လက်နက်ထိန်းချုပ်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ သွားရောက်

 လက်နက်ထိန်းချုပ်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  ရုရှားသို့ သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ်ပွန်ပိုဟာ  ရုရှားသမ္မတဘာလာဒီမာပူတင်၊ နိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်တို့နဲ့ ဆိုချီမြို့မှာ သီးခြားစီတွေ့ဆုံပြီးအီရန်၊ ဗင်နီဇွဲလား နိုင်ငံကိစ္စရပ်အများအပါအဝင် လုံခြုံရေးဆိုင်ရာအကြောင်းအရာ များကိုဆွေးနွေးခဲ့ ကာ လက်နက် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေအတွက် သဘောတူခဲ့ကြပြီး နှစ်နိုင်ငံရေးဆက်ဆံရေးတိုးတက်ကောင်းမွန်မှုအတွက် အပြန်အလှန်မျှော်လင့်ခဲ့ကြပါတယ်။

ဆိုချီမြို့ကိုမေ ၁၄ ရက်ကရောက်ရှိစဉ်မှာပွန်ပိုဟာလာရော့ဗ်တို့နဲ့ တွေ့ဆုံပြီးလက်နက် ထိန်းချုပ်ရေးကို အဓိက ထားဆွေးနွေး ခဲ့သလို လုံခြုံရေးဆိုင်ရာအကြောင်းအရာများကိုညှိနှိုင်းပြီးပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ထို့နောက် ပွန်ပိုဟာသမ္မတပူတင်နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။

လာရော့ဗ်နဲ့ ပွန်ပိုတို့ဟာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် မဟာဗျူဟာလက်နက်လျှော့ချရေးစာချုပ် (New START) ကိုသက်တမ်းတိုးနိုင်မယ့် အလားအလာများနဲ့ ၁၉၈၇ခုနှစ် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များသဘောတူစာချုပ် (INF) ကနေနှစ်နိုင်ငံ စလုံးထွက်ခွာရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ဟာနှစ်နိုင်ငံအကြားအထက်ပါကိစ္စရပ်များကိုဆွေးနွေးရေးအတွက် လိုအပ်မယ့်  အဖွဲ့အစည်းများကိုဖွဲ့သွားမှာ ဖြစ်ပါတယ်။ လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲများကိုလာမယ့် သီတင်းပတ်အတွင်းဆက်လက်ကျင်းပရာမှာ ဖြစ်နိုင်ခြေရှိတဲ့ ၃ နိုင်ငံဆွေးနွေးပွဲမှာတရုတ်နိုင်ငံလည်း ပါဝင်လာဖွယ်ရှိပါတယ်။

“အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လက်နက်ထိန်းချုပ်ရေးကိုသမ္မတထရမ့်က လိုလားပါတယ်။ ဒီရည်မှန်းချက်တွေ ရရှိဖို့ ကျွန်တော်တို့ အားလုံးသဘောတူညီမယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံလည်း ပါဝင်လာဖို့ အရေးကြီးနေပါတယ်” လို့ ပွန်ပိုကသတင်းထောက်များကိုပြောကြားပါတယ်။

ရုရှားအနေနဲ့ ဒုံးကျည်ကာကွယ်ရေးနဲ့ မဟာဗျူဟာလက်နက်လျှော့ချရေးတို့အတွက် ဆွေးနွေးမှုများ ပြန်လည် လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သမ္မတပူတင်ကပွန်ပိုကိုပြောကြားခဲ့တယ်လို့ ကရင်မလင်နန်းတော် အရာရှိတစ်ဦးကပြောပါတယ်။လာရော့ဗ်နဲ့ ပွန်ပိုတို့ဟာ ဆီးရီးယားနိုင်ငံ၊ အက်ဒ်လစ်ဒေသတင်းမာမှု၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေး၊ ဆီးရီးယား နိုင်ငံရေးပြန်လည် တည်ငြိမ်မှု တို့ကိုလည်းဆွေးနွေးကြပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံရေးနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် ပြဿနာပြေလည် အောင် ဆွေးနွေးမှုတွေ ပြုလုပ်သွား မယ်လို့ သဘောတူညီခဲ့ကြပါတယ်။အီရန်နိုင်ငံနဲ့ ပတ်သက်လို့ နျူကလီးယားအစီအစဉ်အပါအဝင် မပြေမလည်ဖြစ်နေတဲ့ အကြောင်းအရာတွေ အပေါ်မှာသဘောတူညီချက်ရအောင် နှစ်နိုင်ငံစလုံးကညှိနှိုင်းဆွေးနွေးဖု့ိသဘောတူခဲ့ကြပါတယ

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှုကိုလည်းကူညီပံ့ပိုးသွားဖို့ ရုရှားက ပြင်ဆင်နေကြောင်းလာရော့ဗ်ကပြောပါတယ်။အမေရိကန်နဲ့ ရုရှားတို့အကြားလက်ရှိတင်းမာမှုတွေကိုပြေလည်အောင် လက်တွေ့ဆန်တဲ့ ဆောင်ရွက်ချက် တွေကိုလုပ်ဆောင်ပြီး အပြန်အလှန်လေးစားမှု၊ ကမ္ဘာ့အခြေအနေအပေါ် မထိခိုက်အောင် တစ်ဖက်နဲ့တစ်ဖက် အကျိုးစီးပွားတွေကိုထည့်သွင်း စဉ်းစားဖို့်လည်းသဘောတူညီခဲ့ကြပါတယ်။

Linko
Ref: Sputnik

မော်စကို၊မေ ၁၅

(  Zawgyi  )

 အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမိုက္ခ္ပြန္ပိုဟာ  ႐ုရွားသမၼတဘာလာဒီမာပူတင္၊ ႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္တို႔နဲ႔ ဆိုခ်ီၿမိဳ႕မွာ သီးျခားစီေတြ႕ဆုံၿပီးအီရန္၊ ဗင္နီဇြဲလား ႏိုင္ငံကိစၥရပ္အမ်ားအပါအဝင္ လုံၿခဳံေရးဆိုင္ရာအေၾကာင္းအရာ မ်ားကိုေဆြးေႏြးခဲ့ ကာ လက္နက္ ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ ခိုင္မာတဲ့ ေဆာင္႐ြက္ခ်က္ေတြအတြက္ သေဘာတူခဲ့ၾကၿပီး ႏွစ္ႏိုင္ငံေရးဆက္ဆံေရးတိုးတက္ေကာင္းမြန္မႈအတြက္ အျပန္အလွန္ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

ဆိုခ်ီၿမိဳ႕ကိုေမ ၁၄ ရက္ကေရာက္ရွိစဥ္မွာပြန္ပိုဟာလာေရာ့ဗ္တို႔နဲ႔ ေတြ႕ဆုံၿပီးလက္နက္ ထိန္းခ်ဳပ္ေရးကို အဓိက ထားေဆြးေႏြး ခဲ့သလို လုံၿခဳံေရးဆိုင္ရာအေၾကာင္းအရာမ်ားကိုညႇိႏႈိင္းၿပီးပူးတြဲသတင္းစာရွင္းလင္းပြဲတစ္ရပ္ က်င္းပခဲ့ပါတယ္။ ထို႔ေနာက္ ပြန္ပိုဟာသမၼတပူတင္နဲ႔ လည္းေတြ႕ဆုံခဲ့ပါတယ္။

လာေရာ့ဗ္နဲ႔ ပြန္ပိုတို႔ဟာ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ သက္တမ္းကုန္ဆုံးမယ့္ မဟာဗ်ဴဟာလက္နက္ေလွ်ာ့ခ်ေရးစာခ်ဳပ္ (New START) ကိုသက္တမ္းတိုးႏိုင္မယ့္ အလားအလာမ်ားနဲ႔ ၁၉၈၇ခုႏွစ္ တာလတ္ပစ္ န်ဴကလီးယားတပ္ဖြဲ႕မ်ားသေဘာတူစာခ်ဳပ္ (INF) ကေနႏွစ္ႏိုင္ငံ စလုံးထြက္ခြာေရးအတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။

အေမရိကန္နဲ႔ ႐ုရွားတို႔ဟာႏွစ္ႏိုင္ငံအၾကားအထက္ပါကိစၥရပ္မ်ားကိုေဆြးေႏြးေရးအတြက္ လိုအပ္မယ့္  အဖြဲ႕အစည္းမ်ားကိုဖြဲ႕သြားမွာ ျဖစ္ပါတယ္။ လက္နက္ထိန္းခ်ဳပ္ေရးဆိုင္ရာေဆြးေႏြးပြဲမ်ားကိုလာမယ့္ သီတင္းပတ္အတြင္းဆက္လက္က်င္းပရာမွာ ျဖစ္ႏိုင္ေျခရွိတဲ့ ၃ ႏိုင္ငံေဆြးေႏြးပြဲမွာတ႐ုတ္ႏိုင္ငံလည္း ပါဝင္လာဖြယ္ရွိပါတယ္။

“အေမရိကန္ျပည္သူေတြရဲ႕ လုံၿခဳံေရးအတြက္ လက္နက္ထိန္းခ်ဳပ္ေရးကိုသမၼတထရမ့္က လိုလားပါတယ္။ ဒီရည္မွန္းခ်က္ေတြ ရရွိဖို႔ ကြၽန္ေတာ္တို႔ အားလုံးသေဘာတူညီမယ္လို႔ ထင္ပါတယ္။ တ႐ုတ္ႏိုင္ငံလည္း ပါဝင္လာဖို႔ အေရးႀကီးေနပါတယ္” လို႔ ပြန္ပိုကသတင္းေထာက္မ်ားကိုေျပာၾကားပါတယ္။

႐ုရွားအေနနဲ႔ ဒုံးက်ည္ကာကြယ္ေရးနဲ႔ မဟာဗ်ဴဟာလက္နက္ေလွ်ာ့ခ်ေရးတို႔အတြက္ ေဆြးေႏြးမႈမ်ား ျပန္လည္ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနေၾကာင္း သမၼတပူတင္ကပြန္ပိုကိုေျပာၾကားခဲ့တယ္လို႔ ကရင္မလင္နန္းေတာ္ အရာရွိတစ္ဦးကေျပာပါတယ္။လာေရာ့ဗ္နဲ႔ ပြန္ပိုတို႔ဟာ ဆီးရီးယားႏိုင္ငံ၊ အက္ဒ္လစ္ေဒသတင္းမာမႈ၊ အၾကမ္းဖက္တိုက္ဖ်က္ေရး၊ ဒုကၡသည္မ်ားေနရပ္ျပန္ႏိုင္ေရး၊ ဆီးရီးယား ႏိုင္ငံေရးျပန္လည္ တည္ၿငိမ္မႈ တို႔ကိုလည္းေဆြးေႏြးၾကပါတယ္။

ဒါ့အျပင္ ဗင္နီဇြဲလားႏိုင္ငံေရးနဲ႔ ပတ္သက္လို႔ သေဘာထားကြဲလြဲမႈေတြ ရွိေနေပမယ့္ ျပႆနာေျပလည္ ေအာင္ ေဆြးေႏြးမႈေတြ ျပဳလုပ္သြား မယ္လို႔ သေဘာတူညီခဲ့ၾကပါတယ္။အီရန္ႏိုင္ငံနဲ႔ ပတ္သက္လို႔ န်ဴကလီးယားအစီအစဥ္အပါအဝင္ မေျပမလည္ျဖစ္ေနတဲ့ အေၾကာင္းအရာေတြ အေပၚမွာသေဘာတူညီခ်က္ရေအာင္ ႏွစ္ႏိုင္ငံစလုံးကညႇိႏႈိင္းေဆြးေႏြးဖု႔ိသေဘာတူခဲ့ၾကပါတယ

ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တို႔ရဲ႕ ေဆြးေႏြးမႈကိုလည္းကူညီပံ့ပိုးသြားဖို႔ ႐ုရွားက ျပင္ဆင္ေနေၾကာင္းလာေရာ့ဗ္ကေျပာပါတယ္။အေမရိကန္နဲ႔ ႐ုရွားတို႔အၾကားလက္ရွိတင္းမာမႈေတြကိုေျပလည္ေအာင္ လက္ေတြ႕ဆန္တဲ့ ေဆာင္႐ြက္ခ်က္ ေတြကိုလုပ္ေဆာင္ၿပီး အျပန္အလွန္ေလးစားမႈ၊ ကမာၻ႔အေျခအေနအေပၚ မထိခိုက္ေအာင္ တစ္ဖက္နဲ႔တစ္ဖက္ အက်ိဳးစီးပြားေတြကိုထည့္သြင္း စဥ္းစားဖို႔္လည္းသေဘာတူညီခဲ့ၾကပါတယ္။

Linko
Ref: Sputnik

ေမာ္စကို၊ေမ ၁၅