ရောဂါဖြစ်ပွားနိုင်သည့် သတိပေးချက်ကို လစ်လျုရှူကာ အမေရိကန်က တရုတ်သို့ ယခုနှစ် အတွင်း နှာခေါင်းစည်း သန်းပေါင်းများစွာ ရောင်းချခဲ့

ရောဂါဖြစ်ပွားနိုင်သည့် သတိပေးချက်ကို လစ်လျုရှူကာ အမေရိကန်က တရုတ်သို့ ယခုနှစ် အတွင်း နှာခေါင်းစည်း သန်းပေါင်းများစွာ ရောင်းချခဲ့

အစိုးရ၏ တိုက်တွန်းမှုဖြင့် အမေရိကန်ကုမ္ပဏီများက ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် နှာခေါင်းစည်းများနှင့် ဆေးဖက်ကာကွယ်ရေးသုံး ပစ္စည်းများကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အတွင်းက တရုတ်သို့ တင်ပို့ရောင်းချခဲ့ကြောင်း စီးပွားရေးအချက်အလက်များနှင့် အစိုးရ၏ ပြည်တွင်းအချက်များအား ဝါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ရောဂါဖြစ်ပွားမည့် အန္တရာယ်ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရ ချိန်တွင် သမ္မတထရမ့် အစိုးရ၏ ကောင်းမွန်စွာ ပြင်ဆင် ဆောင်ရွက်မှု မရှိကြောင်းကို ဖော်ပြ လျက်ရှိကြောင်း ရေးသားထားပါတယ်။

အဆိုပါ ၂ လအတွင်း အမေရိကန်မှ တရုတ်သို့ နှာခေါင်းစည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှု တန်ဖိုးသည် ယမန်နှစ် အလားတူကာလထက် ၁၀၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဒသမ ၄ သန်းမှ ဒေါ်လာ ၁၇ ဒသမ ၆ သန်းအထိ ရှိခဲ့ကြောင်း ဝါရှင်တန်ပို့၏ သုံးသပ် ချက်တွင် ဖော်ပြထားပါတယ်။ အသက်ရှူ အထောက်အကူစက်နှင့် ကျန်းမာရေး အကာအကွယ် သုံး ပိတ်စများ တင်ပို့မှုသည်လည်း ရာခိုင်နှုန်း ထောင်ဂဏန်း အထိ မြင့်တက်ခဲ့ပါတယ်။

“ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခြင်း မရှိဘဲနဲ့ ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်ကို လစ်လျှူရှုခဲ့ပါတယ်” ဟု တက္ကဆက်ပြည်နယ် အမတ်အယ်လွိုက် ဒိဂက်က ပြောပါတယ်။
“ကျန်းမာရေး အကာအကွယ် ပစ္စည်းတွေ လုံလုံလောက်လောက်မရှိလို့ လူတွေ သေကြတော့ မယ်” တရုတ်သို့ တင်ပို့လိုက်သည့် ပမာဏသည် ရာခိုင်နှုန်း အများပြား မြင့်တက်ခဲ့သော်လည်း အမေရိကန်တွင် လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသေးသည်။

 နိုင်ငံအနှံ့ ယင်းကဲ့သို့ လိုအပ်ချက်ကြောင့် ဆေးရုံများ၊ ကလေးထိန်းဌာနများနှင့် ရောဂါရှိသူ များကို ကိုင်တွယ် ဆောင်ရွက်နေသူများ အနေဖြင့် နှာခေါင်းစည်းများနှင့် အခြား ကာကွယ်ရေး သုံး ပစ္စည်းများကို မျှဝေသုံးစွဲ နေရသောကြောင့် ရှေ့တန်းမှ လုပ်ဆောင်နေရသူများအတွက် ရောဂါကူးစက်မည်ကို စိုးရိမ်နေရပါတယ်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်ကာလနှင့် တရုတ်နိုင်ငံတွင် ထိန်းချုပ်နိုင်စဉ် ကာလ ကပင် အိမ်ဖြူ တော်၌ ယင်းပြဿနာကို ထိထိရောက်ရောက် သတိပြု လုပ်ဆောင်ခြင်း မရှိခဲ့ သေးပေ။ သို့သော် ဇန်နဝါရီ လကုန်ပိုင်းတွင် အိမ်ဖြူတော် လုံခြုံရေးဝန်ထမ်းများသို့ သတိပေး မှုများ လုပ်ဆောင်ခဲ့သည့်အခါမှာ ယင်းရောဂါ၏ အန္တရာယ်ကို သေချာစွာ သိလာခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုအချိန်တွင် အမေရိကန် ၇ဦးသာ ဖျားနာနေသေးပြီး အကာအကွယ်ပစ္စည်းများ လုံလောက်စွာ လိုနေကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ပါတယ်။

Linko
Ref: Starts and Stripes
ဝါရှင်တန်၊ ဧပြီ ၁၉

(  Zawgyi  )

 အစိုးရ၏ တိုက္တြန္းမႈျဖင့္ အေမရိကန္ကုမၸဏီမ်ားက ေဒၚလာသန္းေပါင္းမ်ားစြာ တန္ဖိုးရွိသည့္ ႏွာေခါင္းစည္းမ်ားႏွင့္ ေဆးဖက္ကာကြယ္ေရးသုံး ပစၥည္းမ်ားကို ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလ အတြင္းက တ႐ုတ္သို႔ တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း စီးပြားေရးအခ်က္အလက္မ်ားႏွင့္ အစိုးရ၏ ျပည္တြင္းအခ်က္မ်ားအား ဝါရွင္တန္ပို႔စ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းသည္ ေရာဂါျဖစ္ပြားမည့္ အႏၲရာယ္ၿခိမ္းေျခာက္မႈႏွင့္ ႀကဳံေတြ႕ေနရ ခ်ိန္တြင္ သမၼတထရမ့္ အစိုးရ၏ ေကာင္းမြန္စြာ ျပင္ဆင္ ေဆာင္႐ြက္မႈ မရွိေၾကာင္းကို ေဖာ္ျပ လ်က္ရွိေၾကာင္း ေရးသားထားပါတယ္။

အဆိုပါ ၂ လအတြင္း အေမရိကန္မွ တ႐ုတ္သို႔ ႏွာေခါင္းစည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား တင္ပို႔မႈ တန္ဖိုးသည္ ယမန္ႏွစ္ အလားတူကာလထက္ ၁၀၀၀ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ကာ တန္ဖိုးအားျဖင့္ ေဒၚလာ ၁ ဒသမ ၄ သန္းမွ ေဒၚလာ ၁၇ ဒသမ ၆ သန္းအထိ ရွိခဲ့ေၾကာင္း ဝါရွင္တန္ပို႔၏ သုံးသပ္ ခ်က္တြင္ ေဖာ္ျပထားပါတယ္။ အသက္ရႉ အေထာက္အကူစက္ႏွင့္ က်န္းမာေရး အကာအကြယ္ သုံး ပိတ္စမ်ား တင္ပို႔မႈသည္လည္း ရာခိုင္ႏႈန္း ေထာင္ဂဏန္း အထိ ျမင့္တက္ခဲ့ပါတယ္။

“ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ျခင္း မရွိဘဲနဲ႔ ကြၽမ္းက်င္သူေတြရဲ႕ သတိေပးခ်က္ကို လစ္လွ်ဴရႈခဲ့ပါတယ္” ဟု တကၠဆက္ျပည္နယ္ အမတ္အယ္လြိဳက္ ဒိဂက္က ေျပာပါတယ္။
“က်န္းမာေရး အကာအကြယ္ ပစၥည္းေတြ လုံလုံေလာက္ေလာက္မရွိလို႔ လူေတြ ေသၾကေတာ့ မယ္” တ႐ုတ္သို႔ တင္ပို႔လိုက္သည့္ ပမာဏသည္ ရာခိုင္ႏႈန္း အမ်ားျပား ျမင့္တက္ခဲ့ေသာ္လည္း အေမရိကန္တြင္ လိုအပ္ခ်က္ႏွင့္ ႏႈိင္းယွဥ္ပါက အလြန္နည္းပါးေနေသးသည္။

 ႏိုင္ငံအႏွံ႔ ယင္းကဲ့သို႔ လိုအပ္ခ်က္ေၾကာင့္ ေဆး႐ုံမ်ား၊ ကေလးထိန္းဌာနမ်ားႏွင့္ ေရာဂါရွိသူ မ်ားကို ကိုင္တြယ္ ေဆာင္႐ြက္ေနသူမ်ား အေနျဖင့္ ႏွာေခါင္းစည္းမ်ားႏွင့္ အျခား ကာကြယ္ေရး သုံး ပစၥည္းမ်ားကို မွ်ေဝသုံးစြဲ ေနရေသာေၾကာင့္ ေရွ႕တန္းမွ လုပ္ေဆာင္ေနရသူမ်ားအတြက္ ေရာဂါကူးစက္မည္ကို စိုးရိမ္ေနရပါတယ္။

ကမာၻေပၚတြင္ ကိုဗစ္-၁၉ စတင္ျဖစ္ပြားသည့္ကာလႏွင့္ တ႐ုတ္ႏိုင္ငံတြင္ ထိန္းခ်ဳပ္ႏိုင္စဥ္ ကာလ ကပင္ အိမ္ျဖဴ ေတာ္၌ ယင္းျပႆနာကို ထိထိေရာက္ေရာက္ သတိျပဳ လုပ္ေဆာင္ျခင္း မရွိခဲ့ ေသးေပ။ သို႔ေသာ္ ဇန္နဝါရီ လကုန္ပိုင္းတြင္ အိမ္ျဖဴေတာ္ လုံၿခဳံေရးဝန္ထမ္းမ်ားသို႔ သတိေပး မႈမ်ား လုပ္ေဆာင္ခဲ့သည့္အခါမွာ ယင္းေရာဂါ၏ အႏၲရာယ္ကို ေသခ်ာစြာ သိလာခဲ့ၾကျခင္း ျဖစ္ပါတယ္။ ထိုအခ်ိန္တြင္ အေမရိကန္ ၇ဦးသာ ဖ်ားနာေနေသးၿပီး အကာအကြယ္ပစၥည္းမ်ား လုံေလာက္စြာ လိုေနေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးခဲ့ပါတယ္။

Linko
Ref: Starts and Stripes
ဝါရွင္တန္၊ ဧၿပီ ၁၉