ရုရှားစစ်လေယာဉ်တစ်စင်းကို တောင်ကိုရီယား သတိပေးပစ်ခတ်

ရုရှားစစ်လေယာဉ်တစ်စင်းကို တောင်ကိုရီယား သတိပေးပစ်ခတ်

တောင်ကိုရီးယားလေပိုင်နက်ထဲဝင်လာတဲ့ ရုရှားစစ်လေယာဉ် တစ်စင်း ကို တောင်ကိုရီးယား တိုက်ဂျက်လေယာဉ် တွေက ဒီကနေ့ ဇူလိုင် ၂၃ ရက်မနက်မှာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားလေပိုင်နက်ထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ် သတိပေး ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယားပူးတွဲကာကွယ်ရေးဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာလည်း ဇူလိုင် ၂၃ ရက်မနက်က ရုရှားစစ်လေယာဉ်တစ်စင်းဟာ တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းလေပိုင်နက်ထဲကို ၂ ကြိမ် တိတိ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး၊ ရုရှားစစ်လေယာဉ်တစ်စင်း ဒီလို ပိုက်နက်ကျူးကျော်လာတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

သတိပေးပစ်ခတ်ခဲ့တဲ့လေယာဉ်ဟာ ဒီကနေ့မနက်အစောပိုင်းက ကိုရီးယားလေတပ်ကန့်သတ်နယ်မြေထဲ ဝင်လာတဲ့ ရုရှားစစ်လေယာဉ် ၃ စင်းထဲကတစ်စင်းဖြစ်ပြီး၊ တရုတ်စစ်လေယာဉ် ၂ စင်းလည်း ဝင်ရောက် လာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိတော့ တရုတ်နဲ့ ရုရှားဘက်က မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။ အခုလိုပိုင်နက် ကျူးလွန်မှုနဲ့ပသတ်က်ပြီး တရုတ်နဲ့ ရုရှားကို တရားဝင်ကန့်ကွက်ကြောင်း တိုင်ကြားတာတွေ လုပ်မယ် လို့ လည်း တောင်ကိုရီးယားက ပြောဆိုလိုက်ပါတယ် ။

 ရုရှားစစ်လေယာဉ်ဟာ အဲဒီနေ့နံနက် ၉ နာရီလောက်မှာ တောင်ကိုရီးယား သိမ်းပိုက်ထားတဲ့ Dokdo ကျွန်းပေါ်ကနေ ပျံသန်းခဲ့ တာဖြစ်ပြီး၊ မိနစ် ၂ဝအကြာမှာ ပြန်ဝင်လာခဲ့တာကြောင့် တောင်ကိုရီးယား ဘက်က သတိပေးပစ်ခတ်ခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။

Linko
Ref: brisbanetimes.com.au
ဆိုးလ်၊ဇူလိုင် ၂၃

(  Zawgyi  )

 ေတာင္ကိုရီးယားေလပိုင္နက္ထဲဝင္လာတဲ့ ႐ုရွားစစ္ေလယာဥ္ တစ္စင္း ကို ေတာင္ကိုရီးယား တိုက္ဂ်က္ေလယာဥ္ ေတြက ဒီကေန႔ ဇူလိုင္ ၂၃ ရက္မနက္မွာ ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားေလပိုင္နက္ထဲဝင္ေရာက္လာတဲ့အတြက္ ပစ္ခတ္ သတိေပး ခဲ့တာလို႔ ေတာင္ကိုရီးယား ကာကြယ္ေရး ဝန္ႀကီးဌာန အရာရွိ တစ္ဦးက ေျပာပါတယ္။

ေတာင္ကိုရီးယားပူးတြဲကာကြယ္ေရးဦးစီးခ်ဳပ္ရဲ့ထုတ္ျပန္ခ်က္ထဲမွာလည္း ဇူလိုင္ ၂၃ ရက္မနက္က ႐ုရွားစစ္ေလယာဥ္တစ္စင္းဟာ ေတာင္ကိုရီးယား အေရွ႕ဘက္ကမ္းရိုးတန္းေလပိုင္နက္ထဲကို ၂ ႀကိမ္ တိတိ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ၿပီး၊ ႐ုရွားစစ္ေလယာဥ္တစ္စင္း ဒီလို ပိုက္နက္က်ဴးေက်ာ္လာတာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း ေဖာ္ျပထား ပါတယ္။

သတိေပးပစ္ခတ္ခဲ့တဲ့ေလယာဥ္ဟာ ဒီကေန႔မနက္အေစာပိုင္းက ကိုရီးယားေလတပ္ကန႔္သတ္နယ္ေျမထဲ ဝင္လာတဲ့ ႐ုရွားစစ္ေလယာဥ္ ၃ စင္းထဲကတစ္စင္းျဖစ္ၿပီး၊ တ႐ုတ္စစ္ေလယာဥ္ ၂ စင္းလည္း ဝင္ေရာက္ လာခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ခုခ်ိန္ထိေတာ့ တ႐ုတ္နဲ႔ ႐ုရွားဘက္က မွတ္ခ်က္ေပးေျပာဆိုတာ မရွိေသးပါဘူး။ အခုလိုပိုင္နက္ က်ဴးလြန္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ႐ုရွားကို တရားဝင္ကန႔္ကြက္ေၾကာင္း တိုင္ၾကားတာေတြ လုပ္မယ္ လို႔ လည္း ေတာင္ကိုရီးယားက ေျပာဆိုလိုက္ပါတယ္ ။

 ႐ုရွားစစ္ေလယာဥ္ဟာ အဲဒီေန႔နံနက္ ၉ နာရီေလာက္မွာ ေတာင္ကိုရီးယား သိမ္းပိုက္ထားတဲ့ Dokdo ကၽြန္းေပၚကေန ပ်ံသန္းခဲ့ တာျဖစ္ၿပီး၊ မိနစ္ ၂ဝအၾကာမွာ ျပန္ဝင္လာခဲ့တာေၾကာင့္ ေတာင္ကိုရီးယား ဘက္က သတိေပးပစ္ခတ္ခဲ့ရတယ္လို႔ ေဖာ္ျပထား ပါတယ္။

Linko
Ref: brisbanetimes.com.au
ဆိုးလ္၊ဇူလိုင္ ၂၃