ရေနံတင်သွင်းရမည့် ကန့်သတ်ချက်ကို မြောက်ကိုရီးယား ကျော်လွန်ခဲ့ဟု ကုလသို့ အမေရိကန် တိုင်ကြား

 ရေနံတင်သွင်းရမည့် ကန့်သတ်ချက်ကို မြောက်ကိုရီးယား ကျော်လွန်ခဲ့ဟု ကုလသို့ အမေရိကန် တိုင်ကြား

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုနှစ်အတွင်းခွင့်ပြုထားသည့် ရေနံတင်သွင်းရမည့် ပမာဏထက် ပိုမိုတင်သွင်းခဲ့ကြောင်းအမေရိကန်နှင့် ၎င်း ၏ မဟာမိတ်များကကုလသမဂ္ဂကိုတိုင်ကြားခဲ့ကြောင်းလုံခြုံရေးကောင်စီကော်မတီသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေဖြင့် ရေနံစည် ၅ သိန်းတင်သွင်းရန် ကုလသမဂ္ဂကခွင့်ပြုခဲ့သော်လည်း တရားမဝင်နည်း လမ်းဖြင့် သင်္ဘောတစ်စင်း မှ တစ်စင်းလွှဲပြောင်းကာယင်းပမာဏထက် ပိုမိုကျော်လွန် တင်သွင်းခဲ့ ကြောင်းအမေရိကန်ကဇွန် ၁၁ ရက်မှာလုံခြုံရေးကောင်စီသို့ တိုင်ကြား စာပေးပို့ခဲ့တာဖြစ်ပါတယ်။

ယင်းတိုင်ကြားစာတွင် အမေရိကန်နှင့်အတူ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ ဂျာမနီတို့ကလည်း ပါဝင်လက်မှတ် ရေးထိုးထားပြီး တရားမဝင်ရေနံလွှဲပြောင်းရယူမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြထားပါတယ်။ ဂျာမနီသံအမတ်ကြီး ခရစ်စတော့ဖ်ဟတ်ဂျန် ဦးဆောင်တဲ့ သက်ဆိုင်ရာကော်မတီအနေနဲ့ မြောက်ကိုရီးယားရဲ့ အဆိုပါ လုပ်ရပ်ကိုစောင့်ကြည့်ဖို့နဲ့ ရေနံတရားမဝင် နောက်ထပ်လွှဲပြောင်းမှုများ ကို ရပ်တန့်ပေးဖို့ အဆိုပါနိုင်ငံများကတောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကရေနံထွက်ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီးတင်သွင်းမှုတွေမှာကုလသမဂ္ဂလုံခြုံရေးကောင် စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုအပေါ် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကစိုးရိမ်မှုများရှိနေဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ကုလသမဂ္ဂကို ဂရုမစိုက်ဘဲဆက်လက်တင်သွင်းနေမယ်ဆိုရင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သည်လည်းသက်ရောက်မှု ရှိမည်မဟုတ်ကြောင်းအဆိုပါ တိုင်ကြားစာ မှာဖော်ပြထားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ မြောက်ကိုရီးယားရဲ့ စီးပွားရေးကိုရှင်သန်စေတဲ့ ငွေကြေးလမ်းကြောင်းကိုထိန်းချုပ်ကာ နျူကလီးယား အစီအစဉ် စွန့်လွှတ်ဖို့ ဆောင်ရွက်နေရာမှာပိတ်ဆို့ အရေးယူမှုများထိရောက်ဖို့ အရေးပါလျှက်ရှိပါတယ်။ ကိုရီးယားကျွန်းဆွယ် အား ရိုက်ကူးထား သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ညဘက် လင်းထိန်နေသည့် တောင်ကိုရီးယားနှင့် လုံးဝနီးပါး မဲမှောင်နေသည့် မြောက်ကိုရီးယားကိုတို့ နှိုင်းယှဉ်မြင်တွေ့နိုင်ပြီးယင်းအချက်အရမြောက်ကိုရီးယားအနေဖြင့် စွမ်းအင် မလုံလောက်သည့် ပြဿနာကြုံတွေ့နေရကြောင်းဖော်ပြနေပါတယ်။
 
၂၀၁၇ ခုနှစ်အတွင်းမြောက်ကိုရီးယားကဒုံးကျည်များပစ်လွှတ်ခြင်းနှင့် နျူကလီးယားလက်နက်များစမ်းသပ် ခြင်းတု့ိကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကပိတ်ဆို့အရေးယူမှု ၃ မျိုးလုပ်ဆောင်ခဲ့ရာတွင် ရေနံတင်သွင်းမှု ကန့်သတ်ခြင်းလည်း ပါဝင်ခဲ့ပါတယ်။

Linko
Ref: straitstimes
ဝါရှင်တန်၊ဇွန် ၁၂

(  Zawgyi  )

 ေျမာက္ကိုရီးယားႏိုင္ငံအေနျဖင့္ ယခုႏွစ္အတြင္းခြင့္ျပဳထားသည့္ ေရနံတင္သြင္းရမည့္ ပမာဏထက္ ပိုမိုတင္သြင္းခဲ့ေၾကာင္းအေမရိကန္ႏွင့္ ၎ ၏ မဟာမိတ္မ်ားကကုလသမဂၢကိုတိုင္ၾကားခဲ့ေၾကာင္းလုံၿခဳံေရးေကာင္စီေကာ္မတီသို႔ ေပးပို႔ခဲ့သည့္ အစီရင္ခံစာတစ္ေစာင္မွာေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားအေနျဖင့္ ေရနံစည္ ၅ သိန္းတင္သြင္းရန္ ကုလသမဂၢကခြင့္ျပဳခဲ့ေသာ္လည္း တရားမဝင္နည္း လမ္းျဖင့္ သေဘၤာတစ္စင္း မွ တစ္စင္းလႊဲေျပာင္းကာယင္းပမာဏထက္ ပိုမိုေက်ာ္လြန္ တင္သြင္းခဲ့ ေၾကာင္းအေမရိကန္ကဇြန္ ၁၁ ရက္မွာလုံၿခဳံေရးေကာင္စီသို႔ တိုင္ၾကား စာေပးပို႔ခဲ့တာျဖစ္ပါတယ္။

ယင္းတိုင္ၾကားစာတြင္ အေမရိကန္ႏွင့္အတူ ၾသစေၾတးလ်၊ ျပင္သစ္၊ ဂ်ပန္၊ ဂ်ာမနီတို႔ကလည္း ပါဝင္လက္မွတ္ ေရးထိုးထားၿပီး တရားမဝင္ေရနံလႊဲေျပာင္းရယူမႈေတြနဲ႔ ပတ္သက္လို႔ အေသးစိတ္ ေဖာ္ျပထားပါတယ္။ ဂ်ာမနီသံအမတ္ႀကီး ခရစ္စေတာ့ဖ္ဟတ္ဂ်န္ ဦးေဆာင္တဲ့ သက္ဆိုင္ရာေကာ္မတီအေနနဲ႔ ေျမာက္ကိုရီးယားရဲ႕ အဆိုပါ လုပ္ရပ္ကိုေစာင့္ၾကည့္ဖို႔နဲ႔ ေရနံတရားမဝင္ ေနာက္ထပ္လႊဲေျပာင္းမႈမ်ား ကို ရပ္တန႔္ေပးဖို႔ အဆိုပါႏိုင္ငံမ်ားကေတာင္းဆိုခဲ့ပါတယ္။

ေျမာက္ကိုရီးယားကေရနံထြက္ကုန္ပစၥည္းမ်ားနဲ႔ ပတ္သက္ၿပီးတင္သြင္းမႈေတြမွာကုလသမဂၢလုံၿခဳံေရးေကာင္ စီဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္မႈအေပၚ အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားကစိုးရိမ္မႈမ်ားရွိေနဆဲ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ အေနျဖင့္ ကုလသမဂၢကို ဂ႐ုမစိုက္ဘဲဆက္လက္တင္သြင္းေနမယ္ဆိုရင္ အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္သည္လည္းသက္ေရာက္မႈ ရွိမည္မဟုတ္ေၾကာင္းအဆိုပါ တိုင္ၾကားစာ မွာေဖာ္ျပထားပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္အေနနဲ႔ ေျမာက္ကိုရီးယားရဲ႕ စီးပြားေရးကိုရွင္သန္ေစတဲ့ ေငြေၾကးလမ္းေၾကာင္းကိုထိန္းခ်ဳပ္ကာ န်ဴကလီးယား အစီအစဥ္ စြန႔္လႊတ္ဖို႔ ေဆာင္႐ြက္ေနရာမွာပိတ္ဆို႔ အေရးယူမႈမ်ားထိေရာက္ဖို႔ အေရးပါလွ်က္ရွိပါတယ္။ ကိုရီးယားကြၽန္းဆြယ္ အား ႐ိုက္ကူးထား သည့္ ၿဂိဳဟ္တုဓာတ္ပုံမ်ားတြင္ ညဘက္ လင္းထိန္ေနသည့္ ေတာင္ကိုရီးယားႏွင့္ လုံးဝနီးပါး မဲေမွာင္ေနသည့္ ေျမာက္ကိုရီးယားကိုတို႔ ႏႈိင္းယွဥ္ျမင္ေတြ႕ႏိုင္ၿပီးယင္းအခ်က္အရေျမာက္ကိုရီးယားအေနျဖင့္ စြမ္းအင္ မလုံေလာက္သည့္ ျပႆနာႀကဳံေတြ႕ေနရေၾကာင္းေဖာ္ျပေနပါတယ္။
 
၂၀၁၇ ခုႏွစ္အတြင္းေျမာက္ကိုရီးယားကဒုံးက်ည္မ်ားပစ္လႊတ္ျခင္းႏွင့္ န်ဴကလီးယားလက္နက္မ်ားစမ္းသပ္ ျခင္းတု႔ိေၾကာင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ကပိတ္ဆို႔အေရးယူမႈ ၃ မ်ိဳးလုပ္ေဆာင္ခဲ့ရာတြင္ ေရနံတင္သြင္းမႈ ကန႔္သတ္ျခင္းလည္း ပါဝင္ခဲ့ပါတယ္။

Linko
Ref: straitstimes
ဝါရွင္တန္၊ဇြန္ ၁၂