မွတ်စလင်များနှင့် အငြင်းပွားနေသည့် ဘာသာရေး အထွတ်အမြတ်နေရာနှင့် ပတ်သက်ပြီး ဒေလီတွင် ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

မွတ်စလင်များနှင့် အငြင်းပွားနေသည့် ဘာသာရေး အထွတ်အမြတ်နေရာနှင့် ပတ်သက်ပြီး ဒေလီတွင် ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

သောင်းနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ အိန္ဒိယမြို့တော် ဒေလီမှာ ချီတက်ဆန္ဒပြကြပြီး အပူတပြင်း အငြင်းပွားနေတဲ့ ဘာသာရေး အထွတ်အမြတ်နေရာမှာ ဘုရားကျောင်းတစ်ကျောင်း ဆောက်လုပ်ဖို့အတွက် တောင်းဆိုနေကြပါတယ်။

ဆန္ဒပြပွဲကို စည်းရုံးကျင်းပ လှုံ့ဆော်သူတွေကတော့ မြောက်ပိုင်း အယိုဒယာမြို့မှာ ဘုရားကျောင်းကြီးကို မဆောက်လုပ်မချင်း နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောကြားနေပါတယ်။ဒီနေရာဟာ ဟိန္ဒူနဲ့ မွတ်စလင် ဘာသာဝင်တွေ နှစ်ရှည်လများ အငြင်းပွားတင်းမာနေခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေက ဒီအထွတ်အမြတ်နေရာကို သူတို့ကြည်ညိုလေးမြတ်ရတဲ့ အရှင်ရာမ မွေးဖွားရာဇာတိလို့ ယုံကြည်နေကြသလို၊ မွတ်စလင်တွေကလည်း ဒီနေရာမှာ သူတို့ မျိုးဆက်ပေါင်းများစွာ ဝတ်ပြုလာခဲ့ကြတယ်လို့ ပြောကြားနေခဲ့ကြပါတယ်။

ဒီနေရာမှာ ယခင်က နှစ်ပေါင်း ၄၅၀ ကျော်လောက် သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ အလယ်ခေတ် ဗလီတစ်ခု ရှိနေခဲ့ပေမယ့်လည်း ဟိန္ဒူလူအုပ်က ၁၉၉၂ ခုနှစ်မှာ ဖြိုချလိုက်လို့ အဓိကရုဏ်းတွေ ပျံ့နှံ့ဖြစ်ပွားလာခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

တနင်္ဂနွေနေ့က သဘောထားတင်းမာတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေရဲ့ ဘုရားကျောင်းဆောက်လုပ်ဖို့ ဟောပြောမှုတွေကို လူ ၅၀၀၀၀ ကျော်လောက် တက်ရောက်နားထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လုံခြုံရေးတင်းကျပ်ထားပေမယ့်လည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ၊ ဟိန္ဒူနတ်ဘုရားများလို ဝတ်စားဆင်ယင်ကာ လမ်းတွေပေါ်မှာ စီတန်းချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

“ဒီနေ့ ဒီနေရာမှာ လာရောက်စုဝေးနေတာက ဘုရားကျောင်းကို မဆောက်မချင်း ဟိန္ဒူတွေ နောက်ဆုတ်သွားမှာ မဟုတ်ဘူးဆိုတာ ပြောချင်လို့ပဲ။ကျွန်တော်တို့ရဲ့ဆန္ဒကို လေးစားပါ” လို့ ဆန္ဒပြပွဲကို စည်းရုံးကျင်းပတဲ့ Vishva Hindu Parishad (VHP) ရဲ့ ခေါင်းဆောင် ချမ်ပတ် ရိုင်း က ပြောကြားခဲ့ပါတယ်။

NZT
ဘီဘီစီ
ဒေလီ၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ေသာင္းနဲ႔ခ်ီတဲ့ ဟိႏၵဴဘာသာဝင္ေတြဟာ အိႏၵိယၿမိဳ႕ေတာ္ ေဒလီမွာ ခ်ီတက္ဆႏၵျပၾကၿပီး အပူတျပင္း အျငင္းပြားေနတဲ့ ဘာသာေရး အထြတ္အျမတ္ေနရာမွာ ဘုရားေက်ာင္းတစ္ေက်ာင္း ေဆာက္လုပ္ဖို႔အတြက္ ေတာင္းဆိုေနၾကပါတယ္။

ဆႏၵျပပြဲကို စည္း႐ုံးက်င္းပ လႈံ႕ေဆာ္သူေတြကေတာ့ ေျမာက္ပိုင္း အယိုဒယာၿမိဳ႕မွာ ဘုရားေက်ာင္းႀကီးကို မေဆာက္လုပ္မခ်င္း ေနာက္ဆုတ္မွာ မဟုတ္ဘူးလို႔ ေျပာၾကားေနပါတယ္။ဒီေနရာဟာ ဟိႏၵဴနဲ႔ မြတ္စလင္ ဘာသာဝင္ေတြ ႏွစ္ရွည္လမ်ား အျငင္းပြားတင္းမာေနခဲ့ရာ ေနရာလည္း ျဖစ္ပါတယ္။

ဟိႏၵဴဘာသာဝင္ေတြက ဒီအထြတ္အျမတ္ေနရာကို သူတို႔ၾကည္ညိဳေလးျမတ္ရတဲ့ အရွင္ရာမ ေမြးဖြားရာဇာတိလို႔ ယုံၾကည္ေနၾကသလို၊ မြတ္စလင္ေတြကလည္း ဒီေနရာမွာ သူတို႔ မ်ိဳးဆက္ေပါင္းမ်ားစြာ ဝတ္ျပဳလာခဲ့ၾကတယ္လို႔ ေျပာၾကားေနခဲ့ၾကပါတယ္။

ဒီေနရာမွာ ယခင္က ႏွစ္ေပါင္း ၄၅၀ ေက်ာ္ေလာက္ သက္တမ္းရွိခဲ့ၿပီျဖစ္တဲ့ အလယ္ေခတ္ ဗလီတစ္ခု ရွိေနခဲ့ေပမယ့္လည္း ဟိႏၵဴလူအုပ္က ၁၉၉၂ ခုႏွစ္မွာ ၿဖိဳခ်လိုက္လို႔ အဓိက႐ုဏ္းေတြ ပ်ံ႕ႏွံ႔ျဖစ္ပြားလာခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရပါတယ္။

တနဂၤေႏြေန႔က သေဘာထားတင္းမာတဲ့ ဟိႏၵဴအမ်ိဳးသားေရးဝါဒီ အဖြဲ႕အစည္းမ်ားမွ ေခါင္းေဆာင္ေတြရဲ႕ ဘုရားေက်ာင္းေဆာက္လုပ္ဖို႔ ေဟာေျပာမႈေတြကို လူ ၅၀၀၀၀ ေက်ာ္ေလာက္ တက္ေရာက္နားေထာင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

လုံၿခဳံေရးတင္းက်ပ္ထားေပမယ့္လည္း ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာဟာ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ကာ၊ ဟိႏၵဴနတ္ဘုရားမ်ားလို ဝတ္စားဆင္ယင္ကာ လမ္းေတြေပၚမွာ စီတန္းခ်ီတက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

“ဒီေန႔ ဒီေနရာမွာ လာေရာက္စုေဝးေနတာက ဘုရားေက်ာင္းကို မေဆာက္မခ်င္း ဟိႏၵဴေတြ ေနာက္ဆုတ္သြားမွာ မဟုတ္ဘူးဆိုတာ ေျပာခ်င္လို႔ပဲ။ကြၽန္ေတာ္တို႔ရဲ႕ဆႏၵကို ေလးစားပါ” လို႔ ဆႏၵျပပြဲကို စည္း႐ုံးက်င္းပတဲ့ Vishva Hindu Parishad (VHP) ရဲ႕ ေခါင္းေဆာင္ ခ်မ္ပတ္ ႐ိုင္း က ေျပာၾကားခဲ့ပါတယ္။

NZT
ဘီဘီစီ
ေဒလီ၊ ဒီဇင္ဘာ - ၁၀