ရုရှား လက်နက်သစ် စမ်းသပ်မှုတွင် သိပ္ပံပညာရှင် ၅ ဦးသေဆုံး

ရုရှား လက်နက်သစ် စမ်းသပ်မှုတွင် သိပ္ပံပညာရှင် ၅ ဦးသေဆုံး

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် လက်နက်သစ် စမ်းသပ်မှုတွင် ပေါက်ကွဲမှုကြောင့် သိပ္ပံပညာရှင် ငါးဦး သေဆုံးသွားကြောင်း ရုရှား နျူကလီးယား အေဂျင်စီအကြီးအကဲက သြဂုတ် ၁၂ ရက်တွင် အတည်ပြု ပြောကြားလိုက်သော်လည်း စမ်းသပ်မှုများကို အောင်မြင်သည် အထိ ဆက်လက် လုပ်ဆောင်သွားမယ် ပြောကြားပါတယ်။

ပင်လယ်ဖြူကမ်းရိုးတန်းရှိ အာတိတ်စစ်စခန်း၌ သြဂုတ် ၈ ရက်က အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုလည်း မြင့်တက်သွားခဲ့ပါတယ်။အမေရိကန်ကျွမ်းကျင်သူများက အဆိုပါ ပေါက်ကွဲမှုသည် Burevestnik ခရုဇ်ဒုံးကျည် စမ်းသပ်မှုနှင့် သက်ဆိုင်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ အဆိုပါ ဒုံးကျည်အကြောင်းကို သမ္မတဗလာဒီမာ ပူတင်က ယခုနှစ် အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှာ နျူကလီးယားအေဂျင်စီ ရိုဆာတန်က ၎င်း၏ သိပ္ပံပညာရှင် ငါးဦး သေဆုံးခြင်းအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ရိုဆာတန်အဖွဲ့ခေါင်းဆောင် အလက်ဇီလီခါချက်ဗ်က “သူတို့ကို အကောင်းဆုံး အမှတ်ရနေပြီးတော့ လက်နက်သစ် ထုတ်လုပ်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောကြားပါတယ်။နိုင်ငံ၏ လုံခြုံရေးတာဝန်များကို ဖြည့်ဆည်း သွားမယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားပါတယ်။

အဆိုပါ သိပ္ပံပညာရှင်များ၏ ဈာပနကို မော်စကိုမြို့အရှေ့ဖက် ကီလိုမီတာ ၅၀၀ အကွာ ဆာရော့ဗ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ယင်းမြို့ဟာ စစ်အေးခတ်ကာလအတွင်းက အထူးလုံခြုံရေးထားရှိတဲ့ အာဇာမက် ၁၆ ဟု အမည်ရပြီး ဆိုဗီယက် ယူနီယမ်ခေတ်ရဲ့ ပထမဆံ့ုး နျူကလီးယား လက်နက်များကို ထုတ်လုပ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

Linko
Ref:AFP
မော်စကို၊သြဂုတ် ၁၃

(  Zawgyi  )

 ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက ျပဳလုပ္ခဲ့သည့္ လက္နက္သစ္ စမ္းသပ္မႈတြင္ ေပါက္ကြဲမႈေၾကာင့္ သိပၸံပညာရွင္ ငါးဦး ေသဆုံးသြားေၾကာင္း ႐ုရွား န်ဴကလီးယား ေအဂ်င္စီအႀကီးအကဲက ၾသဂုတ္ ၁၂ ရက္တြင္ အတည္ျပဳ ေျပာၾကားလိုက္ေသာ္လည္း စမ္းသပ္မႈမ်ားကို ေအာင္ျမင္သည္ အထိ ဆက္လက္ လုပ္ေဆာင္သြားမယ္ ေျပာၾကားပါတယ္။

ပင္လယ္ျဖဴကမ္း႐ိုးတန္းရွိ အာတိတ္စစ္စခန္း၌ ၾသဂုတ္ ၈ ရက္က အဆိုပါ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ ဓာတ္ေရာင္ျခည္ ထုတ္လႊတ္မႈလည္း ျမင့္တက္သြားခဲ့ပါတယ္။အေမရိကန္ကြၽမ္းက်င္သူမ်ားက အဆိုပါ ေပါက္ကြဲမႈသည္ Burevestnik ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္မႈႏွင့္ သက္ဆိုင္ႏိုင္ေၾကာင္း သုံးသပ္ထားပါတယ္။ အဆိုပါ ဒုံးက်ည္အေၾကာင္းကို သမၼတဗလာဒီမာ ပူတင္က ယခုႏွစ္ အေစာပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။႐ုရွာ န်ဴကလီးယားေအဂ်င္စီ ႐ိုဆာတန္က ၎၏ သိပၸံပညာရွင္ ငါးဦး ေသဆုံးျခင္းအေပၚ ဝမ္းနည္းေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။႐ိုဆာတန္အဖြဲ႕ေခါင္းေဆာင္ အလက္ဇီလီခါခ်က္ဗ္က “သူတို႔ကို အေကာင္းဆုံး အမွတ္ရေနၿပီးေတာ့ လက္နက္သစ္ ထုတ္လုပ္မႈေတြကို ဆက္လက္ေဆာင္႐ြက္သြားမွာပါ” လို႔ ေျပာၾကားပါတယ္။ႏိုင္ငံ၏ လုံၿခဳံေရးတာဝန္မ်ားကို ျဖည့္ဆည္း သြားမယ္လို႔လည္း ၎က ထည့္သြင္း ေျပာၾကားပါတယ္။

အဆိုပါ သိပၸံပညာရွင္မ်ား၏ ဈာပနကို ေမာ္စကိုၿမိဳ႕အေရွ႕ဖက္ ကီလိုမီတာ ၅၀၀ အကြာ ဆာေရာ့ဗ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ ယင္းၿမိဳ႕ဟာ စစ္ေအးခတ္ကာလအတြင္းက အထူးလုံၿခဳံေရးထားရွိတဲ့ အာဇာမက္ ၁၆ ဟု အမည္ရၿပီး ဆိုဗီယက္ ယူနီယမ္ေခတ္ရဲ႕ ပထမဆံ့ုး န်ဴကလီးယား လက္နက္မ်ားကို ထုတ္လုပ္ခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။

Linko
Ref:AFP
ေမာ္စကို၊ၾသဂုတ္ ၁၃