မိုးနေး၏အင်ပရက်ရှင်းရှုခင်း‘ Meules’ ပန်းချီကားကို လေလံဆွဲသူ ရှစ်ဦးက Sotheby’s လေလံပွဲတွင် ကန်ဒေါ်လာ သန်း၁၁၀ကျော်ဖြင့် အပြိုင်အဆိုင်လေလံဆွဲ

 မိုးနေး၏အင်ပရက်ရှင်းရှုခင်း‘ Meules’ ပန်းချီကားကို  လေလံဆွဲသူ ရှစ်ဦးက Sotheby’s လေလံပွဲတွင် ကန်ဒေါ်လာ သန်း၁၁၀ကျော်ဖြင့် အပြိုင်အဆိုင်လေလံဆွဲ

Haystacks စီးရီးထဲက ကလော်ဒီမိုးနေး ၏ ပန်းချီကားကို နယူးယောက်မြို့က Sotheby’s လေလံ တင်ပွဲမှာ တင်ပြရောင်းချခဲ့ပါတယ်။ ဒီပန်းချီကားဟာ ပထမပိုင်ရှင်ဖြစ်သူက ၁၉၈၆ ခုနှစ်က ကန်ဒေါ်လာ ၂ ဒသမ ၅၃ သန်းနဲ့ လေလံဆွဲထားခဲ့တာပါ။

Sotheby's လေလံပွဲ မှာ ကန်ဒေါ်လာ ၁၁၀ဒသမ ၇ သန်း စံချိန်တင်ရောင်းချခဲ့ရတဲ့ Meules လို့အ မည်ရတဲ့ ပန်းချီကားဟာ မိုးနေးရဲ့ ပန်းချီကားတွေထဲမှာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ပန်းချီကားဘဲလို့ လေလံပွဲ စီစဉ်တွေက ဆိုပါတယ်။ဒီပန်းချီကားဟာ  ရှုခင်းပန်းချီကား လည်းဖြစ်ပါတယ်။

အင်ပရက်ရှင်းအမျိုးအစားပန်းချီကားဖြစ်တဲ့ ကမ္ဘာကျော် ပန်းချီဆရာကလော်ဒီမိုးနေးရဲ့ Meules  ရှုခင်းပန်းချီကားဈေးနူန်းက အင်ပရက်ရှင်းပန်းချီကားထဲ ပထမဆုံးကန်ဒေါ်လာ သန်း၁၀၀ ကျော်ခဲ့တဲ့ စံချိန်တင်ဈေးပါဘဲ။ ဒီလေလံပွဲက စိတ်ဝင်စားစရာပါ။ နောက်ဆုံးစံချိန်တင်လေလံဈေးမ ရောက် ခင် အထိ အပြိုင်အဆိုင် လေလံဆွဲသူရှစ်ဦးဟာ ၈ မိနစ်ကြာ အပြိုင်အဆိုင်လေလံဆွဲခဲ့လို့ စိတ်လှုပ်ရှား စရာကောင်း ခဲ့ပါတယ်။

၁၈၉၀ ခုနှစ်က ကင်းဗက်ပေါ် ဆီဆေးနဲ့ ဆွဲခဲ့တဲ့ Haystacks စီးရီးထဲက ဒါဟာ ယခုရာစုနှစ်ထံ ပထမဆုံးလေလံဆွဲရောင်းချတဲ့ တစ်ခုတည်းသော ပန်းချီကားပါဘဲ။

Linko
Ref:dw.com
နယူးယောက်၊မေ ၁၅

(  Zawgyi  )

Haystacks စီးရီးထဲက ကေလာ္ဒီမိုးေနး ၏ ပန္းခ်ီကားကို နယူးေယာက္ၿမိဳ႕က Sotheby’s ေလလံ တင္ပြဲမွာ တင္ျပေရာင္းခ်ခဲ့ပါတယ္။ ဒီပန္းခ်ီကားဟာ ပထမပိုင္ရွင္ျဖစ္သူက ၁၉၈၆ ခုႏွစ္က ကန္ေဒၚလာ ၂ ဒသမ ၅၃ သန္းနဲ႔ ေလလံဆြဲထားခဲ့တာပါ။

Sotheby's ေလလံပြဲ မွာ ကန္ေဒၚလာ ၁၁၀ဒသမ ၇ သန္း စံခ်ိန္တင္ေရာင္းခ်ခဲ့ရတဲ့ Meules လို႔အ မည္ရတဲ့ ပန္းခ်ီကားဟာ မိုးေနးရဲ႕ ပန္းခ်ီကားေတြထဲမွာ ကမာၻ႔စံခ်ိန္တင္ခဲ့တဲ့ ပန္းခ်ီကားဘဲလို႔ ေလလံပြဲ စီစဥ္ေတြက ဆိုပါတယ္။ဒီပန္းခ်ီကားဟာ  ရႈခင္းပန္းခ်ီကား လည္းျဖစ္ပါတယ္။

အင္ပရက္ရွင္းအမ်ိဳးအစားပန္းခ်ီကားျဖစ္တဲ့ ကမာၻေက်ာ္ ပန္းခ်ီဆရာကေလာ္ဒီမိုးေနးရဲ႕ Meules  ရႈခင္းပန္းခ်ီကားေဈးႏူန္းက အင္ပရက္ရွင္းပန္းခ်ီကားထဲ ပထမဆုံးကန္ေဒၚလာ သန္း၁၀၀ ေက်ာ္ခဲ့တဲ့ စံခ်ိန္တင္ေဈးပါဘဲ။ ဒီေလလံပြဲက စိတ္ဝင္စားစရာပါ။ ေနာက္ဆုံးစံခ်ိန္တင္ေလလံေဈးမ ေရာက္ ခင္ အထိ အၿပိဳင္အဆိုင္ ေလလံဆြဲသူရွစ္ဦးဟာ ၈ မိနစ္ၾကာ အၿပိဳင္အဆိုင္ေလလံဆြဲခဲ့လို႔ စိတ္လႈပ္ရွား စရာေကာင္း ခဲ့ပါတယ္။

၁၈၉၀ ခုႏွစ္က ကင္းဗက္ေပၚ ဆီေဆးနဲ႔ ဆြဲခဲ့တဲ့ Haystacks စီးရီးထဲက ဒါဟာ ယခုရာစုႏွစ္ထံ ပထမဆုံးေလလံဆြဲေရာင္းခ်တဲ့ တစ္ခုတည္းေသာ ပန္းခ်ီကားပါဘဲ။

Linko
Ref:dw.com
နယူးေယာက္၊ေမ ၁၅