မြောက်ကိုရီးယား ဆိုက်ဘာကျွမ်းကျင်သူများက တရားမဝင် နည်းဖြင့် ငွေကြေးရယူမှု ဒေါ်လာ ၂ ဘီလျံရှိဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

မြောက်ကိုရီးယား ဆိုက်ဘာကျွမ်းကျင်သူများက တရားမဝင် နည်းဖြင့် ငွေကြေးရယူမှု ဒေါ်လာ ၂ ဘီလျံရှိဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

မြောက်ကိုရီးယား၏ ဆိုက်ဘာကျွမ်းကျင်သူများက နိုင်ငံ၏ ဖျက်အားပြင်း လက်နက်အစီအစဉ်များအတွက် ငွေကြေးများကို တရားမဝင် နည်းလမ်းများဖြင့် ရယူသည့်ပမာဏမှာ ဒေါ်လာ ၂ ဘီလျံအထိ ရှိသွားပြီဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးကောင်စီသို့ ပေးပို့သည့် နောက်ဆုံးအစီရင်ခံစာတွင် မြောက်ကိုရီးယားအနေဖြင့် ငွေကြေးအဖွဲ့အစည်း များမှ ရန်ပုံငွေများကို ခိုးယူရန် အဆင့်မြင့် နည်းပညာတိုက်ခိုက်မှုများကို အသုံးပြုနေသလို ပိတ်ဆို့အရေးယူမှု များအား ချိုးဖောက်ရန် ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်သည့် နည်းလမ်းများကို အသုံးပြုနေကြောင်း ဖော်ပြ ထားပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေးလဲလှယ်သည့် နည်းလမ်းကို blockchain ဟု ခေါ်သည့် နည်းပညာကို အသုံးပြ ုထားသော bitcoin၊  Ethereum နှင့် Ripple တို့တွင် ငွေသားဖြင့် မဟုတ်သည့် နည်းလမ်းဖြင့် အသုံးပြု နေကြပါတယ်။ အဆိုပါ နည်းလမ်းကို အသုံးပြုသည့် တိုကျိုအခြေစိုက် Remipoint ကုမ္ပဏီ၏ BITPoint ဒစ်ဂျစ်တယ် ငွေလဲလှယ်မှု လုပ်ငန်းတွင် ဟက်ကာခိုးယူမှုကြောင့် ယန်းငွေ ၃ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၃၂ သန်း) ဆုံးရှုံးခဲ့ပါတယ်။

မြောက်ကိုရီးယားမှ ယင်းနည်းလမ်းအသုံးပြု တိုက်ခိုက်မှုများကြောင့် ခြေရာခံရခက်သည့် နည်းလမ်းများဖြင့် ဝင်ငွေများရရှိစေပြီး သမာရိုးကျ ဘဏ်လုပ်ငန်းများထက် စောင့်ကြည့် စစ်ဆေးနိုင်မှု ပိုမိုနည်းစေခဲ့ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများအပေါ် အကောင်အထည်ဖော်ရာတွင် အားနည်း ချက်များနှင့် မြောက်ကိုရီးယား၏ မရိုးသားသည့် လုပ်ရပ်များကြောင့် ဘဏ်ကိုယ်စားလှယ်များနှင့် ကမ္ဘာအနှံ့ ကွန်ရက်များမှတစ်ဆင့် မြောက်ကိုရီးယားက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်နိုင်အောင် ဆက်လက်လုပ်ဆောင်နေကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။

ကုလသမဂ္ဂ၏ ပိတ်ဆို့မှုတွင် ပါဝင်သည့် ဘဏ်များအပါအဝင် မြောက်ကိုရီးယား ငွေကြေး အဖွဲ့အစည်းများ အနေဖြင့် ပြည်ပတွင် ဘဏ် စာရင်းများကို ထိန်းချုပ်ခြင်း၊  ကျောက်မီးသွေးနှင့် ရေနံလုပ်ငန်းမှ ရရှိသည့် ငွေကြေးများအား တရားမဝင် လွှဲပြောင်းခြင်းတို့ကို လုပ်ဆောင်ပေးနေသော ကိုယ်စားလှယ်အဖွဲ့ပေါင်း ၃၀ ကျော်ရှိနေကြောင်း ကျွမ်းကျင်သူများ၏ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ထို့ပြင် မြောက်ကိုရီးယားအနေဖြင့် ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်ပစ္စည်းများကို သင်္ဘောဖြင့် တရားမဝင် လွှဲပြောင်းပေးသည့် နည်းလမ်းများကို အသုံးပြုကာ ပိတ်ဆို့အရေးမှုများကို ချိုးဖောက်နေကြောင်းလည်း ယင်းအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။နျူကလီးယားလက်နက်များနှင့် အခြားဖျက်အားပြင်း လက်နက်များ ထုတ်လုပ်သည့် ပစ္စည်းများ ဝယ်ယူရာတွင်လည်း မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလမှ သြဂုတ်လအထိ  ၆လကာလအတွင်း မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များအစီအစဉ်ကို တိုးတက်အောင် ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားပါတယ်။ ကုလ၏ အရေးယူခံရမှုတွင် ပါဝင်သည့် မြောက်ကိုရီးယားမှ အဖွဲ့အစည်း ၃ ခုဖြစ်သော KOMID၊ Saeng Pil၊ Namchongang တို့သည့် သံတမန်နည်းလမ်းအရ အကာအကွယ်ယူမှုအပါအဝင် ပြည်ပနှင့် ချိတ်ဆက်၍ သမားရိုးကျ လက်နက်များနှင့် ကျွမ်းကျင်မှုများ၊ ပစ္စည်းများနှင့် ဖျက်အားပြင်းလက်နက်နည်းပညာ ဝယ်ယူ လွှဲပြောင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း အဆိုပါအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Linko
Ref:Times
နယူးယောက်၊ သြဂုတ် ၆

(  Zawgyi  )

 ေျမာက္ကိုရီးယား၏ ဆိုက္ဘာကြၽမ္းက်င္သူမ်ားက ႏိုင္ငံ၏ ဖ်က္အားျပင္း လက္နက္အစီအစဥ္မ်ားအတြက္ ေငြေၾကးမ်ားကို တရားမဝင္ နည္းလမ္းမ်ားျဖင့္ ရယူသည့္ပမာဏမွာ ေဒၚလာ ၂ ဘီလ်ံအထိ ရွိသြားၿပီဟု ခန႔္မွန္းရေၾကာင္း ကုလသမဂၢ၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ေစာင့္ၾကည့္သည့္ အဖြဲ႕တစ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

လုံၿခဳံေရးေကာင္စီသို႔ ေပးပို႔သည့္ ေနာက္ဆုံးအစီရင္ခံစာတြင္ ေျမာက္ကိုရီးယားအေနျဖင့္ ေငြေၾကးအဖြဲ႕အစည္း မ်ားမွ ရန္ပုံေငြမ်ားကို ခိုးယူရန္ အဆင့္ျမင့္ နည္းပညာတိုက္ခိုက္မႈမ်ားကို အသုံးျပဳေနသလို ပိတ္ဆို႔အေရးယူမႈ မ်ားအား ခ်ိဳးေဖာက္ရန္ ဒစ္ဂ်စ္တယ္ေငြေၾကးလဲလွယ္သည့္ နည္းလမ္းမ်ားကို အသုံးျပဳေနေၾကာင္း ေဖာ္ျပ ထားပါတယ္။

ဒစ္ဂ်စ္တယ္ ေငြေၾကးလဲလွယ္သည့္ နည္းလမ္းကို blockchain ဟု ေခၚသည့္ နည္းပညာကို အသုံးျပ ုထားေသာ bitcoin၊  Ethereum ႏွင့္ Ripple တို႔တြင္ ေငြသားျဖင့္ မဟုတ္သည့္ နည္းလမ္းျဖင့္ အသုံးျပဳ ေနၾကပါတယ္။ အဆိုပါ နည္းလမ္းကို အသုံးျပဳသည့္ တိုက်ိဳအေျခစိုက္ Remipoint ကုမၸဏီ၏ BITPoint ဒစ္ဂ်စ္တယ္ ေငြလဲလွယ္မႈ လုပ္ငန္းတြင္ ဟက္ကာခိုးယူမႈေၾကာင့္ ယန္းေငြ ၃ ဒသမ ၅ ဘီလ်ံ (ေဒၚလာ ၃၂ သန္း) ဆုံးရႈံးခဲ့ပါတယ္။

ေျမာက္ကိုရီးယားမွ ယင္းနည္းလမ္းအသုံးျပဳ တိုက္ခိုက္မႈမ်ားေၾကာင့္ ေျခရာခံရခက္သည့္ နည္းလမ္းမ်ားျဖင့္ ဝင္ေငြမ်ားရရွိေစၿပီး သမာ႐ိုးက် ဘဏ္လုပ္ငန္းမ်ားထက္ ေစာင့္ၾကည့္ စစ္ေဆးႏိုင္မႈ ပိုမိုနည္းေစခဲ့ပါတယ္။ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားက ဘ႑ာေရးဆိုင္ရာ ပိတ္ဆို႔မႈမ်ားအေပၚ အေကာင္အထည္ေဖာ္ရာတြင္ အားနည္း ခ်က္မ်ားႏွင့္ ေျမာက္ကိုရီးယား၏ မ႐ိုးသားသည့္ လုပ္ရပ္မ်ားေၾကာင့္ ဘဏ္ကိုယ္စားလွယ္မ်ားႏွင့္ ကမာၻအႏွံ႔ ကြန္ရက္မ်ားမွတစ္ဆင့္ ေျမာက္ကိုရီးယားက ကမာၻလုံးဆိုင္ရာ ဘ႑ာေရးစနစ္သို႔ ဝင္ေရာက္ႏိုင္ေအာင္ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာပါတယ္။

ကုလသမဂၢ၏ ပိတ္ဆို႔မႈတြင္ ပါဝင္သည့္ ဘဏ္မ်ားအပါအဝင္ ေျမာက္ကိုရီးယား ေငြေၾကး အဖြဲ႕အစည္းမ်ား အေနျဖင့္ ျပည္ပတြင္ ဘဏ္ စာရင္းမ်ားကို ထိန္းခ်ဳပ္ျခင္း၊  ေက်ာက္မီးေသြးႏွင့္ ေရနံလုပ္ငန္းမွ ရရွိသည့္ ေငြေၾကးမ်ားအား တရားမဝင္ လႊဲေျပာင္းျခင္းတို႔ကို လုပ္ေဆာင္ေပးေနေသာ ကိုယ္စားလွယ္အဖြဲ႕ေပါင္း ၃၀ ေက်ာ္ရွိေနေၾကာင္း ကြၽမ္းက်င္သူမ်ား၏ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ထို႔ျပင္ ေျမာက္ကိုရီးယားအေနျဖင့္ ေက်ာက္မီးေသြးႏွင့္ ေရနံထြက္ကုန္ပစၥည္းမ်ားကို သေဘၤာျဖင့္ တရားမဝင္ လႊဲေျပာင္းေပးသည့္ နည္းလမ္းမ်ားကို အသုံးျပဳကာ ပိတ္ဆို႔အေရးမႈမ်ားကို ခ်ိဳးေဖာက္ေနေၾကာင္းလည္း ယင္းအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။န်ဴကလီးယားလက္နက္မ်ားႏွင့္ အျခားဖ်က္အားျပင္း လက္နက္မ်ား ထုတ္လုပ္သည့္ ပစၥည္းမ်ား ဝယ္ယူရာတြင္လည္း ေျမာက္ကိုရီးယားက ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်ိဳးေဖာက္ေနတယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလမွ ၾသဂုတ္လအထိ  ၆လကာလအတြင္း ေျမာက္ကိုရီးယားက ၎၏ န်ဴကလီးယားႏွင့္ ပဲ့ထိန္းဒုံးက်ည္မ်ားအစီအစဥ္ကို တိုးတက္ေအာင္ ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ ကုလ၏ အေရးယူခံရမႈတြင္ ပါဝင္သည့္ ေျမာက္ကိုရီးယားမွ အဖြဲ႕အစည္း ၃ ခုျဖစ္ေသာ KOMID၊ Saeng Pil၊ Namchongang တို႔သည့္ သံတမန္နည္းလမ္းအရ အကာအကြယ္ယူမႈအပါအဝင္ ျပည္ပႏွင့္ ခ်ိတ္ဆက္၍ သမား႐ိုးက် လက္နက္မ်ားႏွင့္ ကြၽမ္းက်င္မႈမ်ား၊ ပစၥည္းမ်ားႏွင့္ ဖ်က္အားျပင္းလက္နက္နည္းပညာ ဝယ္ယူ လႊဲေျပာင္းျခင္းတို႔ကို လုပ္ေဆာင္ေနေၾကာင္းလည္း အဆိုပါအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Linko
Ref:Times
နယူးေယာက္၊ ၾသဂုတ္ ၆