မြောက်ကိုရီးယားစစ်သားတစ်ဦး တောင်ကိုရီးယားဘက် ထွက်ပြေး

မြောက်ကိုရီးယားစစ်သားတစ်ဦး တောင်ကိုရီးယားဘက် ထွက်ပြေး

စစ်မဲ့ဇုန်ကိုဖြတ်ပြီးတောင်ကိုရီးယားဘက်ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားစစ်သားတစ်ဦးကို စစ်တပ်က ထိန်းသိမ်းထားကြောင်း သြဂုတ်လ ၁ ရက်ဒီကနေ့မှာ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်သားက သူဒီလိုထွက်ပြေးရတဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ည က တောင်ကိုရီးယားနိုင်ငံ ပိုင်နက် Imhin မြစ်အနီးမှာ တောင်ဘက်ကိုလာနေတဲ့ အမည်မသိ မြောက်ကိုရီးယားစစ်သည်တစ်ဦးကို စုံစမ်းသိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ တစ်နေ့တည်း မှာပဲ တောင်ကိုရီးယားစစ်တပ်က တောင်မြောက်နယ်စပ်စစ်မဲ့ဇုန်အနီးမှာ ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပြီး၊ အဲဒီအလောင်းက မြောက်ကိုရီးယားအရပ်သားတစ်ဦး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါတယ်။

စစ်သားဝတ်ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ အဲဒီသေဆုံးသူကို Imjin မြစ်ထဲမှာ တွေ့ခဲ့ပြီး၊ သေဆုံးတာ အနည်းဆုံး ၂ ပတ်လောက်ရှိပြီလို့လည်း တောင်ကိုရီးယားယွန်ဟပ်သတင်းက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့တုန်းကလည်း တောင်ကိုရီးယားရေပိုင်နက်ထဲကျူးဝင်လာတဲ့ မြောက်ကိုရီးယားငါးဖမ်းလှေပေါ်ပါသူ တံငါသည် ၃ ဦးကို တောင်ကိုရီးယားက ပြန်လွှဲပေးခဲ့ပါတယ်။ သူတို့က မြောက်ကိုရီးယားကနေ ထွက်ပြေး ချင်တာဖြစ်နိုင်ပေမဲ့ နောက်ဆုံးမြောက်ကိုရီးယားကိုပြန်ဖို့ ရွေးချယ်လိုက်ရတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက သုံးသပ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း မြောက်ကိုရီးယားလူမျိုးရာချီပြီး တောင်ဘက်ထွက်ပြေးဖို့ကြိုးစားပေမဲ့ နယ်ခြားစောင့်တပ်တွေထူထပ်စွာချထားတဲ့ စစ်မဲ့ဇုန်ကို ခွင့်ပြုချက်မရဘဲဖြတ်ကျော်တာ အင်မတန်ရှားပါတယ်။ အဲဒီမှာ တောင်-မြောက်နှစ်ဖက်စလုံးက အစောင့်တပ်တွေအပြင် မြေမြှုပ်မိုင်းတွေ၊ ဆူးခြံစည်းရိုးတွေနဲ့ ကင်းစခန်းတွေအပြင် လက်နက်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ အခုဖြစ်ရပ် မတိုင်ခင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ တုန်း ကလည်း မြောက်ကိုရီးယားစစ်သည်တစ်ဦး စစ်မဲ့ဇုန်ကိုဖြတ်ပြေးလာတယ်လို့ သိရပါတယ်။

ရည်မွန်
Ref: Reuters
ဆိုးလ်၊ သြဂုတ် ၁

(  Zawgyi  )

 စစ္မဲ့ဇုန္ကိုျဖတ္ၿပီးေတာင္ကိုရီးယားဘက္ထြက္ေျပးလာတဲ့ ေျမာက္ကိုရီးယားစစ္သားတစ္ဦးကို စစ္တပ္က ထိန္းသိမ္းထားေၾကာင္း ၾသဂုတ္လ ၁ ရက္ဒီကေန႔မွာ ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္အဖြဲ႕က ထုတ္ျပန္ပါတယ္။

အဲဒီစစ္သားက သူဒီလိုထြက္ေျပးရတဲ့ရည္႐ြယ္ခ်က္ကိုလည္း ေျပာျပတယ္လို႔ ဆိုပါတယ္။ ဇူလိုင္ ၃၁ ရက္ေန႔ည က ေတာင္ကိုရီးယားႏိုင္ငံ ပိုင္နက္ Imhin ျမစ္အနီးမွာ ေတာင္ဘက္ကိုလာေနတဲ့ အမည္မသိ ေျမာက္ကိုရီးယားစစ္သည္တစ္ဦးကို စုံစမ္းသိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီ တစ္ေန႔တည္း မွာပဲ ေတာင္ကိုရီးယားစစ္တပ္က ေတာင္ေျမာက္နယ္စပ္စစ္မဲ့ဇုန္အနီးမွာ ႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိခဲ့ၿပီး၊ အဲဒီအေလာင္းက ေျမာက္ကိုရီးယားအရပ္သားတစ္ဦး ျဖစ္ႏိုင္တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနေျပာခြင့္ရသူက ေျပာပါတယ္။

စစ္သားဝတ္ေဘာင္းဘီတိုဝတ္ဆင္ထားတဲ့ အဲဒီေသဆုံးသူကို Imjin ျမစ္ထဲမွာ ေတြ႕ခဲ့ၿပီး၊ ေသဆုံးတာ အနည္းဆုံး ၂ ပတ္ေလာက္ရွိၿပီလို႔လည္း ေတာင္ကိုရီးယားယြန္ဟပ္သတင္းက ထုတ္ျပန္ပါတယ္။ ဇူလိုင္ ၂၉ ရက္ေန႔တုန္းကလည္း ေတာင္ကိုရီးယားေရပိုင္နက္ထဲက်ဴးဝင္လာတဲ့ ေျမာက္ကိုရီးယားငါးဖမ္းေလွေပၚပါသူ တံငါသည္ ၃ ဦးကို ေတာင္ကိုရီးယားက ျပန္လႊဲေပးခဲ့ပါတယ္။ သူတို႔က ေျမာက္ကိုရီးယားကေန ထြက္ေျပး ခ်င္တာျဖစ္ႏိုင္ေပမဲ့ ေနာက္ဆုံးေျမာက္ကိုရီးယားကိုျပန္ဖို႔ ေ႐ြးခ်ယ္လိုက္ရတယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြက သုံးသပ္ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ေျမာက္ကိုရီးယားလူမ်ိဳးရာခ်ီၿပီး ေတာင္ဘက္ထြက္ေျပးဖို႔ႀကိဳးစားေပမဲ့ နယ္ျခားေစာင့္တပ္ေတြထူထပ္စြာခ်ထားတဲ့ စစ္မဲ့ဇုန္ကို ခြင့္ျပဳခ်က္မရဘဲျဖတ္ေက်ာ္တာ အင္မတန္ရွားပါတယ္။ အဲဒီမွာ ေတာင္-ေျမာက္ႏွစ္ဖက္စလုံးက အေစာင့္တပ္ေတြအျပင္ ေျမျမႇဳပ္မိုင္းေတြ၊ ဆူးၿခံစည္း႐ိုးေတြနဲ႔ ကင္းစခန္းေတြအျပင္ လက္နက္ကိရိယာေတြ တပ္ဆင္ထားပါတယ္။ အခုျဖစ္ရပ္ မတိုင္ခင္ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ တုန္း ကလည္း ေျမာက္ကိုရီးယားစစ္သည္တစ္ဦး စစ္မဲ့ဇုန္ကိုျဖတ္ေျပးလာတယ္လို႔ သိရပါတယ္။

ရည္မြန္
Ref: Reuters
ဆိုးလ္၊ ၾသဂုတ္ ၁