ယခုနှစ် တတိယ ၃ လပတ်အတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအောက် ကျဆင်း

ယခုနှစ် တတိယ ၃ လပတ်အတွင်း တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအောက် ကျဆင်း

တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာရာ ယခုနှစ် တတိယ ၃ လပတ်အ တွင်း မျှော်မှန်းထားသည့် ၆ ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်း အနည်းဆုံး ဖြစ်ခဲ့ရာမှာ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ၊ ပြည်တွင်း ဝယ်လိုအား ကျဆင်းမှုများလည်း ပါဝင်ခဲ့ပါတယ်။

ယခုနှစ် ဒုတိယ ၃ လပတ်အတွင်းက တိုးတက်မှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သဖြင့် တရုတ်နိုင်ငံအနေဖြင့် ထပ်မံကျဆင်းမှု မဖြစ်ပေါ် ‌စေရန် ပိုမိုဆောင်ရွက်ရမည့် အစီအစဉ်များ လိုအပ်လာပါတယ်။ယခုနောက်ဆုံး တိုးတက်မှုရာခိုင်နှုန်းသည် အစိုးရက မျှော်မှန်းထားသည့် ၆ မှ ၆ ဒသမ၅ ရာခိုင်နှုန်း၏ အနိမ့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး GDP သည် ဇူလိုင်မှ စက်တင်ဘာလအတွင်း ၆ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု ရိုက်တာမှ ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲသည် ကမ္ဘာစီးပွားရေး တုန့်ဆိုင်းမှုကို ဖြစ်စေနိုင်သော ကြောင့် တရုတ်နှင့် ကုန်သွယ်ဖက်နိုင်ငံ များ၊ ရင်းနှီးမြှပ်နှံသူများက တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို စောင့်ကြည့်လျှက်ရှိပါတယ်။ “တရုတ်-အမေရိကန် ကုန်သွယ်ရေး သဘော တူညီချက်က မရေမရာ ဖြစ်နေပါသေးတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ စတင်သတ်မှတ်မဲ့ အခွန်အစီအစဉ်ဟာ ၂၀၂၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ စီးပွားရေးအတွက် ပိုမိုအရေးပါတဲ့ သက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု စင်ကာပူနိုင်ငံ၊ UOB ၏ စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ဟိုဝေချန်းကပြောပါတယ်။

တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးတိုးတက်မှု ယခုကဲ့သို့ ကျဆင်းခြင်းသည် ပြည်တွင်း၊ ပြည်ပ၌ ဝယ်လိုအား ကျဆင်းခြင်းများကြောင့် ဖြစ်ပါတယ်။ ယခင်က ပံ့ပိုးခဲ့သည့် အစီအစဉ်များကြောင့် အကြွေးများနှင့် ရင်ဆိုင်နေရပြီး ဖြစ်သည့် နိုင်ငံအတွက် အလွန်အကျွံ စိုက်ထုတ် သုံးစွဲမည့်အစီအစဉ်တွင် အကန့်အသတ်များ ရှိနေကြောင်း လေ့လာသုံးသပ်သူများက ပြောပါတယ်။
 
သဘောတူညီချက် ပထမအဆင့်အတွက်နှင့် အခွန်တိုးမြှင့်ခြင်းကို ဆိုင်းငံ့ထားရန် နှစ်နိုင်ငံစလုံးက လက်ခံထားကြောင်း ထရမ့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။

Linko
Ref:Reuters
ဘေကျင်း၊အောက်တိုဘာ ၁၈

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံ၏ စီးပြားေရး တိုးတက္မႈသည္ တစ္ႏွစ္ထက္တစ္ႏွစ္ က်ဆင္းလာရာ ယခုႏွစ္ တတိယ ၃ လပတ္အ တြင္း ေမွ်ာ္မွန္းထားသည့္ ၆ ရာခိုင္ႏႈန္းေအာက္ က်ဆင္းသြားၿပီး ႏွစ္ေပါင္း ၃၀ နီးပါးအတြင္း အနည္းဆုံး ျဖစ္ခဲ့ရာမွာ အေမရိကန္ႏွင့္ ကုန္သြယ္ေရးစစ္ပြဲ၊ ျပည္တြင္း ဝယ္လိုအား က်ဆင္းမႈမ်ားလည္း ပါဝင္ခဲ့ပါတယ္။

ယခုႏွစ္ ဒုတိယ ၃ လပတ္အတြင္းက တိုးတက္မႈႏႈန္းသည္ ၆ ဒသမ ၂ ရာခိုင္ႏႈန္းရွိခဲ့သျဖင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ထပ္မံက်ဆင္းမႈ မျဖစ္ေပၚ ‌ေစရန္ ပိုမိုေဆာင္႐ြက္ရမည့္ အစီအစဥ္မ်ား လိုအပ္လာပါတယ္။ယခုေနာက္ဆုံး တိုးတက္မႈရာခိုင္ႏႈန္းသည္ အစိုးရက ေမွ်ာ္မွန္းထားသည့္ ၆ မွ ၆ ဒသမ၅ ရာခိုင္ႏႈန္း၏ အနိမ့္ဆုံး အေျခအေနမွာ ရွိေနပါတယ္။ ျပည္တြင္း ထုတ္လုပ္မႈတန္ဖိုး GDP သည္ ဇူလိုင္မွ စက္တင္ဘာလအတြင္း ၆ ဒသမ ၁ ရာခိုင္ႏႈန္းရွိမည္ဟု ႐ိုက္တာမွ ျပဳလုပ္ခဲ့သည့္ စစ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ႏွင့္ တ႐ုတ္တို႔၏ ကုန္သြယ္ေရးစစ္ပြဲသည္ ကမာၻစီးပြားေရး တုန႔္ဆိုင္းမႈကို ျဖစ္ေစႏိုင္ေသာ ေၾကာင့္ တ႐ုတ္ႏွင့္ ကုန္သြယ္ဖက္ႏိုင္ငံ မ်ား၊ ရင္းႏွီးျမႇပ္ႏွံသူမ်ားက တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအေျခအေနကို ေစာင့္ၾကည့္လွ်က္ရွိပါတယ္။ “တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး သေဘာ တူညီခ်က္က မေရမရာ ျဖစ္ေနပါေသးတယ္။ ဒီဇင္ဘာ ၁၅ ရက္မွာ စတင္သတ္မွတ္မဲ့ အခြန္အစီအစဥ္ဟာ ၂၀၂၀ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံ စီးပြားေရးအတြက္ ပိုမိုအေရးပါတဲ့ သက္ ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္” ဟု စင္ကာပူႏိုင္ငံ၊ UOB ၏ စီးပြားေရး ပညာရွင္တစ္ဦးျဖစ္သူ ဟိုေဝခ်န္းကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ကုန္သြယ္ေရးတိုးတက္မႈ ယခုကဲ့သို႔ က်ဆင္းျခင္းသည္ ျပည္တြင္း၊ ျပည္ပ၌ ဝယ္လိုအား က်ဆင္းျခင္းမ်ားေၾကာင့္ ျဖစ္ပါတယ္။ ယခင္က ပံ့ပိုးခဲ့သည့္ အစီအစဥ္မ်ားေၾကာင့္ အေႂကြးမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး ျဖစ္သည့္ ႏိုင္ငံအတြက္ အလြန္အကြၽံ စိုက္ထုတ္ သုံးစြဲမည့္အစီအစဥ္တြင္ အကန႔္အသတ္မ်ား ရွိေနေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာပါတယ္။
 
သေဘာတူညီခ်က္ ပထမအဆင့္အတြက္ႏွင့္ အခြန္တိုးျမႇင့္ျခင္းကို ဆိုင္းငံ့ထားရန္ ႏွစ္ႏိုင္ငံစလုံးက လက္ခံထားေၾကာင္း ထရမ့္က ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ေျပာခဲ့ပါတယ္။

Linko
Ref:Reuters
ေဘက်င္း၊ေအာက္တိုဘာ ၁၈