မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ဒုံးကျည် ၂ စင်းပစ်လွှတ်

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ဒုံးကျည် ၂ စင်းပစ်လွှတ်

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ရေပြင်အတွင်းသို့ သြဂုတ် ၁၆ ရက်က အမည်မသိ ဒုံးကျည် နှစ်စင်းကို ပစ်လွှတ် လိုက်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနက  ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ယခုပစ်လွှတ်မှုဟာ ရက်သတ္တပတ် သုံးပတ်အတွင်း ခြောက်ကြိမ် မြောက် စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ယင်းဒုံးကျည် များ ကို ကမ်းရိုးတန်းအနီး ကမ်ဝန်ခရိုင်၊ တောင်ချွန်းမြို့အနီးမှ အရှေ့ပင်လယ်ခေါ် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း  တောင်ကိုရီးယား စစ်တပ်က ဖော်ပြပါတယ်။

“မိမိတို့အနေနဲ့ အသင့်အနေအထားမှာ ပစ်ခတ်မှုတွေ ထပ်လုပ်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်နေပါတယ်” ဟု အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားပါတယ်။ယခုကာလအတွင်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကိ ကန့်ကွက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က သတိပေးထားပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်တိုက်ခိုက်မှုအတွက် ဇာတ်တိုက်လေ့ကျင့်မှုများဖြစ်ကြောင်း မြောက်ကိုရီးယားက ကန့်ကွက်လေ့ရှိ ပါတယ်။နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် သဘောထားကို ဖော်ပြထားသော တောင်ကိုရီးယား သမ္မတမွန်ဂျေအင်း၏ သြဂုတ် ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သဘောထားမှတ်ချက်များကို ကန့်ကွက်ကြောင်း မြောက်ကိုရီးယား၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး ကော်မတီက သြဂုတ် ၁၆ ရက်မှ ထုတ်ပြန်လိုက်ပြီး တောင်ကိုရီးယား အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယားသမ္မတက ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ရဲ့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည့် နှစ်ပတ်လည်အခမ်းအနားမှာ ၂၀၄၅ ခုနှစ်မတိုင်မီ တောင်နှင့် မြောက်နှစ်နိုင်ငံ ပေါင်းစည်း နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ သူရဲ့ ငါးနှစ် သမ္မတသက်တမ်းကတော့ ၂၀၂၂ ခုနှစ်မှ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Linko
Ref: aljazeera.com
ဆိုးလ်၊သြဂုတ် ၁၆

(  Zawgyi  )

 ေျမာက္ကိုရီးယားက အေရွ႕ဘက္ကမ္း႐ိုးတန္း ပင္လယ္ေရျပင္အတြင္းသို႔ ၾသဂုတ္ ၁၆ ရက္က အမည္မသိ ဒုံးက်ည္ ႏွစ္စင္းကို ပစ္လႊတ္ လိုက္ေၾကာင္း ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးဌာနက  ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။

ယခုပစ္လႊတ္မႈဟာ ရက္သတၱပတ္ သုံးပတ္အတြင္း ေျခာက္ႀကိမ္ ေျမာက္ စမ္းသပ္ ပစ္လႊတ္ခဲ့ျခင္း ျဖစ္ပါတယ္။ယင္းဒုံးက်ည္ မ်ား ကို ကမ္း႐ိုးတန္းအနီး ကမ္ဝန္ခ႐ိုင္၊ ေတာင္ခြၽန္းၿမိဳ႕အနီးမွ အေရွ႕ပင္လယ္ေခၚ ဂ်ပန္ပင္လယ္ျပင္အတြင္းသို႔ ပစ္လႊတ္ခဲ့ျခင္း ျဖစ္ေၾကာင္း  ေတာင္ကိုရီးယား စစ္တပ္က ေဖာ္ျပပါတယ္။

“မိမိတို႔အေနနဲ႔ အသင့္အေနအထားမွာ ပစ္ခတ္မႈေတြ ထပ္လုပ္ဦးမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ေနပါတယ္” ဟု အဆိုပါ ေၾကညာ ခ်က္တြင္ ေဖာ္ျပထားပါတယ္။ယခုကာလအတြင္း ဒုံးက်ည္စမ္းသပ္ ပစ္လႊတ္မႈမ်ားသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲ စစ္ေရး ေလ့က်င့္မႈမ်ားကိ ကန႔္ကြက္ျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္က သတိေပးထားပါတယ္။

အဆိုပါ စစ္ေရးေလ့က်င့္မႈမ်ားသည္ က်ဴးေက်ာ္တိုက္ခိုက္မႈအတြက္ ဇာတ္တိုက္ေလ့က်င့္မႈမ်ားျဖစ္ေၾကာင္း ေျမာက္ကိုရီးယားက ကန႔္ကြက္ေလ့ရွိ ပါတယ္။ႏွစ္ႏိုင္ငံ ျပန္လည္ေပါင္းစည္းေရးအတြက္ သေဘာထားကို ေဖာ္ျပထားေသာ ေတာင္ကိုရီးယား သမၼတမြန္ေဂ်အင္း၏ ၾသဂုတ္ ၁၅ ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ သေဘာထားမွတ္ခ်က္မ်ားကို ကန႔္ကြက္ေၾကာင္း ေျမာက္ကိုရီးယား၏ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္ေပါင္းစည္းေရး ေကာ္မတီက ၾသဂုတ္ ၁၆ ရက္မွ ထုတ္ျပန္လိုက္ၿပီး ေတာင္ကိုရီးယား အာဏာပိုင္မ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ မရွိဘူးလို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားသမၼတက ၁၉၁၀ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္အထိ ဂ်ပန္တို႔ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွ လြတ္ေျမာက္ခဲ့သည့္ ႏွစ္ပတ္လည္အခမ္းအနားမွာ ၂၀၄၅ ခုႏွစ္မတိုင္မီ ေတာင္ႏွင့္ ေျမာက္ႏွစ္ႏိုင္ငံ ေပါင္းစည္း ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။ သူရဲ႕ ငါးႏွစ္ သမၼတသက္တမ္းကေတာ့ ၂၀၂၂ ခုႏွစ္မွ ၿပီးဆုံးမွာ ျဖစ္ပါတယ္။

Linko
Ref: aljazeera.com
ဆိုးလ္၊ၾသဂုတ္ ၁၆