ရွေးကောက်ပွဲတွင် ပြည်ပစွက်ဖက်မှုတားမြစ်မည့် ဥပဒေကြမ်းအား ဗီတိုဖြင့် ပယ်ချမည်ဟု ထရမ့်ခြိမ်းခြောက်

ရွေးကောက်ပွဲတွင် ပြည်ပစွက်ဖက်မှုတားမြစ်မည့် ဥပဒေကြမ်းအား ဗီတိုဖြင့် ပယ်ချမည်ဟု ထရမ့်ခြိမ်းခြောက်

အမေရိကန်ရွေးကောက်ပွဲများတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများအား ဟန့်တားရန် အောက်လွှတ်တော် ဒီမိုကရက်အမတ်များက ထောက်ခံထားသည့် ဥပဒေကြမ်းအား ဗီတိုအာဏာသုံး၍ ပယ်ချမည်ဟု သမ္မတထရမ့်က  အောက်တိုဘာ ၂၄ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ယင်းဥပဒေသည် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ထရမ့်အား စွပ်စွဲပြစ်တင်မှု မလုပ်ဆောင်နိုင်ရန်အတွက်ပင် တားမြစ်နိုင်မှာ ဖြစ်ပါတယ်။အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်သည့် ရှုပ်ထွေးသော အသုံးအနှုန်းများသည် လိုအပ်ချက်အရ ရည်ရွယ်ချက်ကောင်းများဖြင့် အသုံးပြုသည့် အမေရိကန်နိုင်ငံသား များနှင့် အဖွဲ့အစည်းများအတွက် ထောင်ချောက်နှင့် ကန့်သတ်ချက်များဖြစ်လာစေနိုင်ကြောင်း အိမ်ဖြူတော် စီမံအုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ရေးရာ အဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 Shield Act ဟု ခေါ်ဆိုသည့် ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်က အောက်တိုဘာ ၂၃ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ယင်းဥပဒေအရ နိုင်ငံခြားသားများ ပါဝင်ပတ်သက်သည့် နိုင်ငံရေးလှုပ်ရှားမှုများအား အက်ဖ်ဘီအိုင်နှင့် ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ် ရေးနှင့် ဆိုင်သည့် မဲဆွယ်စည်းရုံးရေး အချက်အလက်များအား နိုင်ငံခြားသားများသို့ ပေးခြင်းကို ဥပဒေနှင့် မညီဟု သတ်မှတ်ပြီး မဲဆွယ်မှုဆိုင်ရာ အချက်အလက်များကိုလည်း ပိုမိုသတင်းပေးပို့ရန် ဖော်ပြထားပါတယ်။

ယခုဥပဒေတွင် ပါဝင်သည့်အချက်များသည် လိုသည်ထက်ပိုနေပြီး လက်တွေ့အကောင်အထည် ဖော်ရန် မဖြစ်နိုင်ကြောင်းနှင့် ရွေးကောက်ပွဲ များကို လက်ရှိ ဥပဒေအရ လုံလောက်စွာ ကာကွယ်ပေးထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော်က ကန့်ကွက်ပြောကြားပါတယ်။ သမ္မတထရမ့် အနေဖြင့် ဒုသမ္မတဂျိူးဘိုင်ဒင်အပါအဝင် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များအပေါ် စုံစမ်း စစ်ဆေးရန် ယူကရိန်းသမ္မတအား ဖိအားပေးရန် ကြိုးပမ်းမှုအတွက် စွပ်စွဲပြစ်တင်ဖြုတ်ချသင့်၊မသင့်အား အောက်လွှတ်တော် ဒီမိုကရက်အမတတ်များက စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။ဘိုင်ဒင်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ၏ အလားအလာအကောင်းဆုံး သမ္မတလောင်းဖြစ်နေပြီး သူ့သားဖြစ်သူ ဟန်တာသည်  ယူကရိန်းနှင့် စီးပွားရေးကို စည်းမျည်းစည်းကမ်းများ နှင့် မကိုက်ညီဘဲ လုပ်ဆောင်နေကြောင်း  ထရမ့်က စွပ်စွဲထားသော်လည်း ဘိုင်ဒင်မိသားစုက ငြင်းဆိုထားပါတယ်။

မိမိ၏ နိုင်ငံရေးပြိုင်ဘက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပြည်ပသတင်းရင်းမြစ်များမှ တစ်ဆင့် ရရှိထားကြောင်း ထရမ့်၏ ပြောဆိုမှုများအပေါ် ပြစ်တင်ဝေဖန်မှုများလည်း ရှိနေပါတယ်။

Linko
Ref: Bloomberg
ဝါရှင်တန်၊အောက်တိုဘာ ၂၄

(  Zawgyi  )

 အေမရိကန္ေ႐ြးေကာက္ပြဲမ်ားတြင္ ျပည္ပမွ ဝင္ေရာက္စြက္ဖက္မႈမ်ားအား ဟန႔္တားရန္ ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္မ်ားက ေထာက္ခံထားသည့္ ဥပေဒၾကမ္းအား ဗီတိုအာဏာသုံး၍ ပယ္ခ်မည္ဟု သမၼတထရမ့္က  ေအာက္တိုဘာ ၂၄ ရက္မွာ ၿခိမ္းေျခာက္လိုက္ပါတယ္။ ယင္းဥပေဒသည္ အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ ထရမ့္အား စြပ္စြဲျပစ္တင္မႈ မလုပ္ေဆာင္ႏိုင္ရန္အတြက္ပင္ တားျမစ္ႏိုင္မွာ ျဖစ္ပါတယ္။အဆိုပါ ဥပေဒၾကမ္းတြင္ ပါဝင္သည့္ ရႈပ္ေထြးေသာ အသုံးအႏႈန္းမ်ားသည္ လိုအပ္ခ်က္အရ ရည္႐ြယ္ခ်က္ေကာင္းမ်ားျဖင့္ အသုံးျပဳသည့္ အေမရိကန္ႏိုင္ငံသား မ်ားႏွင့္ အဖြဲ႕အစည္းမ်ားအတြက္ ေထာင္ေခ်ာက္ႏွင့္ ကန႔္သတ္ခ်က္မ်ားျဖစ္လာေစႏိုင္ေၾကာင္း အိမ္ျဖဴေတာ္ စီမံအုပ္ခ်ဳပ္ေရးႏွင့္ ဘတ္ဂ်က္ေရးရာ အဖြဲ႕၏ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

 Shield Act ဟု ေခၚဆိုသည့္ ယင္းဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္က ေအာက္တိုဘာ ၂၃ ရက္မွာ အတည္ျပဳလိုက္ပါတယ္။ ယင္းဥပေဒအရ ႏိုင္ငံျခားသားမ်ား ပါဝင္ပတ္သက္သည့္ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားအား အက္ဖ္ဘီအိုင္ႏွင့္ ဖက္ဒရယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္သို႔ အေၾကာင္းၾကား သတင္းေပးပို႔ရမွာ ျဖစ္ပါတယ္။ ပုဂၢိဳလ္ ေရးႏွင့္ ဆိုင္သည့္ မဲဆြယ္စည္း႐ုံးေရး အခ်က္အလက္မ်ားအား ႏိုင္ငံျခားသားမ်ားသို႔ ေပးျခင္းကို ဥပေဒႏွင့္ မညီဟု သတ္မွတ္ၿပီး မဲဆြယ္မႈဆိုင္ရာ အခ်က္အလက္မ်ားကိုလည္း ပိုမိုသတင္းေပးပို႔ရန္ ေဖာ္ျပထားပါတယ္။

ယခုဥပေဒတြင္ ပါဝင္သည့္အခ်က္မ်ားသည္ လိုသည္ထက္ပိုေနၿပီး လက္ေတြ႕အေကာင္အထည္ ေဖာ္ရန္ မျဖစ္ႏိုင္ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲ မ်ားကို လက္ရွိ ဥပေဒအရ လုံေလာက္စြာ ကာကြယ္ေပးထားၿပီး ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ကန႔္ကြက္ေျပာၾကားပါတယ္။ သမၼတထရမ့္ အေနျဖင့္ ဒုသမၼတဂ်ိဴးဘိုင္ဒင္အပါအဝင္ ၎၏ ႏိုင္ငံေရး ၿပိဳင္ဘက္မ်ားအေပၚ စုံစမ္း စစ္ေဆးရန္ ယူကရိန္းသမၼတအား ဖိအားေပးရန္ ႀကိဳးပမ္းမႈအတြက္ စြပ္စြဲျပစ္တင္ျဖဳတ္ခ်သင့္၊မသင့္အား ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတတ္မ်ားက စုံစမ္းစစ္ေဆးလွ်က္ရွိပါတယ္။ဘိုင္ဒင္သည္ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္ပါတီ၏ အလားအလာအေကာင္းဆုံး သမၼတေလာင္းျဖစ္ေနၿပီး သူ႔သားျဖစ္သူ ဟန္တာသည္  ယူကရိန္းႏွင့္ စီးပြားေရးကို စည္းမ်ည္းစည္းကမ္းမ်ား ႏွင့္ မကိုက္ညီဘဲ လုပ္ေဆာင္ေနေၾကာင္း  ထရမ့္က စြပ္စြဲထားေသာ္လည္း ဘိုင္ဒင္မိသားစုက ျငင္းဆိုထားပါတယ္။

မိမိ၏ ႏိုင္ငံေရးၿပိဳင္ဘက္မ်ားႏွင့္ သက္ဆိုင္သည့္ သတင္းအခ်က္အလက္မ်ားကို ျပည္ပသတင္းရင္းျမစ္မ်ားမွ တစ္ဆင့္ ရရွိထားေၾကာင္း ထရမ့္၏ ေျပာဆိုမႈမ်ားအေပၚ ျပစ္တင္ေဝဖန္မႈမ်ားလည္း ရွိေနပါတယ္။

Linko
Ref: Bloomberg
ဝါရွင္တန္၊ေအာက္တိုဘာ ၂၄