ရုရှားမှစစ်လက်နက်ပစ္စည်းဝယ်ယူလျှင် ပိတ်ဆို့အရေးယူမည်ဟု တူရကီနှင့် အီဂျစ်ကို အမေရိကန်ခြိမ်းခြောက်

ရုရှားမှစစ်လက်နက်ပစ္စည်းဝယ်ယူလျှင် ပိတ်ဆို့အရေးယူမည်ဟု တူရကီနှင့် အီဂျစ်ကို အမေရိကန်ခြိမ်းခြောက်

ရုရှားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမည့်အစီအစဉ်ကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက ပိတ်ဆို့အရေးယူ မှုများ ချမှတ်မည်ဟု အမေရိကန်က ၎င်း၏ မဟာမိတ်များဖြစ်သည့် တူရကီနှင့် အီဂျစ်နိုင်ငံတို့အား သတိပေး ပြောကြားလိုက်ပါတယ်။ အမည်မဖော် လိုသူ အမေရိကန် အဆင့်မြင့်အရာရှိက  ရုရှား၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်အား ဝယ်ယူထား သည့် တူရကီအစိုးရအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လိုပါက ဆက်လက်ဝယ်ယူခြင်း မပြုရန် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီအနေဖြင့် ပထမအသုတ် ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဇူလိုင်လတွင် စတင် ရယူခဲ့ရာ အမေရိကန်က လည်း ၎င်း၏ အက်ဖ်-၃၅ တိုက်လေယာဉ်အစီအစဉ်မှ  ထုတ်ပယ်ခဲ့ပါတယ်။ အမေရိကန်နှင့် နေတိုးစစ်ဘက် အရာရှိများက တူရကီက ရုရှားမှ S-400 များ ဝယ်ယူခြင်းကို ကန့်ကွက်ထားပြီး ယင်းစနစ်သည် မဟာမိတ်အဖွဲ့၏ စစ်လက်နက်စနစ်နှင့် ကိုက်ညီခြင်းမရှိသလို အနောက်နိုင်ငံ များက အသုံးပြု သည့် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောကြားပါတယ်။

ယင်းတိုက်လေယာဉ်များကို S-400 နှင့် တွဲဖက်အသုံးပြုပါက ရုရှားအနေဖြင့် ယင်းလေယာဉ်များနှင့် ပတ်သက်၍ အရေးပါသည့် နည်းပညာ ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရရှိသွားနိုင်သည်ဟု အမေရိကန်က ပြောကြားပါတယ်။ တူရကီအနေဖြင့် ရုရှား၏ အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်အစား အမေရိကန်လုပ် ပက်ထရီယော့ စနစ်ကို ဝယ် ယူရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရနိုင်သော်လည်း တူရကီသမ္မတရီကက်တေယစ် အာဒိုဂန်က  တိုက်တွန်းမှုကို လက်မခံခဲ့ပေ။ သမ္မတေ ဒါ်နယ်ထရမ့် က အာဒိုဂန်ကို ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပါတယ်။ အာဒိုဂန်က ရုရှားထံမှ ဒုံးကျည်ကာကွယ်ရေး စနစ် ဝယ်ယူမည့်အစီအစဉ်ကို စွန့်လွှတ်သွားမည်မဟုတ်ကြောင်း နှင့် မော်စကိုနှင့် ဆက်ဆံရေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားထား ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အစိုးရအနေဖြင့် တူရကီကိစ္စကို ဆွေးနွေးရမည်ဟု  သတင်းထောက်များကို ပြောကြားထားပါတယ်။

Linko
Ref: rferl.org
ဝါရှင်တန်၊နိုဝင်ဘာ ၂၂

(  Zawgyi  )

 ႐ုရွားထံမွ စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူမည့္အစီအစဥ္ကို ဆက္လက္ လုပ္ေဆာင္မည္ဆိုပါက ပိတ္ဆို႔အေရးယူ မႈမ်ား ခ်မွတ္မည္ဟု အေမရိကန္က ၎၏ မဟာမိတ္မ်ားျဖစ္သည့္ တူရကီႏွင့္ အီဂ်စ္ႏိုင္ငံတို႔အား သတိေပး ေျပာၾကားလိုက္ပါတယ္။ အမည္မေဖာ္ လိုသူ အေမရိကန္ အဆင့္ျမင့္အရာရွိက  ႐ုရွား၏ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္အား ဝယ္ယူထား သည့္ တူရကီအစိုးရအေနျဖင့္ အေမရိကန္ႏွင့္ ဆက္ဆံေရး တိုးတက္ေကာင္းမြန္လိုပါက ဆက္လက္ဝယ္ယူျခင္း မျပဳရန္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္သည့္ တူရကီအေနျဖင့္ ပထမအသုတ္ ႐ုရွား ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ဇူလိုင္လတြင္ စတင္ ရယူခဲ့ရာ အေမရိကန္က လည္း ၎၏ အက္ဖ္-၃၅ တိုက္ေလယာဥ္အစီအစဥ္မွ  ထုတ္ပယ္ခဲ့ပါတယ္။ အေမရိကန္ႏွင့္ ေနတိုးစစ္ဘက္ အရာရွိမ်ားက တူရကီက ႐ုရွားမွ S-400 မ်ား ဝယ္ယူျခင္းကို ကန႔္ကြက္ထားၿပီး ယင္းစနစ္သည္ မဟာမိတ္အဖြဲ႕၏ စစ္လက္နက္စနစ္ႏွင့္ ကိုက္ညီျခင္းမရွိသလို အေနာက္ႏိုင္ငံ မ်ားက အသုံးျပဳ သည့္ အက္ဖ္-၃၅ ဂ်က္တိုက္ေလယာဥ္မ်ားကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ေျပာၾကားပါတယ္။

ယင္းတိုက္ေလယာဥ္မ်ားကို S-400 ႏွင့္ တြဲဖက္အသုံးျပဳပါက ႐ုရွားအေနျဖင့္ ယင္းေလယာဥ္မ်ားႏွင့္ ပတ္သက္၍ အေရးပါသည့္ နည္းပညာ ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ရရွိသြားႏိုင္သည္ဟု အေမရိကန္က ေျပာၾကားပါတယ္။ တူရကီအေနျဖင့္ ႐ုရွား၏ အဆိုပါ ဒုံးက်ည္ ကာကြယ္ေရးစနစ္အစား အေမရိကန္လုပ္ ပက္ထရီေယာ့ စနစ္ကို ဝယ္ ယူရန္ အေမရိကန္အစိုးရက တိုက္တြန္းခဲ့ပါတယ္။

ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေသာ္လည္း တူရကီသမၼတရီကက္ေတယစ္ အာဒိုဂန္က  တိုက္တြန္းမႈကို လက္မခံခဲ့ေပ။ သမၼေတ ဒၚနယ္ထရမ့္ က အာဒိုဂန္ကို ၿပီးခဲ့သည့္သီတင္းပတ္အတြင္းက အိမ္ျဖဴေတာ္၌ ေတြ႕ဆုံခဲ့ပါတယ္။ အာဒိုဂန္က ႐ုရွားထံမွ ဒုံးက်ည္ကာကြယ္ေရး စနစ္ ဝယ္ယူမည့္အစီအစဥ္ကို စြန႔္လႊတ္သြားမည္မဟုတ္ေၾကာင္း ႏွင့္ ေမာ္စကိုႏွင့္ ဆက္ဆံေရးတိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထား ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးက အစိုးရအေနျဖင့္ တူရကီကိစၥကို ေဆြးေႏြးရမည္ဟု  သတင္းေထာက္မ်ားကို ေျပာၾကားထားပါတယ္။

Linko
Ref: rferl.org
ဝါရွင္တန္၊ႏိုဝင္ဘာ ၂၂