မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအွန် စနေနေ့ညက သေဆုံးကြောင်း သတင်းရင်းမြစ် အများအပြားပြောကြား

မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအွန် စနေနေ့ညက သေဆုံးကြောင်း သတင်းရင်းမြစ် အများအပြားပြောကြား

မြောက်ကိုရီးယား၏ မဟာခေါင်းဆောင်ကြီး ကင်ဂျုံအွန် သေဆုံးကြောင်း မြောက်ကိုရီးယားနှင့် အရှေ့ဖျားဒေသမှ ထွက်လာသော သတင်းရင်းမြစ်အများအပြားက ပြောဆိုကြသော်လည် လွန်စွာ လှို့ဝှက်ပြီး အထီးကျန်နေထိုင်သော မြောက်ကိုရီးနိုင်ငံအခြေအနေကြောင့် အခြေအနေ အတိအကျကို ယနေ့ညအထိ မသိရသေးပေ။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော အာဏာရှင် ကင်ဂျုံအွန်သေဆုံးကြောင်း တရုတ်နှင့် ဂျပန်မှ သတင်း ဌာနများက အချက်အလက်မှန် အဖြစ် သတင်းများ ဖေါ်ပြနေကြသည်။ အချို့ သတင်းရင်းမြစ် များကမူ သူသည် မအောင်မြင်သော နှလုံးခွဲစိတ်မှုအပြီးတွင် အသက်ကယ်စက်လည်း တပ်ဆင် မရတော့ဘဲ ဦးနှောက်အလုပ်မလုပ်တော့သော အခြေအနေဖြင့် အိပ်ယာတွင် သေလုမျှောပါး ဖြစ်နေသည်ဟု ဆိုကြသည်။ လွန်စွာလျို့ဝှက်သော မြောက်ကိုရီးယားအစိုးရ၏ သဘောသဘာဝ အရ တရားဝင်ကြေညာချက် ထွက်ပေါ်လာခြင်းမရှိဘဲ ထိုသတင်းကို အတည်ပြုရန် ခက်ခဲနေ သည်။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ တူမဖြစ်သည်ဟုဆိုသော ဟောင်ကောင်အခြေစိုက် ရုပ်သံသတင်းမှ ဒုတိယ ဒါရိုက်တာကမူ ကင်ဂျုံအွန် သေဆုံးသည်ဟူသည့် သတင်းကို ကြေညာ သည်။ကင်ဂျုံအွန် သေဆုံးပြီ ဖြစ်ကြောင်း အလွန်ခိုင်မာသည့် သတင်းရင်းမြစ်တခုက ပြောကြောင်း ဟောင်ကောင် ဂြိုလ်တု ရုပ်သံလိုင်းဖြစ်သော HKSTV မှ ဒုတိယ ဒါရိုက်တာ Shijian Xingzou ပြောသည်။ တရုတ်ဆေးဖက်ဆိုင်ရာအဖွဲ့တဖွဲ့သည် ပြုံ့ယမ်းသို့ ထွက်ခွာသွားခဲ့ကြောင်း အခြား သတင်း ရင်းမြစ်များကလည်း ဖေါ်ပြနေကြသည်။ မြောက်ကိုရီးယားခေါင်းဆောင်သည် နှလုံးခွဲစိတ်ခြင်းမှ ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ဦးနှောက်ရှင်သန်ခြင်းမရှိတော့ဘဲ အိပ်ယာတွင် မြောနေကြောင်း လွန်ခဲ့သောနာရီပိုင်းအတွင်းက ဂျပန် အပါတ်စဉ်စာစောင် Shukan Gendai ကဖေါ်ပြခဲ့သည်။

ရိုးရှင်းသောနှလုံးကုထုံးတွင် နှောင့်နှေးမှုတခုကြောင့် မြောက်ကိုရီးယားခေါင်းဆောင် အသည်း အသန် ဖြစ်နေကြောင်း ကင်ဂျုံအွန်ကို ကုသပေးရန်အတွက် တရုတ်နိုင်ငံမှ စေလွှတ်လိုက်သည့် ဆေးဖက်ဆိုင်ရာအဖွဲ့မှ ဖြစ်သည်ဟု ယူဆရသော ဆရာဝန် တဦးကိုလည်း ကိုးကားဖေါ်ပြကြ သည်။

အခြားအသေးစိတ်များကိုမူ သိရှိရခြင်းမရှိပေ။

ကင်ဂျုံအွန် သေဆုံးသည့် သတင်းကြောင့် ညူကလီးယားလက်နက်ပိုင်ဆိုင်သည်ဟု ယူဆရသော မြောက်ကိုရီးယားနိုင်ငံတွင် လူမှုမငြိမ်မသက်ဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်။

ကင်ဂျုံအွန်၏ ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်ရန်အတွက် တရုတ်နိုင်ငံမှ ဆရာဝန်အဖွဲ့ တဖွဲ့ ကို စေလွှတ်လိုက်ကြောင်း အတွင်းလူများက ပြောကြားပြီးနောက် ယခုသတင်းထွက်ပေါ် လာခြင်းဖြစ်သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ဘေ့ဂျင်မှ မြောက်ကိုရီးယားသို့ ကြာသပတေးနေ့တွင် ထွက်ခွာ ပြီး ဆရာဝန်များနှင့်တရုတ်ကွန်မြူနစ်ပါတီမှ အရာရှိများ ပါဝင်သည်ဟု လက်ရှိဖြစ်ပွားနေသော အခြေအနေနှင့် ရင်နှီးကျွမ်းဝင်သူ ၃ ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အနေအထားကိုကြေညာခြင်းမရှိဘဲ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘေ့ဂျင်းသည် လက်ရှိအခြေအနေအထိ ဝေဖန်ပြောဆိုခြင်းမရှိသေးပေ။

ပယ်ချခံခဲ့ရသည့် အတည်မပြုနိုင်သော သတင်းများထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် သည် ဧပြီလ ၁၂ ရက်နေ့တွင် နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် ကျန်းမာရေး အခြေအနေဆိုးရွား နေကြောင်းခန့်မှန်းချက်များ တနင်္လာနေ့က ထွက်ပေါ်လာခဲ့သည်။

တောင်ကိုရီးယားအစိုးရ သတင်းမီဒီယာ အရာရှိများနှင့် ဆက်ဆံရေးဌာနမှ တရုတ်အရာရှိ တဦးတို့က ကင်သည် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည် ဟူသော သတင်းများကို ပယ်ချခဲ့သည်။

မြောက်ကိုရီးယားတွင် ထူးခြားသောလှုပ်ရှားမှု မတွေ့ရကြောင်း ၎င်းတို့ကပြောသည်။ ကြာသပတေးနေ့ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဖျားနာနေသည် ဟူသော သတင်းကို အလေးထားခြင်းမရှိပေ။
.
“ဒီသတင်းက မမှန်ဘူးလို့ကျနော်ထင်တယ်” ဟု သူပြောသော်လည်း သူသည် မြောက်ကိုရီးယား အရာရှိများနှင့် ထိတွေ့ဆက်ဆံမှု ရှိမရှိကိုမူ ဖြေဆိုရန် ငြင်းဆန်သည်။

သောကြာနေ့တွင် တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းရင်းမြစ်တခု ကလည်း ကင်သည် သက်ရှိထင်ရှာရှိနေကြောင်းနှင့် မကြာမီ အများပြည်သူရှေ့မှောက်ထွက်လာမည်ဟု မျှော်လင့် ရကြောင်းပြောသည်။

သူသည် ကင်၏ လက်ရှိအခြေအနေနှင့်တရုတ်နိုင်ငံ၏ မည်သည့်ပါဝင်ပတ်သည့်မှုကိုမျှ ထုတ်ဖေါ် ပြောဆိုမည်မဟုတ်ကြောင်းထို သတင်းရင်းမြစ်ကပြောသည်။

ကင်တွင် ကျန်းမာရေးပြဿနာများရှိသည်ဟု သိရကြောင်း သို့သော် သူအပြင်းအထန် ဖျားနေ သည် သို့မဟုတ် လူထုအကြားမထွက်နိုင်ဘဲ ဖြစ်နေသည်ဟု ယူဆရန်အကြောင်းမရှိကြောင်း အမေရိကန် ထောက်လှမ်းရေးနှင့် ကျွမ်းဝင်သူတဦးကပြောသည်။ ကင်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး Fox သတင်းဌာနက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုကိုမေးသောအခါ သူက “ ဒီည ကျနော့်မှာခင်းများတို့ကိုပြောစရာ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ဟာ အခြေအနေကို စိတ်ဝင်တစားစောင့်ကြည့်နေတယ်ဆိုတာ အမေရိကန်ပြည်သူတွေကို ပြောပါရစေ” ဟု သူပြောသည်။

မြောက်ကိုရီးယားသည်ကမ္ဘာတွင် အထီးအကျန်ဆုံးနှင့် အလျှို့ဝှက်ဆုံး နိုင်ငံများ အနက် တခု ဖြစ်ပြီး နိုင်ငံခေါင်းဆောင်များ၏ ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေး အဖြစ်သတ်မှတ် ထား သည်။

မြောက်ကိုရီးယား အစိုးရမီဒီယာ က ကင် မည်သည့်နေရာသို့ရောက်ရှိနေသည်နှင့်ပတ်သက်သည့် နောက်ဆုံးသတင်းကို ဧပြီ ၁၁ က အစည်းအဝေးတခုကို ကမကထပြုစဉ်က ဖေါ်ပြခဲ့သည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံ၏ အရေးပါသော နှစ်ပါတ်လည်ဖြစ်သည့် သူ၏ အဖိုးဖြစ်သူ ကင်အီဆွန်း၏ ဧပြီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မွေးနေ့ပွဲသို့ ကင် တက်ရောက်သည်ဟု မြောက်ကိုရီးယားမီဒီယာက ကြေညာခြင်းမရှိခဲ့ပေ။

ကင်၏ ကျန်းမာရေးအခြေအနေဆိုးရွားလာခြင်းသည် နောက်ဆက်တွဲဖြစ်ရ်များအတွက် စိုးရိမ်မှုများလည်းဖြစ်နေသည်။

သတ်မှတ်ပြီးသော ရာထူးဆက်ခံသူမရှိသောကြောင့် မြောက်ကိုရီးယားနိုင်ငံတွင် ဖရိုဖရဲဖြစ်နိုင် သည်ဟု တောင်ကိုရီးယားအရာရှိများ၏ အဆိုအရ သိရသည်။

ထိုဖြစ်ရပ်ကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်သည်ဟုလည်း ထိုသတင်းရင်းမြစ်၏ အဆိုအရ သိရ သည်။ ဒုက္ခသည် အကျပ်အတည်းဖြစ်နိုင်ခြေလည်း လွန်စွာများသည်ဟု ဆိုသည်။မြောက်ကိုရီးယားစစ်တပ်သည်လည်း ပြည်ပစွက်ဖက်မှုများအားလုံးကို တိုက်ခိုက်ပစ်မည်ဟု မျှော်လင့်ရသည်။ ထိုသို့ဖြစ်ပါက အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ မြောက်ကိုရီးယား လက်နက် ဖျက်သိမ်းရေး အားထုတ်မှုများ ပိုမို ရှုပ်ထွေးကုန်မည်ဖြစ်သည်။အသက် ၃၆ နှစ်ရှိပြီဖြစ်သောကင်သည်ယခင်ကလည်း မြောက်ကိုရီးယား မီဒီယာများ၏ သတင်းဖေါ်ပြ ခြင်းမှ ပျောက်ကွယ်ခဲ့ဖူးသည်။

Linko
Ref:9news.com.au/foxnews.com/express.co.uk
နယူးယောက်၊ဧပြီ ၂၆

(  Zawgyi  )

 ေျမာက္ကိုရီးယား၏ မဟာေခါင္းေဆာင္ႀကီး ကင္ဂ်ဳံအြန္ ေသဆုံးေၾကာင္း ေျမာက္ကိုရီးယားႏွင့္ အေရွ႕ဖ်ားေဒသမွ ထြက္လာေသာ သတင္းရင္းျမစ္အမ်ားအျပားက ေျပာဆိုၾကေသာ္လည္ လြန္စြာ လႈိ႕ဝွက္ၿပီး အထီးက်န္ေနထိုင္ေသာ ေျမာက္ကိုရီးႏိုင္ငံအေျခအေနေၾကာင့္ အေျခအေန အတိအက်ကို ယေန႔ညအထိ မသိရေသးေပ။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္ေသာ အာဏာရွင္ ကင္ဂ်ဳံအြန္ေသဆုံးေၾကာင္း တ႐ုတ္ႏွင့္ ဂ်ပန္မွ သတင္း ဌာနမ်ားက အခ်က္အလက္မွန္ အျဖစ္ သတင္းမ်ား ေဖၚျပေနၾကသည္။ အခ်ိဳ႕ သတင္းရင္းျမစ္ မ်ားကမူ သူသည္ မေအာင္ျမင္ေသာ ႏွလုံးခြဲစိတ္မႈအၿပီးတြင္ အသက္ကယ္စက္လည္း တပ္ဆင္ မရေတာ့ဘဲ ဦးေႏွာက္အလုပ္မလုပ္ေတာ့ေသာ အေျခအေနျဖင့္ အိပ္ယာတြင္ ေသလုေမွ်ာပါး ျဖစ္ေနသည္ဟု ဆိုၾကသည္။ လြန္စြာလ်ိဳ႕ဝွက္ေသာ ေျမာက္ကိုရီးယားအစိုးရ၏ သေဘာသဘာဝ အရ တရားဝင္ေၾကညာခ်က္ ထြက္ေပၚလာျခင္းမရွိဘဲ ထိုသတင္းကို အတည္ျပဳရန္ ခက္ခဲေန သည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ တူမျဖစ္သည္ဟုဆိုေသာ ေဟာင္ေကာင္အေျခစိုက္ ႐ုပ္သံသတင္းမွ ဒုတိယ ဒါ႐ိုက္တာကမူ ကင္ဂ်ဳံအြန္ ေသဆုံးသည္ဟူသည့္ သတင္းကို ေၾကညာ သည္။ကင္ဂ်ဳံအြန္ ေသဆုံးၿပီ ျဖစ္ေၾကာင္း အလြန္ခိုင္မာသည့္ သတင္းရင္းျမစ္တခုက ေျပာေၾကာင္း ေဟာင္ေကာင္ ၿဂိဳလ္တု ႐ုပ္သံလိုင္းျဖစ္ေသာ HKSTV မွ ဒုတိယ ဒါ႐ိုက္တာ Shijian Xingzou ေျပာသည္။ တ႐ုတ္ေဆးဖက္ဆိုင္ရာအဖြဲ႕တဖြဲ႕သည္ ၿပဳံ႕ယမ္းသို႔ ထြက္ခြာသြားခဲ့ေၾကာင္း အျခား သတင္း ရင္းျမစ္မ်ားကလည္း ေဖၚျပေနၾကသည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္သည္ ႏွလုံးခြဲစိတ္ျခင္းမွ ျဖစ္ေပၚလာေသာ အေျခအေနမ်ားေၾကာင့္ ဦးေႏွာက္ရွင္သန္ျခင္းမရွိေတာ့ဘဲ အိပ္ယာတြင္ ေျမာေနေၾကာင္း လြန္ခဲ့ေသာနာရီပိုင္းအတြင္းက ဂ်ပန္ အပါတ္စဥ္စာေစာင္ Shukan Gendai ကေဖၚျပခဲ့သည္။

႐ိုးရွင္းေသာႏွလုံးကုထုံးတြင္ ေႏွာင့္ေႏွးမႈတခုေၾကာင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ အသည္း အသန္ ျဖစ္ေနေၾကာင္း ကင္ဂ်ဳံအြန္ကို ကုသေပးရန္အတြက္ တ႐ုတ္ႏိုင္ငံမွ ေစလႊတ္လိုက္သည့္ ေဆးဖက္ဆိုင္ရာအဖြဲ႕မွ ျဖစ္သည္ဟု ယူဆရေသာ ဆရာဝန္ တဦးကိုလည္း ကိုးကားေဖၚျပၾက သည္။

အျခားအေသးစိတ္မ်ားကိုမူ သိရွိရျခင္းမရွိေပ။

ကင္ဂ်ဳံအြန္ ေသဆုံးသည့္ သတင္းေၾကာင့္ ညဴကလီးယားလက္နက္ပိုင္ဆိုင္သည္ဟု ယူဆရေသာ ေျမာက္ကိုရီးယားႏိုင္ငံတြင္ လူမႈမၿငိမ္မသက္ျဖစ္မည္ကိုလည္း စိုးရိမ္ေနရသည္။

ကင္ဂ်ဳံအြန္၏ က်န္းမာေရးအေျခအေနကို ဆုံးျဖတ္ရန္အတြက္ တ႐ုတ္ႏိုင္ငံမွ ဆရာဝန္အဖြဲ႕ တဖြဲ႕ ကို ေစလႊတ္လိုက္ေၾကာင္း အတြင္းလူမ်ားက ေျပာၾကားၿပီးေနာက္ ယခုသတင္းထြက္ေပၚ လာျခင္းျဖစ္သည္။

တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕သည္ ေဘ့ဂ်င္မွ ေျမာက္ကိုရီးယားသို႔ ၾကာသပေတးေန႔တြင္ ထြက္ခြာ ၿပီး ဆရာဝန္မ်ားႏွင့္တ႐ုတ္ကြန္ျမဴနစ္ပါတီမွ အရာရွိမ်ား ပါဝင္သည္ဟု လက္ရွိျဖစ္ပြားေနေသာ အေျခအေနႏွင့္ ရင္ႏွီးကြၽမ္းဝင္သူ ၃ ဦးက ႐ိုက္တာသတင္းဌာနသို႔ေျပာသည္။

တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕၏ အေနအထားကိုေၾကညာျခင္းမရွိဘဲ ထိုကိစၥႏွင့္ပတ္သက္ၿပီး ေဘ့ဂ်င္းသည္ လက္ရွိအေျခအေနအထိ ေဝဖန္ေျပာဆိုျခင္းမရွိေသးေပ။

ပယ္ခ်ခံခဲ့ရသည့္ အတည္မျပဳႏိုင္ေသာ သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ သည္ ဧၿပီလ ၁၂ ရက္ေန႔တြင္ ႏွလုံးခြဲစိတ္ကုသမႈ ခံယူၿပီးေနာက္ က်န္းမာေရး အေျခအေနဆိုး႐ြား ေနေၾကာင္းခန႔္မွန္းခ်က္မ်ား တနလၤာေန႔က ထြက္ေပၚလာခဲ့သည္။

ေတာင္ကိုရီးယားအစိုးရ သတင္းမီဒီယာ အရာရွိမ်ားႏွင့္ ဆက္ဆံေရးဌာနမွ တ႐ုတ္အရာရွိ တဦးတို႔က ကင္သည္ ခြဲစိတ္ကုသမႈ ခံယူၿပီးေနာက္ က်န္းမာေရးအေျခအေန ဆိုး႐ြားေနသည္ ဟူေသာ သတင္းမ်ားကို ပယ္ခ်ခဲ့သည္။

ေျမာက္ကိုရီးယားတြင္ ထူးျခားေသာလႈပ္ရွားမႈ မေတြ႕ရေၾကာင္း ၎တို႔ကေျပာသည္။ ၾကာသပေတးေန႔ကလည္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကင္ဖ်ားနာေနသည္ ဟူေသာ သတင္းကို အေလးထားျခင္းမရွိေပ။
.
“ဒီသတင္းက မမွန္ဘူးလို႔က်ေနာ္ထင္တယ္” ဟု သူေျပာေသာ္လည္း သူသည္ ေျမာက္ကိုရီးယား အရာရွိမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈ ရွိမရွိကိုမူ ေျဖဆိုရန္ ျငင္းဆန္သည္။

ေသာၾကာေန႔တြင္ ေတာင္ကိုရီးယား ေထာက္လွမ္းေရး သတင္းရင္းျမစ္တခု ကလည္း ကင္သည္ သက္ရွိထင္ရွာရွိေနေၾကာင္းႏွင့္ မၾကာမီ အမ်ားျပည္သူေရွ႕ေမွာက္ထြက္လာမည္ဟု ေမွ်ာ္လင့္ ရေၾကာင္းေျပာသည္။

သူသည္ ကင္၏ လက္ရွိအေျခအေနႏွင့္တ႐ုတ္ႏိုင္ငံ၏ မည္သည့္ပါဝင္ပတ္သည့္မႈကိုမွ် ထုတ္ေဖၚ ေျပာဆိုမည္မဟုတ္ေၾကာင္းထို သတင္းရင္းျမစ္ကေျပာသည္။

ကင္တြင္ က်န္းမာေရးျပႆနာမ်ားရွိသည္ဟု သိရေၾကာင္း သို႔ေသာ္ သူအျပင္းအထန္ ဖ်ားေန သည္ သို႔မဟုတ္ လူထုအၾကားမထြက္ႏိုင္ဘဲ ျဖစ္ေနသည္ဟု ယူဆရန္အေၾကာင္းမရွိေၾကာင္း အေမရိကန္ ေထာက္လွမ္းေရးႏွင့္ ကြၽမ္းဝင္သူတဦးကေျပာသည္။ ကင္၏ က်န္းမာေရးအေျခအေနႏွင့္ပတ္သက္ၿပီး Fox သတင္းဌာနက အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြမ္ပီယိုကိုေမးေသာအခါ သူက “ ဒီည က်ေနာ့္မွာခင္းမ်ားတို႔ကိုေျပာစရာ မရွိေသးဘူး။ ဒါေပမယ့္ က်ေနာ္တို႔ဟာ အေျခအေနကို စိတ္ဝင္တစားေစာင့္ၾကည့္ေနတယ္ဆိုတာ အေမရိကန္ျပည္သူေတြကို ေျပာပါရေစ” ဟု သူေျပာသည္။

ေျမာက္ကိုရီးယားသည္ကမာၻတြင္ အထီးအက်န္ဆုံးႏွင့္ အလွ်ိဳ႕ဝွက္ဆုံး ႏိုင္ငံမ်ား အနက္ တခု ျဖစ္ၿပီး ႏိုင္ငံေခါင္းေဆာင္မ်ား၏ က်န္းမာေရးကို ႏိုင္ငံေတာ္လုံၿခဳံေရး အျဖစ္သတ္မွတ္ ထား သည္။

ေျမာက္ကိုရီးယား အစိုးရမီဒီယာ က ကင္ မည္သည့္ေနရာသို႔ေရာက္ရွိေနသည္ႏွင့္ပတ္သက္သည့္ ေနာက္ဆုံးသတင္းကို ဧၿပီ ၁၁ က အစည္းအေဝးတခုကို ကမကထျပဳစဥ္က ေဖၚျပခဲ့သည္။

သို႔ေသာ္ ေျမာက္ကိုရီးယားႏိုင္ငံ၏ အေရးပါေသာ ႏွစ္ပါတ္လည္ျဖစ္သည့္ သူ၏ အဖိုးျဖစ္သူ ကင္အီဆြန္း၏ ဧၿပီလ ၁၅ ရက္ေန႔တြင္ က်ေရာက္သည့္ ေမြးေန႔ပြဲသို႔ ကင္ တက္ေရာက္သည္ဟု ေျမာက္ကိုရီးယားမီဒီယာက ေၾကညာျခင္းမရွိခဲ့ေပ။

ကင္၏ က်န္းမာေရးအေျခအေနဆိုး႐ြားလာျခင္းသည္ ေနာက္ဆက္တြဲျဖစ္ရ္မ်ားအတြက္ စိုးရိမ္မႈမ်ားလည္းျဖစ္ေနသည္။

သတ္မွတ္ၿပီးေသာ ရာထူးဆက္ခံသူမရွိေသာေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံတြင္ ဖ႐ိုဖရဲျဖစ္ႏိုင္ သည္ဟု ေတာင္ကိုရီးယားအရာရွိမ်ား၏ အဆိုအရ သိရသည္။

ထိုျဖစ္ရပ္ေၾကာင့္ ျပည္တြင္းစစ္ ျဖစ္ႏိုင္သည္ဟုလည္း ထိုသတင္းရင္းျမစ္၏ အဆိုအရ သိရ သည္။ ဒုကၡသည္ အက်ပ္အတည္းျဖစ္ႏိုင္ေျခလည္း လြန္စြာမ်ားသည္ဟု ဆိုသည္။ေျမာက္ကိုရီးယားစစ္တပ္သည္လည္း ျပည္ပစြက္ဖက္မႈမ်ားအားလုံးကို တိုက္ခိုက္ပစ္မည္ဟု ေမွ်ာ္လင့္ရသည္။ ထိုသို႔ျဖစ္ပါက အေမရိကန္ျပည္ေထာင္စုႏွင့္ ေတာင္ကိုရီးယားတို႔၏ ေျမာက္ကိုရီးယား လက္နက္ ဖ်က္သိမ္းေရး အားထုတ္မႈမ်ား ပိုမို ရႈပ္ေထြးကုန္မည္ျဖစ္သည္။အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္ေသာကင္သည္ယခင္ကလည္း ေျမာက္ကိုရီးယား မီဒီယာမ်ား၏ သတင္းေဖၚျပ ျခင္းမွ ေပ်ာက္ကြယ္ခဲ့ဖူးသည္။

Linko
Ref:9news.com.au/foxnews.com/express.co.uk
နယူးေယာက္၊ဧၿပီ ၂၆