မြန်မာနိုင်ငံ၏ အားထုတ်မှုများကို အခိုင်အမာထောက်ခံမည်ဟု ရှီ ပြော

မြန်မာနိုင်ငံ၏ အားထုတ်မှုများကို အခိုင်အမာထောက်ခံမည်ဟု ရှီ ပြော

မြန်မာနိုင်ငံသည် ၎င်း၏ အမျိုးသားအခြေအနေများနှင့် သင့်တော်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အခိုင်အမာထောက်ခံကြောင်း သမ္မတရှီ ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း ထိုသို့ပြောခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ကဲ့သို့သော ပြဿနာများတွင် တရုတ်နိုင်ငံက ထောက်ခံနားလည်သည်ကို မြန်မာနိုင်ငံမှ ပြည်သူများက ကျေးဇူးတင်ကြောင်း သမ္မတဦးဝင်းမြင့် ပြောသည်။၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခြင်းအတွက် ရှီ ကို ကျေးဇူးတင်ကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေအနေ မည်သို့ပြောင်းသည်ဖြစ်စေ အစိုးရသည် တရုတ် - မြန်မာ ဆက်ဆံရေးကို လွန်စွာအရေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသည်။

တရုတ် - မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း ရှီ ပြောသည်။နှစ်နိုင်ငံတို့၏ စီးပွားရေးများသည် တစ်ခုနှင့် တစ်ခု မြင့်မားစွာ မိတ်ဖက်ဖြစ်သောကြောင့် အနာဂါတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် နေရာများစွာရှိသေးကြောင်း ပြောသည်။

“မြန်မာနိုင်ငံဟာ ရပ်ဝန်းနဲ့ လမ်း အစီအစဉ်အတွက် အဓိကမိတ်ဖက်နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့နှစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာစုစည်းမှုကို အကျိုးရှိရှိ အသုံးချသင့်တယ်။ကုန်သွယ်ရေးနဲ့ စီးပွားရေးဖလှယ်မှု ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ကျနော်တို့ရဲ့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို စွမ်းအားသစ်တွေ ယူဆောင်လာပေးဖို့လိုတယ်။ကျနော်တို့နှစ်ဖက်အနေနဲ့ ရလဒ်အခြေပြု ရပ်ဝန်းနဲ့ လမ်း အစီအစဉ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လိုတယ်” ဟု ရှီ ပြောသည်။

၎င်းတို့သည် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် လမ်း အစီအစဉ်ကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများအတွက် ခိုင်မာသော အကျိုးကျေးဇူးများကို ယူဆောင်မည်ဖြစ်ကြောင်း မြန်မာခေါင်းဆောင်များ ပြောသည်။

သောကြာနေ့က ကျင်းပသော နိုင်ငံတော်အခမ်းအနားသည် တရုတ် - မြန်မာ သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် အခမ်းအနားနှင့် တရုတ် - မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားနှင့် စတင်ထူထောင်သည့် အခမ်းအနားဖြစ်သည်။

သမ္မတရှီနှင့် မြန်မာခေါင်းဆောင်များသည် ထိုအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

Linko
Ref : CTGN
ဘေကျင်း၊ ဇန်နဝါရီ - ၁၈

( Zawgyi )

ျမန္မာႏိုင္ငံသည္ ၎၏ အမ်ိဳးသားအေျခအေနမ်ားႏွင့္ သင့္ေတာ္သည့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဆာင္႐ြက္ရာတြင္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို အခိုင္အမာေထာက္ခံေၾကာင္း သမၼတရွီ ေျပာသည္။

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံေတာ္ခရီးစဥ္အတြင္း ထိုသို႔ေျပာျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္ကဲ့သို႔ေသာ ျပႆနာမ်ားတြင္ တ႐ုတ္ႏိုင္ငံက ေထာက္ခံနားလည္သည္ကို ျမန္မာႏိုင္ငံမွ ျပည္သူမ်ားက ေက်းဇူးတင္ေၾကာင္း သမၼတဦးဝင္းျမင့္ ေျပာသည္။၂၀၂၀ ခုႏွစ္တြင္ ျမန္မာႏိုင္ငံကို ပထမဆုံးလာေရာက္ျခင္းအတြက္ ရွီ ကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ျပည္တြင္းအေျခအေန မည္သို႔ေျပာင္းသည္ျဖစ္ေစ အစိုးရသည္ တ႐ုတ္ - ျမန္မာ ဆက္ဆံေရးကို လြန္စြာအေရးထားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာသည္။

တ႐ုတ္ - ျမန္မာ ပူးေပါင္းေဆာင္႐ြက္မႈ တိုးခ်ဲ႕ရန္လည္း ရွီ ေျပာသည္။ႏွစ္ႏိုင္ငံတို႔၏ စီးပြားေရးမ်ားသည္ တစ္ခုႏွင့္ တစ္ခု ျမင့္မားစြာ မိတ္ဖက္ျဖစ္ေသာေၾကာင့္ အနာဂါတ္ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ေနရာမ်ားစြာရွိေသးေၾကာင္း ေျပာသည္။

“ျမန္မာႏိုင္ငံဟာ ရပ္ဝန္းနဲ႔ လမ္း အစီအစဥ္အတြက္ အဓိကမိတ္ဖက္ႏိုင္ငံျဖစ္တဲ့အတြက္ က်ေနာ္တို႔ႏွစ္ႏိုင္ငံဟာ ဖြံ႕ၿဖိဳးတိုးတက္ေရး ေသနဂၤဗ်ဴဟာစုစည္းမႈကို အက်ိဳးရွိရွိ အသုံးခ်သင့္တယ္။ကုန္သြယ္ေရးနဲ႔ စီးပြားေရးဖလွယ္မႈ ပိုမိုနက္ရႈိင္းေအာင္ လုပ္ေဆာင္ျခင္းအားျဖင့္ က်ေနာ္တို႔ရဲ႕ ႏွစ္ဦးႏွစ္ဖက္ဆက္ဆံေရးကို စြမ္းအားသစ္ေတြ ယူေဆာင္လာေပးဖို႔လိုတယ္။က်ေနာ္တို႔ႏွစ္ဖက္အေနနဲ႔ ရလဒ္အေျချပဳ ရပ္ဝန္းနဲ႔ လမ္း အစီအစဥ္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ဖို႔လိုတယ္” ဟု ရွီ ေျပာသည္။

၎တို႔သည္ တ႐ုတ္ႏိုင္ငံႏွင့္ ရပ္ဝန္းႏွင့္ လမ္း အစီအစဥ္ကို ဆက္လက္ေထာက္ခံမည္ျဖစ္ေၾကာင္း ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ကာ ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ ခိုင္မာေသာ အက်ိဳးေက်းဇူးမ်ားကို ယူေဆာင္မည္ျဖစ္ေၾကာင္း ျမန္မာေခါင္းေဆာင္မ်ား ေျပာသည္။

ေသာၾကာေန႔က က်င္းပေသာ ႏိုင္ငံေတာ္အခမ္းအနားသည္ တ႐ုတ္ - ျမန္မာ သံတမန္ ဆက္ဆံေရးထူေထာင္သည့္ ႏွစ္ ၇၀ ျပည့္ အခမ္းအနားႏွင့္ တ႐ုတ္ - ျမန္မာ ယဥ္ေက်းမႈႏွင့္ ခရီးသြားႏွင့္ စတင္ထူေထာင္သည့္ အခမ္းအနားျဖစ္သည္။

သမၼတရွီႏွင့္ ျမန္မာေခါင္းေဆာင္မ်ားသည္ ထိုအခမ္းအနားကို တက္ေရာက္ခဲ့ၾကသည္။

Linko
Ref : CTGN
ေဘက်င္း၊ ဇန္နဝါရီ - ၁၈