ရုရှားအပေါ် သဘောထားတင်းမာသည့် အမေရိကန်သံအမတ်ကြီးရာထူးမှ နုတ်ထွက်မည်

  ရုရှားအပေါ် သဘောထားတင်းမာသည့် အမေရိကန်သံအမတ်ကြီးရာထူးမှ နုတ်ထွက်မည်

ရုရှားနိုင်ငံအမေရိကန်သံအမတ်ကြီးအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဂျွန်ဟန့်မန်းဟာမကြာခင် ရာထူးမှ နုတ်ထွက်တော့ မှာဖြစ်ပြီးနှစ်နိုင်ငံအကြားညှိနှိုင်းမရသည့် ပြဿနာများ၊ ရုရှားကအမေရိကန်နှင့် မဟာမိတ်များအပေါ် ခြိမ်းခြောက်မှုများရှိလာပါက ရုရှားအနေနဲ့ တာဝန်ယူရမယ်လို့ သတိပေးလိုက်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် သမ္မတထရမ့်က၎င်းအား ယုံကြည်စွာတာဝန်ပေးခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်းသူရဲ့ နုတ်ထွက်စာမှာဖော်ပြထားပါတယ်။ ဥတားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီးတတိယအကြိမ် ပြန်လည်အရွေးခံမည်ဟုသတင်းများထွက်နေသည့် ဟန့်မန်းကလက်ရှိရာထူးမှ အောက်တိုဘာ ၃ ရက်မှ နုတ်ထွက်မှာဖြစ်ပါတယ်။ ၎င်းအနေနဲ့ နေရပ်ပြည်နယ်ကို ပြန်ပြီးဒေသခံများအတွက် အလုပ်လုပ်ပေးချင် ကြောင်း နုတ်ထွက်စာမှာဖော်ပြထားပါတယ်။

ဟန့်မန်းမော်စကိုမြို့သို့ ရောက်ရှိပြီးနောက် နှစ်နိုင်ငံအကြား ပြဿနာတက်ခဲ့မှုများတွင် ရုရှားကအမေရိကန်၏ ပိတ်ဆို့အရေးယူမှု များကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သံတမန်အများအပြားကို ပြည်တွင်းမှ နှင်ထုတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ်တေလာဆန် ကလည်း နှစ်နိုင်ငံဆက်ဆံရေးသည် စစ်အေးခေတ်နောက် ပိုင်းအဆိုးရွားဆုံးဖြစ်နေကြောင်းပြောကြားပါတယ်။ သို့သော် သမ္မတထရမ့်၏ အစိုးရကအနည်းငယ်တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။

ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီမြို့၌ သမ္မတထရမ့်နှင့် သမ္မတဗလာဒီမာပူတင်တို့၏ ဆွေးနွေးပွဲသည် အရှက်ရစရာ ဖြစ်ခဲ့သော်ကြောင့် ဟန့်မင်းအနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဝေဖန်သူများက ၂၀၁၈ ခုနှစ်မှာတောင်းဆိုခဲ့ပါတယ်။ အမေရိကန် ၏ ပြည်တွင်းနိုင်ငံခြားရေး အခြေအနေကြောင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေတိုးတက်လာမည် မဟုတ်ကြောင်းအမည်မဖော်လိုသူ နိုင်ငံခြားရေးဝန်ကြီး ဌာန အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ရုရှားနိုင်ငံပိုင် Tassသတင်းဌာနကဖော်ပြထားပါတယ်။

ရုရှားသမ္မတ၏ လူ့အခွင့်အရေးအပေါ် မလေးစားမှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြားအာဏာအပေါ် ချိုးဖောက်ခြင်းများကို လည်းဟန့်မင်းကသူရဲ့ နုတ်ထွက်စာမှာသတိပေးထားပါတယ်။ သံအမတ်သစ် ခန့်အပ်ရေးအတွက် ထရမ့်နှင့် ပူတင်တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်းကဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်းစီအင်န်အင်န်သတင်းဌာနကဖော်ပြခဲ့သော်လည်းအိမ်ဖြူတော်ကမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

Linko
Ref:The Guardian
မော်စကို၊သြဂုတ် ၇

(  Zawgyi  )

 ႐ုရွားႏိုင္ငံအေမရိကန္သံအမတ္ႀကီးအျဖစ္ ၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သည့္ ဂြၽန္ဟန႔္မန္းဟာမၾကာခင္ ရာထူးမွ ႏုတ္ထြက္ေတာ့ မွာျဖစ္ၿပီးႏွစ္ႏိုင္ငံအၾကားညႇိႏႈိင္းမရသည့္ ျပႆနာမ်ား၊ ႐ုရွားကအေမရိကန္ႏွင့္ မဟာမိတ္မ်ားအေပၚ ၿခိမ္းေျခာက္မႈမ်ားရွိလာပါက ႐ုရွားအေနနဲ႔ တာဝန္ယူရမယ္လို႔ သတိေပးလိုက္ပါတယ္။

ႏွစ္ႏိုင္ငံဆက္ဆံေရးအခက္အခဲမ်ား ျဖစ္ေပၚေနခ်ိန္တြင္ သမၼတထရမ့္က၎အား ယုံၾကည္စြာတာဝန္ေပးခဲ့ျခင္းအေပၚ ဂုဏ္ယူေၾကာင္းသူရဲ႕ ႏုတ္ထြက္စာမွာေဖာ္ျပထားပါတယ္။ ဥတားျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ သက္တမ္းႏွစ္ႀကိမ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီးတတိယအႀကိမ္ ျပန္လည္အေ႐ြးခံမည္ဟုသတင္းမ်ားထြက္ေနသည့္ ဟန႔္မန္းကလက္ရွိရာထူးမွ ေအာက္တိုဘာ ၃ ရက္မွ ႏုတ္ထြက္မွာျဖစ္ပါတယ္။ ၎အေနနဲ႔ ေနရပ္ျပည္နယ္ကို ျပန္ၿပီးေဒသခံမ်ားအတြက္ အလုပ္လုပ္ေပးခ်င္ ေၾကာင္း ႏုတ္ထြက္စာမွာေဖာ္ျပထားပါတယ္။

ဟန႔္မန္းေမာ္စကိုၿမိဳ႕သို႔ ေရာက္ရွိၿပီးေနာက္ ႏွစ္ႏိုင္ငံအၾကား ျပႆနာတက္ခဲ့မႈမ်ားတြင္ ႐ုရွားကအေမရိကန္၏ ပိတ္ဆို႔အေရးယူမႈ မ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ အေမရိကန္သံတမန္အမ်ားအျပားကို ျပည္တြင္းမွ ႏွင္ထုတ္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ရက္စ္ေတလာဆန္ ကလည္း ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ စစ္ေအးေခတ္ေနာက္ ပိုင္းအဆိုး႐ြားဆုံးျဖစ္ေနေၾကာင္းေျပာၾကားပါတယ္။ သို႔ေသာ္ သမၼတထရမ့္၏ အစိုးရကအနည္းငယ္တိုးတက္မႈရွိတယ္လို႔ ဆိုပါတယ္။

ဖင္လန္ႏိုင္ငံ၊ ဟယ္ဆင္ကီၿမိဳ႕၌ သမၼတထရမ့္ႏွင့္ သမၼတဗလာဒီမာပူတင္တို႔၏ ေဆြးေႏြးပြဲသည္ အရွက္ရစရာ ျဖစ္ခဲ့ေသာ္ေၾကာင့္ ဟန႔္မင္းအေနျဖင့္ ရာထူးမွ ႏုတ္ထြက္ရန္ ေဝဖန္သူမ်ားက ၂၀၁၈ ခုႏွစ္မွာေတာင္းဆိုခဲ့ပါတယ္။ အေမရိကန္ ၏ ျပည္တြင္းႏိုင္ငံျခားေရး အေျခအေနေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးအေျခအေနတိုးတက္လာမည္ မဟုတ္ေၾကာင္းအမည္မေဖာ္လိုသူ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန အရာရွိတစ္ဦး၏ ေျပာၾကားခ်က္ကိုကိုးကား၍ ႐ုရွားႏိုင္ငံပိုင္ Tassသတင္းဌာနကေဖာ္ျပထားပါတယ္။

႐ုရွားသမၼတ၏ လူ႔အခြင့္အေရးအေပၚ မေလးစားမႈမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ အခ်ဳပ္အျခားအာဏာအေပၚ ခ်ိဳးေဖာက္ျခင္းမ်ားကို လည္းဟန႔္မင္းကသူရဲ႕ ႏုတ္ထြက္စာမွာသတိေပးထားပါတယ္။ သံအမတ္သစ္ ခန႔္အပ္ေရးအတြက္ ထရမ့္ႏွင့္ ပူတင္တို႔အၾကား ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းကဖုန္းျဖင့္ ေဆြးေႏြးခဲ့ေၾကာင္းစီအင္န္အင္န္သတင္းဌာနကေဖာ္ျပခဲ့ေသာ္လည္းအိမ္ျဖဴေတာ္ကမဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။

Linko
Ref:The Guardian
ေမာ္စကို၊ၾသဂုတ္ ၇