနီးနားရှိ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင် လေးထဲမှာ လူအမြောက် အမြားထိုင်နေတဲ့ အတွက် သေဆုံးအရေအတွက်က တိုးလာနိုင် တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါ တယ်။ ယခုပေါက်ကွဲမှုဖြစ်ပြီးနာရီပိုင်းအကြာမှာ မိုဂါဒစစ်ရှုးမြို့စွန် မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားတဲ့ အတွက်  နိုင်ငံခြားသားတွေအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ယခုကားဗုံးဖောက်ခွဲမှုအတွက် ဘယ်အဖွဲ့က မှ ၎င်းတို့လက်ချက်လို့ ဝန်မခံထားပါဘူး။

Linko
Ref:Xinhua
မိုဂါဒစ်ရှုး၊စက်တင်ဘာ ၁၉

(  Zawgyi  )

 ဆိုမာလီယာႏိုင္ငံၿမိဳ႕ေတာ္ မိုဂါဒစ္ရႈးမွာ ဗုဒၶဟူးေန႔ညေနပိုင္းက ကားဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာမွာ အနည္းဆုံးႏွစ္ဦးေသဆုံးၿပီး ေလးဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ရဲအရာရွိတစ္ဦးေျပာစကားအရ အဆိုပါကားဗုံးေပါက္ကြဲမႈမွာ ၿမိဳ႕ရဲ႕ မာကာအယ္လ္မူကာရာမာ လမ္းရွိ အသစ္ဖြင့္လွစ္ခဲ့သည့္ စားေသာက္ဆိုင္ကားရပ္နားသည့္ေနရာမွာ ေပါက္ကြဲခဲ့တာျဖစ္ၿပီး ထိခိုက္ဒဏ္ရာ ရမႈေတြ ပ်က္စီးဆုံးမႈေတြ ျဖစ္ေပၚခဲ့တယ္ဆိုပါတယ္။

“အတည္ျပဳႏိုင္တာကေတာ့ ႏွစ္ဦးေသဆုံးၿပီး ေလးဦးဒဏ္ရာရခဲ့တာပါဘဲ။စားေသာက္ဆိုင္ထဲ လူေတြရွိ ေနတဲ့အတြက္ ေသဆုံးသူအေရအတြက္ တိုးလာႏိုင္တယ္”လို႔ အဆိုပါ တာဝန္ရွိသူကဆိုပါတယ္။၎က အဆိုပါ ေနရာတစ္ဝိုက္လုံၿခဳံေရးတပ္ဖြဲဝင္ေတြ ေရာက္ေနသလို စုံစမ္းစစ္ေဆး မႈေတြ ေဆာင္႐ြက္ေန ၿပီလို႔ ဆိုပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ အဆိုပါေဖာက္ခြဲမႈက အဆိုပါေနရာတစ္ဝိုက္မွာရွိေနတဲ့ ပါလီမန္အဖြဲ႕ဝင္တစ္ဦးကို ပစ္မွတ္ထားတာလို႔ ဆိုပါတယ္။မ်က္ျမင္သက္ေသေတြအဆိုအရ ေပါက္ကြဲမႈေၾကာင့္ အဆိုပါေနရာတစ္ဝိုက္ တုန္ခါမႈျဖစ္ေပၚခဲ့တယ္လို႔ ဆိုပါတယ္။ “ႀကီးမားတဲ့ေပါက္ကြဲ သံ ကို ၾကားလိုက္ရၿပီးေနာက္ ေနရာတစ္ခုလုံးလႈပ္ခါသြားတယ္။ကြၽန္ေတာ္ၾကည့္ လိုက္ေတာ့ လူေတြ ေျမေပၚမွာ လဲက်ေနၿပီး တခ်ိဳ႕က သူတို႔ကိုကူညီဖို႔ ေအာ္ဟစ္ေနတယ္”လို႔ မ်က္ျမင္သက္ ေသ အက္စ္မာဂ်မားက ဆိုပါတယ္။

လမ္းဆုံရွိ ေပါက္ကြဲမႈျဖစ္ပြားခ်ိန္မွာ အနီးနားရွိ ေကာ္ဖီဆိုင္နဲ႔ စားေသာက္ဆိုင္ ေလးထဲမွာ လူအေျမာက္ အျမားထိုင္ေနတဲ့ အတြက္ ေသဆုံးအေရအတြက္က တိုးလာႏိုင္ တယ္လို႔ မ်က္ျမင္သက္ေသေတြက ဆိုပါ တယ္။ ယခုေပါက္ကြဲမႈျဖစ္ၿပီးနာရီပိုင္းအၾကာမွာ မိုဂါဒစစ္ရႈးၿမိဳ႕စြန္ မွာ ေပါက္ကြဲမႈ ထပ္မံျဖစ္ပြားတဲ့ အတြက္  ႏိုင္ငံျခားသားေတြအပါအဝင္ သုံးဦးေသဆုံးခဲ့ပါတယ္။ယခုကားဗုံးေဖာက္ခြဲမႈအတြက္ ဘယ္အဖြဲ႕က မွ ၎တို႔လက္ခ်က္လို႔ ဝန္မခံထားပါဘူး။

Linko
Ref:Xinhua
မိုဂါဒစ္ရႈး၊စက္တင္ဘာ ၁၉