ရုရှားလုပ် S-400 ဒုံးခွင်းစနစ် တူရကီဝယ်ယူမှုအပေါ် အပြစ်မတင်လို ဟု အမေရိကန်သမ္မတဆို

ရုရှားလုပ် S-400 ဒုံးခွင်းစနစ် တူရကီဝယ်ယူမှုအပေါ် အပြစ်မတင်လို ဟု အမေရိကန်သမ္မတဆို

ရုရှားလုပ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ် တူရကီဝယ်ယူမှုနဲ့ပတ်သက်ပြီး အပြစ်မတင်လိုဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဒါဟာ S-400 ဒုံးခွင်းစနစ်ဝယ်ယူတဲ့အပေါ် တူရကီကို ပိတ်ဆို့အရေးယူတာမျိုးတွေ သူလုပ်ဖို့စိတ်ဆန္ဒမရှိဘူး ဆိုတဲ့သဘောလည်း သက်ရောက်ပါတယ်။

“အိုဘားမားအစိုးရလက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေ အများကြီးရှိနေပြီး၊ အင်မတန်အခက်တွေ့ရတယ်”လို့ သမ္မတထရမ့်က အိမ်ဖြူတော်အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ တူရကီက F-35 Joint Strike Fighter Program လို့ခေါ်တဲ့အစီအစဉ်ကနေ နုတ်ထွက်မယ် လို့ ကြေညာခဲ့တဲ့နောက်ပိုင်း သမ္မတထရမ့်ဟာ တူရကီအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို ချပြလိုက်တာ ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်အစီအစဉ်မှာ အမေရိကန်၊ တူရကီ၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဗြိတိန်၊ အီတလီ၊ ကနေဒါနဲ့ နော်ဝေတို့ ပါဝင်ပြီး၊ နောက်ဆုံးပေါ်အဆင့်မြင့် F-35လေယာဉ်တွေနဲ့ အစားထိုး တဲ့လုပ်ငန်းစဉ် အပါအဝင်ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ခုနှစ် မတ်လကုန်မှာ အဲဒီအစီအစဉ်ကနုတ်ထွက်ဖို့ တူရကီက အဆိုပြုခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ရုရှားလက်နက် လုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမယ့် ဥပဒေပြဌာန်းနိုင်ဖို့အထိ စဉ်းစားထားပြီး၊ နည်းလမ်းရှာနေ ပါတယ်။ ၂၀၁၇ခုနှစ်တုန်းကလည်း အမေရိကန်ရဲ့ရန်ဘက်တွေကိုတန်ပြန်တဲ့ ပိတ်ဆို့အရေးယူမှုဥပဒေတစ်ရပ် အတည်ပြုပြဌာန်းခဲ့ပါတယ်။

အခုလို တူရကီရဲ့S-400 လေကြောင်းကာကွယ်ရေးစနစ်ဝယ်ယူမှုမှာတော့ သူ့ဘက်က ဒဏ်ခတ်တဲ့အထိမလုပ်လိုဘူးလို့ ဇူလိုင် ၂၃ရက်နေ့ သူ့ရဲ့ပါတီဝင်တွေနဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ ပြောပါတယ်။ လက်ရှိတူရကီနဲ့ဖြစ်နေတဲ့အခြေအနေအပါအဝင် အမေရိကန်လုပ် Patriot ဒုံးစနစ် တူရကီကိုရောင်းချဖို့ငြင်းပယ်ခဲ့တဲ့ အိုဘားမားအစိုးရကို မစ္စတာထရမ့်က အပြစ်တင်ခဲ့ပါတယ်။

ရည်မွန်သော်
Ref:trtworld
ဝါရှင်တန်၊ဇူလိုင် ၂၇

(  Zawgyi  )

 ႐ုရွားလုပ္ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ တူရကီဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အျပစ္မတင္လိုဘူးလို႔ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္က ဇူလိုင္ ၂၆ ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။ ဒါဟာ S-400 ဒုံးခြင္းစနစ္ဝယ္ယူတဲ့အေပၚ တူရကီကို ပိတ္ဆို႔အေရးယူတာမ်ိဳးေတြ သူလုပ္ဖို႔စိတ္ဆႏၵမရွိဘူး ဆိုတဲ့သေဘာလည္း သက္ေရာက္ပါတယ္။

“အိုဘားမားအစိုးရလက္ထက္မွာ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနေတြနဲ႔ အခက္အခဲေတြ အမ်ားႀကီးရွိေနၿပီး၊ အင္မတန္အခက္ေတြ႕ရတယ္”လို႔ သမၼတထရမ့္က အိမ္ျဖဴေတာ္အစည္းအေဝးမွာ ေျပာဆိုသြားပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္မွာ တူရကီက F-35 Joint Strike Fighter Program လို႔ေခၚတဲ့အစီအစဥ္ကေန ႏုတ္ထြက္မယ္ လို႔ ေၾကညာခဲ့တဲ့ေနာက္ပိုင္း သမၼတထရမ့္ဟာ တူရကီအေပၚထားတဲ့ သူ႔ရဲ႕သေဘာထားကို ခ်ျပလိုက္တာ ျဖစ္ပါတယ္။ F-35 တိုက္ေလယာဥ္အစီအစဥ္မွာ အေမရိကန္၊ တူရကီ၊ ၾသစေၾတးလ်၊ ဒိန္းမတ္၊ နယ္သာလန္၊ ၿဗိတိန္၊ အီတလီ၊ ကေနဒါနဲ႔ ေနာ္ေဝတို႔ ပါဝင္ၿပီး၊ ေနာက္ဆုံးေပၚအဆင့္ျမင့္ F-35ေလယာဥ္ေတြနဲ႔ အစားထိုး တဲ့လုပ္ငန္းစဥ္ အပါအဝင္ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၀ခုႏွစ္ မတ္လကုန္မွာ အဲဒီအစီအစဥ္ကႏုတ္ထြက္ဖို႔ တူရကီက အဆိုျပဳခဲ့ပါတယ္။ သမၼတထရမ့္ကေတာ့ ႐ုရွားလက္နက္ လုပ္ငန္းေတြနဲ႔ ဆက္ႏႊယ္တဲ့ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းေတြကို ပိတ္ဆို႔အေရးယူမယ့္ ဥပေဒျပဌာန္းႏိုင္ဖို႔အထိ စဥ္းစားထားၿပီး၊ နည္းလမ္းရွာေန ပါတယ္။ ၂၀၁၇ခုႏွစ္တုန္းကလည္း အေမရိကန္ရဲ႕ရန္ဘက္ေတြကိုတန္ျပန္တဲ့ ပိတ္ဆို႔အေရးယူမႈဥပေဒတစ္ရပ္ အတည္ျပဳျပဌာန္းခဲ့ပါတယ္။

အခုလို တူရကီရဲ႕S-400 ေလေၾကာင္းကာကြယ္ေရးစနစ္ဝယ္ယူမႈမွာေတာ့ သူ႔ဘက္က ဒဏ္ခတ္တဲ့အထိမလုပ္လိုဘူးလို႔ ဇူလိုင္ ၂၃ရက္ေန႔ သူ႔ရဲ႕ပါတီဝင္ေတြနဲ႔ အိမ္ျဖဴေတာ္အစည္းအေဝးမွာ ေျပာပါတယ္။ လက္ရွိတူရကီနဲ႔ျဖစ္ေနတဲ့အေျခအေနအပါအဝင္ အေမရိကန္လုပ္ Patriot ဒုံးစနစ္ တူရကီကိုေရာင္းခ်ဖို႔ျငင္းပယ္ခဲ့တဲ့ အိုဘားမားအစိုးရကို မစၥတာထရမ့္က အျပစ္တင္ခဲ့ပါတယ္။

ရည္မြန္ေသာ္
Ref:trtworld
ဝါရွင္တန္၊ဇူလိုင္ ၂၇