ယူကရိန်းအရေးတွင် အမေရိကန်ဆိုင်ရာ အီးယူသံအမတ်ကြီးပါဝင်မှုကို စိုးရိမ်ကြောင်း လုံခြုံရေး အရာရှိများပြော

ယူကရိန်းအရေးတွင် အမေရိကန်ဆိုင်ရာ အီးယူသံအမတ်ကြီးပါဝင်မှုကို စိုးရိမ်ကြောင်း လုံခြုံရေး အရာရှိများပြော

ယူကရိန်းအား စစ်ဖက်ဆိုင်ရာအကူအညီပေးမည့်အစီအစဉ်တွင် နိုငငံရေးနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုအတွက် သမ္မတဒေါ်နယ်ထရမ့်၏ ဖိအားပေး လုပ်ဆောင်နေမှုများတွင် ပါဝင်နေသော ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်မကြီး ဂေါ်ဒန်ဆွန်လန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်လုံခြုံရေးထိပ်တန်းအရာရှိဟောင်းတစ်ဦးက ပြောကြား လိုက်ပါ တယ်။

ထရမ့်အား စွပ်စွဲပြစ်တင်ဖြတ်ချမည့် စုံစမ်းစစ်ဆေးထွက်ချက်အား နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန် ခဲ့ရာတွင် နိုင်ငံတော်လုံခြုံရေးကောင်စီ (NSC) ၏ ဥရောပနှင့် ရုရှားဆိုင်ရာ အကြီးတန်းညွှန်ကြားရေး မှူးဟောင်း တင်မော်ရစ်ဆင်က ဆွန်လန်နှင့် ထရမ့်၏ ကိုယ်ပိုင်ရှေ့နေရူဒီဂူလီယန်နီတို့က ယူကရိန်း အား သမ္မတ၏ ပြိုင်ဖက်များကို စုံစမ်းပေးရန် တွန်းအားပေးခဲ့စဉ်က ပါဝင်မပတ်သက်အောင် နေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

အီးယူသံအမတ်ကြီး အဖြစ်တာဝန်ရှိသူတစ်ဦးကိုယ်တိုင် ယင်းကိစ္စကို လုပ်ဆောင်နေခြင်းအပေါ် မော်ရစ်ဆင်က ၎င်းနှင့် NSC ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဖီယိုနာဟေးလ်တို့က စိုးရိမ်မိခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

“ယူကရိန်းကိစ္စက သူနဲ့ သိပ်ပြီးမဆိုင်ပေးမယ့် သူက လိုတာထက်ပိုပြီး ပါဝင်နေခဲ့ပါတယ်။ သူဝင်လုပ်ရမှာ မဟုတ်ပါဘူး” ဟု မော်ရစ်ဆင်က ယခုလအစောပိုင်းက အောက်လွှတ်တော်သို့ သီးခြားထွက်ဆိုရာတွင်  ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။ထို့ပြင် မောရစ်ဆင်က “NSC မှာ လုပ်ထုံးလုပ်နည်းကို အဓိက အားပါတယ်။ ကျွန်တော်တို့က နည်းလမ်းအတိုင်း လုပ်ရပါတယ်။ အခြားကိစ္စတွေမှာ ပါဝင်ပတ်သက်နေမယ်ဆိုရင် ဒါဟာ လွဲချော်နေတာပဲ ဖြစ်ပြီး အန္တရာယ်ရှိပါတယ်” လို့ ပြောပါတယ်။

ထရမ့်က တာဝန်ခန့်အပ်ခဲ့သည် ရီပတ်ပလစ်ကင်တစ်ဦးဖြစ်သူ မော်ရစ်ဆင်နှင့် ဆွန်လန်တို့သည် ယခုသီတင်းပတ် အတွင်း ထွက်ဆိုမှုများ လုပ်ဆောင်သွားဖွယ်လည်း ရှိပါတယ်။ဇူလိုင် ၂၅ ရက် က ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဘိုလိုဒီမာဇီလန်စကီး တို့ ဖုန်းခေါ်ဆိုမှုကို နားထောင်ခဲ့ရပြီး ထရမ့်က ဇီလန်စကီးကို စုံစမ်းစစ်ဆေးမှု နှစ်ခုလုပ်ဆောင်ရန် တောင်းဆိုခဲ့ပါတယ်။ တစ်ခုသည် ဒုသမ္မတဟောင်း ဂျိုးစ်ဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင် ဒါရိုက်တာအဖြစ် ပါဝင်သည့် Burisma စွမ်းအင် ကုမ္ပဏီကိစ္စဖြစ်ပြီး၊ အခြားကိစ္စရပ်တစ်ခုမှာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ယူကရိန်းက ပါဝင်ကြံစည်လုပ်ဆောင်ခဲ့မှု ဖြစ်ပါတယ်။

ယင်းဖုန်းခေါ်မှုကို  မသင့်တော်ဟု မသတ်မှတ်နိုင်သလို ဥပဒေနှင့် မညီညွတ်ဟု မဆိုနိုင်သော်လည်း အဆိုပါကိစ္စ ပေါက်ကြားမည်ကို စိုးရိမ်ခဲ့ကြောင်းနှင့်  ယင်းဖုန်းပြောဆိုမှုကို သက်ဆိုင်ရာ အရာရှိကြီး များက ပြန်လည်သုံးသပ်စေလိုခဲ့ ကြောင်း မော်ရစ်ဆင်က ပြောကြားခဲ့ပါတယ်။

ဒုသမ္မတမိုက်ပင့်စ်၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဂျနီဇာဝီလျံကလည်း ဖုန်းခေါ်ဆိုမှုကိုနားထောင် ခဲ့ရာတွင် နိုင်ငံခြားခေါင်းဆောင်များနှင့် အခြားဆွေးနွေးသည့် ပုံစံနှင့်မတူကြောင်း ပြောကြားထား ပါတယ်။

Linko
Ref:theguardian.com
ဝါရှင်တန်၊နိုဝင်ဘာ ၁၇

(  Zawgyi  )

 ယူကရိန္းအား စစ္ဖက္ဆိုင္ရာအကူအညီေပးမည့္အစီအစဥ္တြင္ ႏိုငငံေရးႏွင့္ ပတ္သက္သည့္ စုံစမ္းစစ္ေဆးမႈအတြက္ သမၼတေဒၚနယ္ထရမ့္၏ ဖိအားေပး လုပ္ေဆာင္ေနမႈမ်ားတြင္ ပါဝင္ေနေသာ ဥေရာပသမဂၢဆိုင္ရာ အေမရိကန္သံအမတ္မႀကီး ေဂၚဒန္ဆြန္လန္၏ အခန္းက႑ႏွင့္ ပတ္သက္၍ စိုးရိမ္မကင္းျဖစ္ေၾကာင္း အေမရိကန္လုံၿခဳံေရးထိပ္တန္းအရာရွိေဟာင္းတစ္ဦးက ေျပာၾကား လိုက္ပါ တယ္။

ထရမ့္အား စြပ္စြဲျပစ္တင္ျဖတ္ခ်မည့္ စုံစမ္းစစ္ေဆးထြက္ခ်က္အား ႏိုဝင္ဘာ ၁၆ ရက္က ထုတ္ျပန္ ခဲ့ရာတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးေကာင္စီ (NSC) ၏ ဥေရာပႏွင့္ ႐ုရွားဆိုင္ရာ အႀကီးတန္းၫႊန္ၾကားေရး မႉးေဟာင္း တင္ေမာ္ရစ္ဆင္က ဆြန္လန္ႏွင့္ ထရမ့္၏ ကိုယ္ပိုင္ေရွ႕ေန႐ူဒီဂူလီယန္နီတို႔က ယူကရိန္း အား သမၼတ၏ ၿပိဳင္ဖက္မ်ားကို စုံစမ္းေပးရန္ တြန္းအားေပးခဲ့စဥ္က ပါဝင္မပတ္သက္ေအာင္ ေနခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

အီးယူသံအမတ္ႀကီး အျဖစ္တာဝန္ရွိသူတစ္ဦးကိုယ္တိုင္ ယင္းကိစၥကို လုပ္ေဆာင္ေနျခင္းအေပၚ ေမာ္ရစ္ဆင္က ၎ႏွင့္ NSC ၫႊန္ၾကားေရးမႉးေဟာင္းတစ္ဦးျဖစ္သည့္ ဖီယိုနာေဟးလ္တို႔က စိုးရိမ္မိခဲ့ေၾကာင္း ထြက္ဆိုခဲ့ၾကပါတယ္။

“ယူကရိန္းကိစၥက သူနဲ႔ သိပ္ၿပီးမဆိုင္ေပးမယ့္ သူက လိုတာထက္ပိုၿပီး ပါဝင္ေနခဲ့ပါတယ္။ သူဝင္လုပ္ရမွာ မဟုတ္ပါဘူး” ဟု ေမာ္ရစ္ဆင္က ယခုလအေစာပိုင္းက ေအာက္လႊတ္ေတာ္သို႔ သီးျခားထြက္ဆိုရာတြင္  ေျပာၾကားခဲ့သည္ဟု ႏိုဝင္ဘာ ၁၅ ရက္က ေျပာၾကားခဲ့ပါတယ္။ထို႔ျပင္ ေမာရစ္ဆင္က “NSC မွာ လုပ္ထုံးလုပ္နည္းကို အဓိက အားပါတယ္။ ကြၽန္ေတာ္တို႔က နည္းလမ္းအတိုင္း လုပ္ရပါတယ္။ အျခားကိစၥေတြမွာ ပါဝင္ပတ္သက္ေနမယ္ဆိုရင္ ဒါဟာ လြဲေခ်ာ္ေနတာပဲ ျဖစ္ၿပီး အႏၲရာယ္ရွိပါတယ္” လို႔ ေျပာပါတယ္။

ထရမ့္က တာဝန္ခန႔္အပ္ခဲ့သည္ ရီပတ္ပလစ္ကင္တစ္ဦးျဖစ္သူ ေမာ္ရစ္ဆင္ႏွင့္ ဆြန္လန္တို႔သည္ ယခုသီတင္းပတ္ အတြင္း ထြက္ဆိုမႈမ်ား လုပ္ေဆာင္သြားဖြယ္လည္း ရွိပါတယ္။ဇူလိုင္ ၂၅ ရက္ က ေဒၚနယ္ထရမ့္ႏွင့္ ယူကရိန္းသမၼတဘိုလိုဒီမာဇီလန္စကီး တို႔ ဖုန္းေခၚဆိုမႈကို နားေထာင္ခဲ့ရၿပီး ထရမ့္က ဇီလန္စကီးကို စုံစမ္းစစ္ေဆးမႈ ႏွစ္ခုလုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ပါတယ္။ တစ္ခုသည္ ဒုသမၼတေဟာင္း ဂ်ိဳးစ္ဘိုင္ဒင္၏သား ဟန္တာဘိုင္ဒင္ ဒါ႐ိုက္တာအျဖစ္ ပါဝင္သည့္ Burisma စြမ္းအင္ ကုမၸဏီကိစၥျဖစ္ၿပီး၊ အျခားကိစၥရပ္တစ္ခုမွာ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ယူကရိန္းက ပါဝင္ႀကံစည္လုပ္ေဆာင္ခဲ့မႈ ျဖစ္ပါတယ္။

ယင္းဖုန္းေခၚမႈကို  မသင့္ေတာ္ဟု မသတ္မွတ္ႏိုင္သလို ဥပေဒႏွင့္ မညီၫြတ္ဟု မဆိုႏိုင္ေသာ္လည္း အဆိုပါကိစၥ ေပါက္ၾကားမည္ကို စိုးရိမ္ခဲ့ေၾကာင္းႏွင့္  ယင္းဖုန္းေျပာဆိုမႈကို သက္ဆိုင္ရာ အရာရွိႀကီး မ်ားက ျပန္လည္သုံးသပ္ေစလိုခဲ့ ေၾကာင္း ေမာ္ရစ္ဆင္က ေျပာၾကားခဲ့ပါတယ္။

ဒုသမၼတမိုက္ပင့္စ္၏ အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ဂ်နီဇာဝီလ်ံကလည္း ဖုန္းေခၚဆိုမႈကိုနားေထာင္ ခဲ့ရာတြင္ ႏိုင္ငံျခားေခါင္းေဆာင္မ်ားႏွင့္ အျခားေဆြးေႏြးသည့္ ပုံစံႏွင့္မတူေၾကာင္း ေျပာၾကားထား ပါတယ္။

Linko
Ref:theguardian.com
ဝါရွင္တန္၊ႏိုဝင္ဘာ ၁၇