မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ထပ်မံပစ်လွှတ်

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ထပ်မံပစ်လွှတ်

တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဇူလိုင် ၃၁ ရက်က မြောက်ကိုရီးယားဘက်က ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုဟာ တစ်ပတ်မပြည့်မီ ဒုတိယအကြိမ် ပစ်လွှတ်ခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ယခုဒုံးကျည်များကို နိုင်ငံအရှေ့ပိုင်း ဝန်ဆန်ဆိပ်ကမ်းမြို့အနီးက ပစ်လွှတ်ခဲ့တာဖြစ်ပြီး အကွာအဝေး ၂၅၀ ကီလိုမီတာနှင့် အမြင့် ၃၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဆိုပါတယ်။

တောင်ကိုရီးယားက အမေရိကန်လက်နက်များကို ဝယ်ယူဖို့ ဆုံးဖြတ်ခြင်းနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းအပေါ် တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ၆ ရက်က တစ်ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။အဆိုပါ ဒုံးကျည်များဟာ ဇူလိုင် ၃၁ ရက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်များနဲ့ တူ၊ မတူကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။ပထမအကြိမ် ဒုံးကျည်များကတော့ ရုရှားနိုင်ငံမှာ ထုတ်လုပ်ပြီး မြောက်ကိုရီးယားက ပြန်လည်ပြင်ဆင်ထားတဲ့ Iskandar တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မေလအတွင်းကလည်း ဒုံးကျည်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ပစ်လွှတ်မှုများဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် ပုံစံတူဖိအားပေးပြီး နျူကလီးယား ဆွေးနွေးမှုများကို လုံးဝပျက်စီးမသွားစေဘဲ သတိထားလုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ဒီနှစ်နှောင်းပိုင်းမှာ  စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ခဲ့မယ်ဆိုရင်တော့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များနဲ့ နျူကလီးယားစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားက ကြေညာထားပါတယ်။

လုပ်ငန်းဆောင်ရွက်မှုအဆင့် နျူကလီးယားဆွေးနွေးမှုတွေကို ပြန်လည်စတင်မှာ မဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ “ကျွန်တော်နဲ့ သူ ဆက်ဆံရေးကောင်းပါတယ်။ကျွန်တော် သူ့ကိုသဘောကျသလို သူကလည်း ကျွန်တော့်ကို သဘောကျတယ်။ဘာဖြစ်မလဲဆိုတာ ဆက်ကြည့်မယ်လေ” ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်များ အစီအစဉ်ကို တားမြစ်ထားသေ်ာလည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အဆိုပါ ပစ်လွှတ်မှုများအပေါ် ပြင်းထန်စွာကန့်ကွက်ထားခြင်း မရှိပါဘူး။

Linko
Ref : VOA
ဆိုးလ်၊ ဇူလိုင် - ၃၁

( Zawgyi )

တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ ၂ စင္းကို ဇူလိုင္ ၃၁ ရက္က ေျမာက္ကိုရီးယားဘက္က ထပ္မံပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယား စစ္တပ္က ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ပစ္ခတ္မႈဟာ တစ္ပတ္မျပည့္မီ ဒုတိယအႀကိမ္ ပစ္လႊတ္ျခင္းျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ယခုဒုံးက်ည္မ်ားကို ႏိုင္ငံအေရွ႕ပိုင္း ဝန္ဆန္ဆိပ္ကမ္းၿမိဳ႕အနီးက ပစ္လႊတ္ခဲ့တာျဖစ္ၿပီး အကြာအေဝး ၂၅၀ ကီလိုမီတာႏွင့္ အျမင့္ ၃၀ ကီလိုမီတာအထိ ေရာက္ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္က ဆိုပါတယ္။

ေတာင္ကိုရီးယားက အေမရိကန္လက္နက္မ်ားကို ဝယ္ယူဖို႔ ဆုံးျဖတ္ျခင္းနဲ႔ ပူးေပါင္းစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ျခင္းအေပၚ တုံ႔ျပန္တဲ့အေနနဲ႔ ေျမာက္ကိုရီးယားဟာ လြန္ခဲ့တဲ့ ၆ ရက္က တစ္ႀကိမ္ စမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။အဆိုပါ ဒုံးက်ည္မ်ားဟာ ဇူလိုင္ ၃၁ ရက္က ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္မ်ားနဲ႔ တူ၊ မတူကိုေတာ့ လတ္တေလာမွာ မသိရွိရေသးပါဘူး။ပထမအႀကိမ္ ဒုံးက်ည္မ်ားကေတာ့ ႐ုရွားႏိုင္ငံမွာ ထုတ္လုပ္ၿပီး ေျမာက္ကိုရီးယားက ျပန္လည္ျပင္ဆင္ထားတဲ့ Iskandar တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္မ်ား ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႔ ေမလအတြင္းကလည္း ဒုံးက်ည္စမ္းသပ္မႈကို လုပ္ေဆာင္ခဲ့ၿပီး ယင္းသို႔ ပစ္လႊတ္မႈမ်ားဟာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔အေပၚ ပုံစံတူဖိအားေပးၿပီး န်ဴကလီးယား ေဆြးေႏြးမႈမ်ားကို လုံးဝပ်က္စီးမသြားေစဘဲ သတိထားလုပ္ေဆာင္ခဲ့ပါတယ္။

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ စီစဥ္ထားတဲ့အတိုင္း ဒီႏွစ္ေႏွာင္းပိုင္းမွာ  စစ္ေရးေလ့က်င့္မႈေတြကို လုပ္ခဲ့မယ္ဆိုရင္ေတာ့ တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္မ်ားနဲ႔ န်ဴကလီးယားစမ္းသပ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားက ေၾကညာထားပါတယ္။

လုပ္ငန္းေဆာင္႐ြက္မႈအဆင့္ န်ဴကလီးယားေဆြးေႏြးမႈေတြကို ျပန္လည္စတင္မွာ မဟုတ္ဘူးလို႔လည္း ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားထားပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေတာ့ “ကြၽန္ေတာ္နဲ႔ သူ ဆက္ဆံေရးေကာင္းပါတယ္။ကြၽန္ေတာ္ သူ႔ကိုသေဘာက်သလို သူကလည္း ကြၽန္ေတာ့္ကို သေဘာက်တယ္။ဘာျဖစ္မလဲဆိုတာ ဆက္ၾကည့္မယ္ေလ” ဟု ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္ ကို ရည္ၫႊန္းၿပီး ေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မ်ားအရ ေျမာက္ကိုရီးယားရဲ႕ ပဲ့ထိန္းဒုံးက်ည္မ်ား အစီအစဥ္ကို တားျမစ္ထားေသ္ာလည္း ေဆြးေႏြးမႈမ်ား ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ အဆိုပါ ပစ္လႊတ္မႈမ်ားအေပၚ ျပင္းထန္စြာကန႔္ကြက္ထားျခင္း မရွိပါဘူး။

Linko
Ref : VOA
ဆိုးလ္၊ ဇူလိုင္ - ၃၁