ရုရှားရေငုပ်သင်္ဘောများက ဗြိတိန်ရေပိုင်နက်အတွက် စိုးရိမ်စရာဖြစ်နေ

 
ရုရှားရေငုပ်သင်္ဘောများက ဗြိတိန်ရေပိုင်နက်အတွက် စိုးရိမ်စရာဖြစ်နေ

ရုရှားက နောက်ဆုံး ထုတ်လုပ်လိုက်သည့် အသံတိတ် ရေငုပ်သင်္ဘောများသည် ဗြိတိန်ရေပိုင်နက် အတွင်း လျှု့ိဝှက်စွာ ဝင်ရောက်မည်ကို စိုးရိမ်စရာဖြစ်နေကြောင်း စစ်ဘက်ရင်းမြစ်များက ဖော်ပြထားပါတယ်။

အနောက်အုပ်စု နေတိုးတပ်ဖွဲ့က Kilo-Class ဟု အမည်ပေးထားသည့် ရုရှားရေငုပ်သင်္ဘော အသစ် များသည် ထောက်လှမ်းရေးစနစ်များကို ရှောင်ရှားပြီး မြောက်အတ္တလန္တိတ်ဒေသရှိ ဗြိတိန်ရေတပ် အုပ်စုကို ခြေရာခံ စောင့်ကြည့်ခြင်းဖြစ်စေ၊ ပင်လယ်ရေအောက် အင်တာနက်ကြိုးများကိုနှောက်ယှက်ခြင်း တို့ လုပ်ဆောင်မည်ကို စိုးရိမ်လျှက်ရှိပါတယ်။

ဗြိတိန်တော်ဝင်ရေတပ်အလံတင် လေယာဉ်တင်သင်္ဘော HMS Queen Elizabeth နှင့် နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောများသည် ရုရှားရေငုပ်သင်္ဘော၏ ရေဒါရှောင်ရှားနိုင်သည့် နည်းပညာကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်။

“ၤFirst Sea Lord တပ်ဖွဲ့အသစ်အနေနဲ့ ရေအောက် စစ်အင်အား တိုးမြှင့်ဖို့ လိုသလို လက်ရှိ လုပ်နေ တာထက် ပိုကောင်းအောင် လုပ်ဖို့ လိုအပ်ပါတယ်” ဟု အကြီးတန်း စစ်ဘက်သတင်းရင်းမြစ် တစ်ဦး က Telegraph ကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၅ နှစ်မှ နှစ် ၂၀ အထိ လုပ်ခဲ့တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး ကြီးမားစွာ တိုးတက်လာ မှုကြောင့် အသံတိတ် Kilo ရေငုပ်သင်္ဘောတွေကို ထုတ်လုပ်လာနိုင်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောပါတယ်။

Project 636.3 သို့မဟုတ် ရုရှားဘာသာဖြင့် Varshavyanka-class တွင် ခေတ်မီ ရေငုပ်သင်္ဘော ၆ စင်းကိုအသုံးပြုနေပြီဖြစ်ကာ ဒုတိယအကြိမ်ထပ်ထည့် ၆ စင်းအနက်မှ ပထမဆုံးအစင်းကို ရုရှားရေတပ် တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်အသုံးပြုမှာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်က ထွက်ရှိခဲ့သည့် The Hunt for Red October ရုပ်ရှင်ဇာတ်ကားတွင် ရုရှား၏ ခေတ်အမီဆုံး န ျူကလီးယား ရေငုပ်သင်္ဘောက အမေရိကန်ကို ပစ်မှတ်ထားခြိမ်းခြောက် သည့် အတိုင်း ဖြစ်လာမည်ကိုလည်း စိုးရိမ်လျှက်ရှိပါတယ်။ တိုပီဒို ၁၈ စင်း၊ ပင်လယ်ပြင်မိုင်းများနှင့် ခရုဇ်ဒုံးကျည် များ တပ်ဆင်ထားသည့် Varshavyanka-class ရေငုပ်သင်္ဘောများသည် တော်ဝင်ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး တိုနီရာဒါကင်က ရေတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှု လုပ်ရန် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့ပေးစေလိုကြောင်းလည်း ပြောကြားထား ပါတယ်။

ရေတပ်အကြီးအကဲအဖြစ် ပထမဆုံးထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းက “ န ျူကလီးယား ရေငုပ်သင်္ဘော တွေ မြောက်အတ္တလန္တိတ်ဒေသမှာ လွပ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ပိုမိုဆောင်ရွက် ရပါ မယ်။ ပြိုင်ဆိုင်မှုတွေ မြင့်တက်လာပြီး နိုင်ငံအချင်းချင်း ပြဿနာတွေရှိလာနိုင်တာကြောင့် ပြောင်းလဲ လာတဲ့ အခြေအနေတွေနဲ့ အတူ ပိုမိုတုံ့ပြန်ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ပြောကြားပါတယ်။

Linko
Ref:telegraph
 လန်ဒန်၊ သြဂုတ် ၄

(  Zawgyi  )

 ႐ုရွားက ေနာက္ဆုံး ထုတ္လုပ္လိုက္သည့္ အသံတိတ္ ေရငုပ္သေဘၤာမ်ားသည္ ၿဗိတိန္ေရပိုင္နက္ အတြင္း လွ်ဳ႕ိဝွက္စြာ ဝင္ေရာက္မည္ကို စိုးရိမ္စရာျဖစ္ေနေၾကာင္း စစ္ဘက္ရင္းျမစ္မ်ားက ေဖာ္ျပထားပါတယ္။

အေနာက္အုပ္စု ေနတိုးတပ္ဖြဲ႕က Kilo-Class ဟု အမည္ေပးထားသည့္ ႐ုရွားေရငုပ္သေဘၤာ အသစ္ မ်ားသည္ ေထာက္လွမ္းေရးစနစ္မ်ားကို ေရွာင္ရွားၿပီး ေျမာက္အတၱလႏၲိတ္ေဒသရွိ ၿဗိတိန္ေရတပ္ အုပ္စုကို ေျခရာခံ ေစာင့္ၾကည့္ျခင္းျဖစ္ေစ၊ ပင္လယ္ေရေအာက္ အင္တာနက္ႀကိဳးမ်ားကိုေႏွာက္ယွက္ျခင္း တို႔ လုပ္ေဆာင္မည္ကို စိုးရိမ္လွ်က္ရွိပါတယ္။

ၿဗိတိန္ေတာ္ဝင္ေရတပ္အလံတင္ ေလယာဥ္တင္သေဘၤာ HMS Queen Elizabeth ႏွင့္ န်ဴကလီးယား လက္နက္တပ္ ေရငုပ္သေဘၤာမ်ားသည္ ႐ုရွားေရငုပ္သေဘၤာ၏ ေရဒါေရွာင္ရွားႏိုင္သည့္ နည္းပညာေၾကာင့္ စိုးရိမ္စရာျဖစ္ေနပါတယ္။

“ၤFirst Sea Lord တပ္ဖြဲ႕အသစ္အေနနဲ႔ ေရေအာက္ စစ္အင္အား တိုးျမႇင့္ဖို႔ လိုသလို လက္ရွိ လုပ္ေန တာထက္ ပိုေကာင္းေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္” ဟု အႀကီးတန္း စစ္ဘက္သတင္းရင္းျမစ္ တစ္ဦး က Telegraph ကို ေျပာပါတယ္။

“လြန္ခဲ့တဲ့ ၁၅ ႏွစ္မွ ႏွစ္ ၂၀ အထိ လုပ္ခဲ့တဲ့ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရး ႀကီးမားစြာ တိုးတက္လာ မႈေၾကာင့္ အသံတိတ္ Kilo ေရငုပ္သေဘၤာေတြကို ထုတ္လုပ္လာႏိုင္တာျဖစ္ပါတယ္” ဟု ၎က ေျပာပါတယ္။

Project 636.3 သို႔မဟုတ္ ႐ုရွားဘာသာျဖင့္ Varshavyanka-class တြင္ ေခတ္မီ ေရငုပ္သေဘၤာ ၆ စင္းကိုအသုံးျပဳေနၿပီျဖစ္ကာ ဒုတိယအႀကိမ္ထပ္ထည့္ ၆ စင္းအနက္မွ ပထမဆုံးအစင္းကို ႐ုရွားေရတပ္ တြင္ ယခုႏွစ္ကုန္ပိုင္း၌ စတင္အသုံးျပဳမွာျဖစ္ပါတယ္။

၁၉၉၀ ခုႏွစ္က ထြက္ရွိခဲ့သည့္ The Hunt for Red October ႐ုပ္ရွင္ဇာတ္ကားတြင္ ႐ုရွား၏ ေခတ္အမီဆုံး န ်ဴကလီးယား ေရငုပ္သေဘၤာက အေမရိကန္ကို ပစ္မွတ္ထားၿခိမ္းေျခာက္ သည့္ အတိုင္း ျဖစ္လာမည္ကိုလည္း စိုးရိမ္လွ်က္ရွိပါတယ္။ တိုပီဒို ၁၈ စင္း၊ ပင္လယ္ျပင္မိုင္းမ်ားႏွင့္ ခ႐ုဇ္ဒုံးက်ည္ မ်ား တပ္ဆင္ထားသည့္ Varshavyanka-class ေရငုပ္သေဘၤာမ်ားသည္ ေတာ္ဝင္ေရတပ္အႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး တိုနီရာဒါကင္က ေရတပ္ဖြဲ႕ကို ျပဳျပင္ေျပာင္းလဲမႈ လုပ္ရန္ တင္းၾကပ္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအား ေျဖေလွ်ာ့ေပးေစလိုေၾကာင္းလည္း ေျပာၾကားထား ပါတယ္။

ေရတပ္အႀကီးအကဲအျဖစ္ ပထမဆုံးထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ၎က “ န ်ဴကလီးယား ေရငုပ္သေဘၤာ ေတြ ေျမာက္အတၱလႏၲိတ္ေဒသမွာ လြပ္လပ္စြာ လႈပ္ရွားႏိုင္ဖို႔ ပိုမိုေဆာင္႐ြက္ ရပါ မယ္။ ၿပိဳင္ဆိုင္မႈေတြ ျမင့္တက္လာၿပီး ႏိုင္ငံအခ်င္းခ်င္း ျပႆနာေတြရွိလာႏိုင္တာေၾကာင့္ ေျပာင္းလဲ လာတဲ့ အေျခအေနေတြနဲ႔ အတူ ပိုမိုတုံ႔ျပန္ေဆာင္႐ြက္ဖို႔ လိုပါတယ္” လို႔ ေျပာၾကားပါတယ္။

Linko
Ref:telegraph
 လန္ဒန္၊ ၾသဂုတ္ ၄