မီးခိုးမြူတွေ ကူးစက်လာမှုကြောင့် မလေးရှား စာသင်ကျောင်းတချို့ ပိတ်ထားရမှု အင်ဒိုနီးရှားအပေါ် အပြစ်တင်

မီးခိုးမြူတွေ ကူးစက်လာမှုကြောင့် မလေးရှား စာသင်ကျောင်းတချို့ ပိတ်ထားရမှု အင်ဒိုနီးရှားအပေါ် အပြစ်တင်

အင်ဒိုနီးရှား တောမီးကြောင့် ပျံ့နှံ့လာတဲ့ မီးခိုးမြူတွေကြောင့် မလေးရှားနိုင်ငံ တချို့နေရာတွေက စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ မလေးရှားဘက်က စွပ်စွဲပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ‘အဲဒီမီးမြူခိုးတွေက မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွင်း လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် ဖြစ်ရတာလည်း ပါတယ်’ ဆိုပြီး အခုလ ၁၁ ရက်နေ့မှာ ပြန်လည်ချေပခဲ့ပါတယ်။

မလေးရှားနိုင်ငံက ဒေသတချို့မှာ မြူထူထပ်စွာ ကျရောက်မှုကြောင့် ဒီသီတင်းပတ်ထဲ အဲဒီနေရာတွေမှာရှိနေတဲ့ စာသင်ကျောင်းရာချီ ပိတ်ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။အင်ဒိုနီးရှားအစိုးရအနေနဲ့လည်း တောမီးကြောင့် ဖြစ်ပေါ်လာတဲ့ လေထုအရည်အသွေး ပြန်ကောင်းအောင်လုပ်ဖို့ စနစ်တကျ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း အင်ဒိုနီးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Siti Nurbaya Bakar ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မလေးရှားမှာဖြစ်တဲ့ မီးခိုးမြူတွေဟာ မလေးရှားကျွန်းဆွယ် Sarawak ပြည်နယ်က အစပြုတာဖြစ်လို့ မလေးရှားအစိုးရအနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ရှင်းပြဖို့ကောင်းတယ်’ လို့လည်း သူက ပြန်စွပ်စွဲပါတယ်။

မလေးရှား ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးကတော့ သူ့ရဲ့ လူမှုကွန်ရက်မှာ အာဆီယံ မိုးလေဝသစင်တာ (ASMC) က ရတဲ့ အချက်အလက်တွေနဲ့တကွ အချက်အလက်တွေက စကားပြောမယ်ဆိုတဲ့အကြောင်း၊ အင်ဒိုနီးရှားဝန်ကြီးအနေနဲ့ မငြင်းသင့်ဘူးလို့ဆိုပြီး တုံ့ပြန်တာတွေ့ရပါတယ်။

အဲဒီသတင်းအချက်အလက်တွေမှာ ဆူမားတြားကျွန်းမှာ တောမီး ၃၈၇ ခု၊ ဘော်နီယိုကျွန်းစု Kalimantan ကျွန်းမှာ ၄၇၄ ခု လောင်ကျွမ်းနေပြီး၊ မလေးရှားနယ်ထဲမှာတော့ တောမီး ၇ ခုလောက်ပဲ လောင်ကျွမ်းတယ်လို့ ဖော်ပြထားပါတယ်။

ရည်မွန်
ဂျာကာတာ၊ စက်တင်ဘာ ၁၂
Ref: The guardian

( Zawgyi )

အင္ဒိုနီးရွား ေတာမီးေၾကာင့္ ပ်ံ႕ႏွံ႔လာတဲ့ မီးခိုးျမဴေတြေၾကာင့္ မေလးရွားႏိုင္ငံ တခ်ိဳ႕ေနရာေတြက စာသင္ေက်ာင္းေတြ ပိတ္ထားရတယ္လို႔ မေလးရွားဘက္က စြပ္စြဲပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အင္ဒိုနီးရွား ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးက ‘အဲဒီမီးျမဴခိုးေတြက မေလးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံတြင္း ေလာင္ကြၽမ္းေနတဲ့ ေတာမီးေတြေၾကာင့္ ျဖစ္ရတာလည္း ပါတယ္’ ဆိုၿပီး အခုလ ၁၁ ရက္ေန႔မွာ ျပန္လည္ေခ်ပခဲ့ပါတယ္။

မေလးရွားႏိုင္ငံက ေဒသတခ်ိဳ႕မွာ ျမဴထူထပ္စြာ က်ေရာက္မႈေၾကာင့္ ဒီသီတင္းပတ္ထဲ အဲဒီေနရာေတြမွာရွိေနတဲ့ စာသင္ေက်ာင္းရာခ်ီ ပိတ္ပစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။အင္ဒိုနီးရွားအစိုးရအေနနဲ႔လည္း ေတာမီးေၾကာင့္ ျဖစ္ေပၚလာတဲ့ ေလထုအရည္အေသြး ျပန္ေကာင္းေအာင္လုပ္ဖို႔ စနစ္တက် ႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔လည္း အင္ဒိုနီးရွား ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး Siti Nurbaya Bakar ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ပါရွိပါတယ္။

မေလးရွားမွာျဖစ္တဲ့ မီးခိုးျမဴေတြဟာ မေလးရွားကြၽန္းဆြယ္ Sarawak ျပည္နယ္က အစျပဳတာျဖစ္လို႔ မေလးရွားအစိုးရအေနနဲ႔ ဓမၼဓိ႒ာန္က်က် ရွင္းျပဖို႔ေကာင္းတယ္’ လို႔လည္း သူက ျပန္စြပ္စြဲပါတယ္။

မေလးရွား ပတ္ဝန္က်င္ထိန္းသိမ္းေရးဝန္ႀကီးကေတာ့ သူ႔ရဲ႕ လူမႈကြန္ရက္မွာ အာဆီယံ မိုးေလဝသစင္တာ (ASMC) က ရတဲ့ အခ်က္အလက္ေတြနဲ႔တကြ အခ်က္အလက္ေတြက စကားေျပာမယ္ဆိုတဲ့အေၾကာင္း၊ အင္ဒိုနီးရွားဝန္ႀကီးအေနနဲ႔ မျငင္းသင့္ဘူးလို႔ဆိုၿပီး တုံ႔ျပန္တာေတြ႕ရပါတယ္။

အဲဒီသတင္းအခ်က္အလက္ေတြမွာ ဆူမားၾတားကြၽန္းမွာ ေတာမီး ၃၈၇ ခု၊ ေဘာ္နီယိုကြၽန္းစု Kalimantan ကြၽန္းမွာ ၄၇၄ ခု ေလာင္ကြၽမ္းေနၿပီး၊ မေလးရွားနယ္ထဲမွာေတာ့ ေတာမီး ၇ ခုေလာက္ပဲ ေလာင္ကြၽမ္းတယ္လို႔ ေဖာ္ျပထားပါတယ္။

ရည္မြန္
ဂ်ာကာတာ၊ စက္တင္ဘာ ၁၂
Ref: The guardian