ယူကရိန်း မြောက်ပိုင်းတောမီး ရှာနိုဘိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံဟောင်းအနီးသို့ ရောက်ရှိလာ

ယူကရိန်း မြောက်ပိုင်းတောမီး ရှာနိုဘိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံဟောင်းအနီးသို့ ရောက်ရှိလာ

ယူကရိန်းနိုင်ငံ မြောက်ပိုင်းတွင် ရက်ပေါင်းများစွာ လောင်ကျွမ်းနေသည့် တောမီးသည်  ရှာနိုဘိုင်း နျူကလီးယားဓာတ်အားပေး စက်ရုံဟောင်းအနီး ကီလိုမီတာ အနည်းငယ်အလိုသို့ ရောက်ရှိလာပြီ ဟု သတင်းများမှာ ဖော်ပြထားပါတယ်။

နေရာတစ်ခုတွင် လောင်ကျွမ်းနေသည့် တောမီးသည် ဓာတ်အားပေး စက်ရုံ၏ ဝန်ထမ်းများ နေခဲ့ သည့် ပရီယတ်မြို့ဟောင်းသို့ ရောက်ရှိနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ယာရိုဆလက် အီမလီယန်ကိုက ပြောပါတယ်။

ရှာနိုဘိုင်း စက်ရုံဟောင်း၏ အန္တရာယ်အရှိဆုံး စွန့်ပစ်ပစ္စည်းများ ထားရှိသည့်နေရာမှ ၂ ကီလိုမီတာ (၁ ဒသမ ၂၄ မိုင်) သို့ တောမီး ရောက်ရှိနေကြောင်း ၎င်းက ပြောကြားပါတယ်။တာဝန်ရှိသူများ သိရှိထားသည့် ပမာဏထက် တောမီးသည် ပိုမိုများပြားကြောင်း Greenpeace အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အကျယ်ပြန့်ဆုံး တောမီးသည် ဟက်တာ ၃၄၀၀၀ ခန့်ရှိပြီး ဒုတိယအကျယ်ပြန့်ဆုံးဖြစ်ပြီး ရှာနိုဘိုင်း စက်ရုံဟောင်းမှ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသည့် တောမီးသည် ကီလိုမီတာ ၁၂၀၀၀ ဟက်တာခန့် ကျယ်ပြန့်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားပါတယ်။

ပရီယတ်မြို့အား မီးလောင်ကျွမ်းသွားပါက ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်နေရာများ ပျက်စီးမည်ဖြစ်ပြီး စီးပွားရေးကိုလည်း ထိခိုက်သွားမည်ဟု  အီမလီယန်ကိုက ပြောကြားခဲ့ ပါတယ်။

အဆိုပါမြို့သို့ ၂၀၁၈ ခုနှစ်အတွင်းက ခရီးသွား ၇ သောင်းကျော် လာရောက်လာပတ်ခဲ့ပြီး HBO ရုပ်သံလိုင်းမှ ရှာနိုဘိုင်း နျူကလီးယား စက်ရုံအကြောင်း အစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့ပြီး နောက်  ယမန်နှစ်အတွင်းက လာရောက်သူ ပိုမိုများပြားခဲ့ပါတယ်။

သွားလာမှု ကန့်သတ်ထားသည့် ဇုန်အနီး လူတစ်ဦးက မြက်ခြောက်များကို မီးရှို့ခဲ့သည့် ဧပြီ ၄ ရက်မှစ၍ တောမီးများ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ရဲများက သတင်းထုတ်ပြန် ထားပါတယ်။

မီးသတ်သမား ၃၀၀ ကျော်က အထူးကိရိယာများ အသုံးပြုကာ မီးငြှိမ်းသတ်နေသကဲ့သို့ ရဟတ်ယာဉ် ၆ စင်းနှင့် လေယာဉ်ပျံများဖြင့် ကောင်းကင်မှ မီးငြှိမ်းသတ်လျှက်ရှိပါတယ်။
 
Linko
Ref: BBC
ကိယက်ဗ်၊ဧပြီ ၁၄

(  Zawgyi  )

 ယူကရိန္းႏိုင္ငံ ေျမာက္ပိုင္းတြင္ ရက္ေပါင္းမ်ားစြာ ေလာင္ကြၽမ္းေနသည့္ ေတာမီးသည္  ရွာႏိုဘိုင္း န်ဴကလီးယားဓာတ္အားေပး စက္႐ုံေဟာင္းအနီး ကီလိုမီတာ အနည္းငယ္အလိုသို႔ ေရာက္ရွိလာၿပီ ဟု သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

ေနရာတစ္ခုတြင္ ေလာင္ကြၽမ္းေနသည့္ ေတာမီးသည္ ဓာတ္အားေပး စက္႐ုံ၏ ဝန္ထမ္းမ်ား ေနခဲ့ သည့္ ပရီယတ္ၿမိဳ႕ေဟာင္းသို႔ ေရာက္ရွိေနေၾကာင္း ခရီးသြားလုပ္ငန္း လုပ္ကိုင္သူ ယာ႐ိုဆလက္ အီမလီယန္ကိုက ေျပာပါတယ္။

ရွာႏိုဘိုင္း စက္႐ုံေဟာင္း၏ အႏၲရာယ္အရွိဆုံး စြန႔္ပစ္ပစၥည္းမ်ား ထားရွိသည့္ေနရာမွ ၂ ကီလိုမီတာ (၁ ဒသမ ၂၄ မိုင္) သို႔ ေတာမီး ေရာက္ရွိေနေၾကာင္း ၎က ေျပာၾကားပါတယ္။တာဝန္ရွိသူမ်ား သိရွိထားသည့္ ပမာဏထက္ ေတာမီးသည္ ပိုမိုမ်ားျပားေၾကာင္း Greenpeace အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

အက်ယ္ျပန႔္ဆုံး ေတာမီးသည္ ဟက္တာ ၃၄၀၀၀ ခန႔္ရွိၿပီး ဒုတိယအက်ယ္ျပန႔္ဆုံးျဖစ္ၿပီး ရွာႏိုဘိုင္း စက္႐ုံေဟာင္းမွ ကီလိုမီတာ အနည္းငယ္သာ ကြာေဝးသည့္ ေတာမီးသည္ ကီလိုမီတာ ၁၂၀၀၀ ဟက္တာခန႔္ က်ယ္ျပန႔္ေၾကာင္း အဆိုပါ အဖြဲ႕က ေျပာၾကားပါတယ္။

ပရီယတ္ၿမိဳ႕အား မီးေလာင္ကြၽမ္းသြားပါက ခရီးသြားလုပ္ငန္းႏွင့္ ပတ္သက္သည့္ေနရာမ်ား ပ်က္စီးမည္ျဖစ္ၿပီး စီးပြားေရးကိုလည္း ထိခိုက္သြားမည္ဟု  အီမလီယန္ကိုက ေျပာၾကားခဲ့ ပါတယ္။

အဆိုပါၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္အတြင္းက ခရီးသြား ၇ ေသာင္းေက်ာ္ လာေရာက္လာပတ္ခဲ့ၿပီး HBO ႐ုပ္သံလိုင္းမွ ရွာႏိုဘိုင္း န်ဴကလီးယား စက္႐ုံအေၾကာင္း အစီအစဥ္တစ္ခုကို ထုတ္လႊင့္ခဲ့ၿပီး ေနာက္  ယမန္ႏွစ္အတြင္းက လာေရာက္သူ ပိုမိုမ်ားျပားခဲ့ပါတယ္။

သြားလာမႈ ကန႔္သတ္ထားသည့္ ဇုန္အနီး လူတစ္ဦးက ျမက္ေျခာက္မ်ားကို မီးရႈိ႕ခဲ့သည့္ ဧၿပီ ၄ ရက္မွစ၍ ေတာမီးမ်ား စတင္ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္း ရဲမ်ားက သတင္းထုတ္ျပန္ ထားပါတယ္။

မီးသတ္သမား ၃၀၀ ေက်ာ္က အထူးကိရိယာမ်ား အသုံးျပဳကာ မီးျငႇိမ္းသတ္ေနသကဲ့သို႔ ရဟတ္ယာဥ္ ၆ စင္းႏွင့္ ေလယာဥ္ပ်ံမ်ားျဖင့္ ေကာင္းကင္မွ မီးျငႇိမ္းသတ္လွ်က္ရွိပါတယ္။
 
Linko
Ref: BBC
ကိယက္ဗ္၊ဧၿပီ ၁၄