ရေနံစစ်ပွဲရပ်တန့်ရန် အမေရိကန်အထက်လွှတ်တော်အမတ်များက ဆော်ဒီအာရေဗျကို တောင်းဆို

ရေနံစစ်ပွဲရပ်တန့်ရန် အမေရိကန်အထက်လွှတ်တော်အမတ်များက ဆော်ဒီအာရေဗျကို တောင်းဆို

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေချိန်၌ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ဈေးကွက်အတွင်းသို့ ရေနံများ တိုးမြှင့်ရောင်းချခြင်းနှင့် ဈေးနှုန်းများကျဆင်းအောင် လုပ်ဆောင်နေခြင်းကို ပြန်လည်သုံးသပ်ရန် အမေရိကန် ရီပတ်ပလစ်ကင် လွှတ်တော်အမတ်များက တောင်းဆိုလိုက်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သို့ ပေးပို့သည့်စာတွင် အထက်လွှတ်တော်အမတ်များဖြစ်သည့် အလက်စကာ ပြည်နယ်မှ ဒန်ဆူလီဗန်နှင့် မြောက်ဒါကိုတာပြည်နယ်မှ ကီဗင်ခရမ်မာတို့ ဦးဆောင်သည့် ရီပတ်ပလစ်ကင် အမတ် ၁၃ ဦးက ကမ္ဘာ့ရေနံ ဈေးနှုန်း အလွန်အကျွံ မတည်ငြိမ်မှုနှင့် ဈေးကွက်မတည်ငြိမ်မှုတို့ သည် ကောင်းမွန်သည့် အခြေအနေတစ်ခုမဟုတ်ကြောင်း ဖော်ပြခဲ့ ပါတယ်။

“အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ဆယ်စုနှစ်ပေါင်းများစွာ ခိုင်မာယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်။  ယင်းကဲ့သို့ နီးကပ်သည့် မဟာဗျူဟာဆက်ဆံရေးအရပန်ကြားလိုသည်မှာ ဆော်ဒီစွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းနေခြင်း၊ ထုတ်လုပ်မှု တိုးမြှင့်နေခြင်းတို့ကို ကိုင်တွယ် ထိန်းချုပ်ရန် လိုအပ်သည်ဟု မြင်ပါသည်။ ယခုကဲ့သို့ လုပ်ဆောင်နေခြင်း များ ကြောင့် ထိခိုက်နေပြီးဖြစ်သည့် ဘဏ္ဍာရေးဈေးကွက်များအား နှောက်ယှက်မှု ဖြစ်စေသည်” ဟု အမေရိကန်၏ ရေနံအဓိက ထုတ်လုပ်သည့် ပြည်နယ်များဖြစ်သည့် အလက်စကား၊ တက္ကဆတ်၊ အိုကလာဟိုးမား၊ မြောက်ဒါကိုတာနှင့် လူဆီယာနာ ပြည်နယ်များမှ အမတ်များအပါအဝင် အထက်လွှတ်တော်အမတ်များက တောင်းဆိုခဲ့ပါတယ်။

OPEC+ နိုင်ငံများ သဘောတူစာချုပ်ပျက်စီးပြီးနောက် ဆော်ဒီ-ရုရှား ရေနံစစ်ပွဲသည် ကမ္ဘာ့ဈေးကွက်များတွင် ရှယ်ယာစစ်ပွဲတစ်ခု အဖြစ်နှင့် တစ်စည်လျှင် ဒေါ်လာ ၃၀ ခန့် သာ သတ်မှတ်လိုသည့် အမေရိကန် ရေနံ ထုတ်လုပ်သူများအတွက် ထိခိုက်မှုများ ဖြစ်စေခဲ့ပါတယ်။

“ဆော်ဒီနိုင်ငံသည် ကမ္ဘာ့ဈေးကွက် တည်ငြိမ်ရေးတွင် အင်အားတစ်ခုဖြစ်ကြောင်း ထိပ်တန်းအရာရှိတွေက မိမိတို့အပါအဝင် အမေရိကန် တာဝန်ရှိသူများအား မကြာခဏပြောခဲ့သည်။ ဆော်ဒီနိုင်ငံ၏ ယခုလုပ်ဆောင်ချက် များသည် အဆိုပါ ပြောကြားချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကူးစက်ရောဂါပြဿနာကို ဖြေရှင်းနေရချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် ပတ်သက်၍ စိုးရိမ်ပူပန် မှုများ လျော့ကျအောင် လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို တည်ငြိမ်အောင် ဦးဆောင် လုပ်ကိုင် ပေးသင့် ကြောင်း တိုက်တွန်းအပ်ပါသည်” ဟု ဆော်ဒီအိမ်ရှေ့မင်းသားထံ ပေးပို့သည့်စာတွင် ရေးသားထားပါတယ်။

Linko
Ref: Oilprice.com
ဝါရှင်တန်၊ မတ် ၁၈

(  Zawgyi   )

 ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနခ်ိန္၌ ေဆာ္ဒီအာေရဗ်ႏိုင္ငံအေနျဖင့္ ေဈးကြက္အတြင္းသို႔ ေရနံမ်ား တိုးျမႇင့္ေရာင္းခ်ျခင္းႏွင့္ ေဈးႏႈန္းမ်ားက်ဆင္းေအာင္ လုပ္ေဆာင္ေနျခင္းကို ျပန္လည္သုံးသပ္ရန္ အေမရိကန္ ရီပတ္ပလစ္ကင္ လႊတ္ေတာ္အမတ္မ်ားက ေတာင္းဆိုလိုက္ပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္သို႔ ေပးပို႔သည့္စာတြင္ အထက္လႊတ္ေတာ္အမတ္မ်ားျဖစ္သည့္ အလက္စကာ ျပည္နယ္မွ ဒန္ဆူလီဗန္ႏွင့္ ေျမာက္ဒါကိုတာျပည္နယ္မွ ကီဗင္ခရမ္မာတို႔ ဦးေဆာင္သည့္ ရီပတ္ပလစ္ကင္ အမတ္ ၁၃ ဦးက ကမာၻ႔ေရနံ ေဈးႏႈန္း အလြန္အကြၽံ မတည္ၿငိမ္မႈႏွင့္ ေဈးကြက္မတည္ၿငိမ္မႈတို႔ သည္ ေကာင္းမြန္သည့္ အေျခအေနတစ္ခုမဟုတ္ေၾကာင္း ေဖာ္ျပခဲ့ ပါတယ္။

“အေမရိကန္သည္ ေဆာ္ဒီအာေရဗ်ႏွင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ခိုင္မာယုံၾကည္စိတ္ခ်ရသည့္ မိတ္ဖက္ႏိုင္ငံ တစ္ခု ျဖစ္ခဲ့သည္။  ယင္းကဲ့သို႔ နီးကပ္သည့္ မဟာဗ်ဴဟာဆက္ဆံေရးအရပန္ၾကားလိုသည္မွာ ေဆာ္ဒီစြမ္းအင္ ဝန္ႀကီးဌာနအေနျဖင့္ ေရနံစိမ္းေဈးႏႈန္းမ်ား က်ဆင္းေနျခင္း၊ ထုတ္လုပ္မႈ တိုးျမႇင့္ေနျခင္းတို႔ကို ကိုင္တြယ္ ထိန္းခ်ဳပ္ရန္ လိုအပ္သည္ဟု ျမင္ပါသည္။ ယခုကဲ့သို႔ လုပ္ေဆာင္ေနျခင္း မ်ား ေၾကာင့္ ထိခိုက္ေနၿပီးျဖစ္သည့္ ဘ႑ာေရးေဈးကြက္မ်ားအား ေႏွာက္ယွက္မႈ ျဖစ္ေစသည္” ဟု အေမရိကန္၏ ေရနံအဓိက ထုတ္လုပ္သည့္ ျပည္နယ္မ်ားျဖစ္သည့္ အလက္စကား၊ တကၠဆတ္၊ အိုကလာဟိုးမား၊ ေျမာက္ဒါကိုတာႏွင့္ လူဆီယာနာ ျပည္နယ္မ်ားမွ အမတ္မ်ားအပါအဝင္ အထက္လႊတ္ေတာ္အမတ္မ်ားက ေတာင္းဆိုခဲ့ပါတယ္။

OPEC+ ႏိုင္ငံမ်ား သေဘာတူစာခ်ဳပ္ပ်က္စီးၿပီးေနာက္ ေဆာ္ဒီ-႐ုရွား ေရနံစစ္ပြဲသည္ ကမာၻ႔ေဈးကြက္မ်ားတြင္ ရွယ္ယာစစ္ပြဲတစ္ခု အျဖစ္ႏွင့္ တစ္စည္လွ်င္ ေဒၚလာ ၃၀ ခန႔္ သာ သတ္မွတ္လိုသည့္ အေမရိကန္ ေရနံ ထုတ္လုပ္သူမ်ားအတြက္ ထိခိုက္မႈမ်ား ျဖစ္ေစခဲ့ပါတယ္။

“ေဆာ္ဒီႏိုင္ငံသည္ ကမာၻ႔ေဈးကြက္ တည္ၿငိမ္ေရးတြင္ အင္အားတစ္ခုျဖစ္ေၾကာင္း ထိပ္တန္းအရာရွိေတြက မိမိတို႔အပါအဝင္ အေမရိကန္ တာဝန္ရွိသူမ်ားအား မၾကာခဏေျပာခဲ့သည္။ ေဆာ္ဒီႏိုင္ငံ၏ ယခုလုပ္ေဆာင္ခ်က္ မ်ားသည္ အဆိုပါ ေျပာၾကားခ်က္အေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာသည္။ ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ ကူးစက္ေရာဂါျပႆနာကို ေျဖရွင္းေနရခ်ိန္တြင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ က႑ႏွင့္ ပတ္သက္၍ စိုးရိမ္ပူပန္ မႈမ်ား ေလ်ာ့က်ေအာင္ လုပ္ေဆာင္ျခင္းျဖင့္ ကမာၻ႔စီးပြားေရးကို တည္ၿငိမ္ေအာင္ ဦးေဆာင္ လုပ္ကိုင္ ေပးသင့္ ေၾကာင္း တိုက္တြန္းအပ္ပါသည္” ဟု ေဆာ္ဒီအိမ္ေရွ႕မင္းသားထံ ေပးပို႔သည့္စာတြင္ ေရးသားထားပါတယ္။

Linko
Ref: Oilprice.com
ဝါရွင္တန္၊ မတ္ ၁၈