လက်အောက်ဝန်ထမ်းနှင့် ချစ်ကြိုက်သည့် မက်ဒေါ်နယ် စီအီးအိုအား ရာထူးမှ ထုတ်ပယ်

လက်အောက်ဝန်ထမ်းနှင့် ချစ်ကြိုက်သည့် မက်ဒေါ်နယ် စီအီးအိုအား ရာထူးမှ ထုတ်ပယ်

လက်အောက်ဝန်ထမ်းတစ်ဦးနှင့် ချစ်ကြိုက်ခြင်းသည် ကုမ္ပဏီ၏ မူဝါဒကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် McDonald’s အစားအသောက် ရောင်းချသည့် လုပ်ငန်းမှ အမှုဆောင်အရာရှိချုပ်အား တာဝန်မှ ထုတ်ပယ်လိုက် ကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းမှ နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 McDonald’s ၏ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ စတိဗ်အက်စတာဘရော့ခ်သည် လက်အောက်ဝန်ထမ်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချစ်ကြိုက်ခြင်းကို တားမြစ်ထားသည့် စည်းကမ်းကို ချိုးဖောက်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ဝန်ထမ်းများ သို့ ပေးပို့သည့်စာတွင် အက်စတာဘရော့ခ်က သူ့အနေဖြင့် ဝန်ထမ်းတစ်ဦးနှင့် ပတ်သက်မိကြောင်းနှင့် အမှားကျူးလွန်မိကြောင်း ဝန်ထမ်းများထံ အီးမေးလ်ဖြင့် ဝန်ခံပြောကြားခဲ့ပါတယ်။

“ကုမ္ပဏီရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ကို လက်ခံပြီး ရာထူးကနေ နုတ်ထွက်ပေးပါမယ်” ဟု အက်စတာဘရော့ခ်က သူ့ရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ McDonald’s ၏ ဒါရိုက်တာများအဖွဲ့က အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အက်စတာဘရော့ခ်အား ရာထူးမှ ထုတ်ပယ်ရန် နိုဝင်ဘာ ၁ ရက်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

အက်စတာဘရော့ခ်ရာထူးမှ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကို  နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ အက်စတာဘရော့ခ်အနေဖြင့် ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့မှပါ နုတ်ထွက်သွားမှာ ဖြစ်ပါတယ်။ ၎င်းသည် McDonald’s တွင် ၂၀၁၅ ခုနှစ်မှ စတင်၍ စီအီးအိုအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

၎င်းနှင့် ချစ်ကြိုက်ခဲ့သည့် အမျိုးသမီးအား ကုမ္ပဏီက ထုတ်ဖော်ပြောကြားမည်မဟုတ်သလို အက်စတာဘရော့ခ် ၏ ရှေ့နေကလည်း မေးခွန်းများကို ဖြေဖို့ ငြင်းဆိုခဲ့ပါတယ်။McDonald’s ၏ အမေရိကန်နိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ ခရစ်ကမ့်စီဇင်စကီကို ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအိုသစ်အ ဖြစ် ဒါရိုက်တာဘုတ်အဖွဲ့က ရွေးချယ်တင်မြှောက်သွားမှာ ဖြစ်ပါတယ်။

McDonald’s အနေဖြင့် ဆိုင်များ ပုံစံပြင်ဆင်ခြင်းနှင့် ပစ္စည်းပေးပို့ ဖြန့်ချိသည့် ဝန်ဆောင်မှုများကို တိုးချဲ့ခဲ့ပြီး တတိယ ၃ လပတ်အတွင်း အသားတင်ဝင်ငွေ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင့် လွန်ခဲ့သည့် သီတင်း ၂ ပတ်ခန့်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုအချိန်မှ စ၍ ကုမ္ပဏီ၏ ရှယ်ယာဈေး ၇ ဒသမ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တစ်နှစ်တာလုံး အတိုင်းအတာအနေဖြင့် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ခေါင်းဆောင်မှု အပြောင်းအလဲကြောင့် ကုမ္ပဏီ၏ လည်ပတ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ပုံများ ပြောင်းလဲမည်မဟုတ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Linko
Ref: globalnews.ca
နယူးယောက်၊ နိုဝင်ဘာ ၄

(  Zawgyi  )

 လက္ေအာက္ဝန္ထမ္းတစ္ဦးႏွင့္ ခ်စ္ႀကိဳက္ျခင္းသည္ ကုမၸဏီ၏ မူဝါဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္ေသာေၾကာင့္ McDonald’s အစားအေသာက္ ေရာင္းခ်သည့္ လုပ္ငန္းမွ အမႈေဆာင္အရာရွိခ်ဳပ္အား တာဝန္မွ ထုတ္ပယ္လိုက္ ေၾကာင္း အဆိုပါ စီးပြားေရး လုပ္ငန္းမွ ႏိုဝင္ဘာ ၃ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

 McDonald’s ၏ ဥကၠ႒ႏွင့္ စီအီးအိုျဖစ္သူ စတိဗ္အက္စတာဘေရာ့ခ္သည္ လက္ေအာက္ဝန္ထမ္းမ်ားႏွင့္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ခ်စ္ႀကိဳက္ျခင္းကို တားျမစ္ထားသည့္ စည္းကမ္းကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ကုမၸဏီက ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ဝန္ထမ္းမ်ား သို႔ ေပးပို႔သည့္စာတြင္ အက္စတာဘေရာ့ခ္က သူ႔အေနျဖင့္ ဝန္ထမ္းတစ္ဦးႏွင့္ ပတ္သက္မိေၾကာင္းႏွင့္ အမွားက်ဴးလြန္မိေၾကာင္း ဝန္ထမ္းမ်ားထံ အီးေမးလ္ျဖင့္ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကုမၸဏီရဲ႕ သတ္မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း ဘုတ္အဖြဲ႕က ဆုံးျဖတ္ခ်က္ကို လက္ခံၿပီး ရာထူးကေန ႏုတ္ထြက္ေပးပါမယ္” ဟု အက္စတာဘေရာ့ခ္က သူ႔ရဲ႕ အီးေမးလ္မွာ ေဖာ္ျပထားပါတယ္။ McDonald’s ၏ ဒါ႐ိုက္တာမ်ားအဖြဲ႕က အေသးစိတ္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီးေနာက္ အက္စတာဘေရာ့ခ္အား ရာထူးမွ ထုတ္ပယ္ရန္ ႏိုဝင္ဘာ ၁ ရက္က ဆုံးျဖတ္လိုက္ျခင္း ျဖစ္ပါတယ္။

အက္စတာဘေရာ့ခ္ရာထူးမွ ႏုတ္ထြက္ျခင္းႏွင့္ ပတ္သက္၍ အေသးစိတ္ကို  ႏိုဝင္ဘာ ၄ ရက္တြင္ ထုတ္ျပန္ေပးမည္ဟု ကုမၸဏီ တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။ အက္စတာဘေရာ့ခ္အေနျဖင့္ ကုမၸဏီ ဒါ႐ိုက္တာဘုတ္အဖြဲ႕မွပါ ႏုတ္ထြက္သြားမွာ ျဖစ္ပါတယ္။ ၎သည္ McDonald’s တြင္ ၂၀၁၅ ခုႏွစ္မွ စတင္၍ စီအီးအိုအျဖစ္ တာဝန္ထမ္း ေဆာင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။

၎ႏွင့္ ခ်စ္ႀကိဳက္ခဲ့သည့္ အမ်ိဳးသမီးအား ကုမၸဏီက ထုတ္ေဖာ္ေျပာၾကားမည္မဟုတ္သလို အက္စတာဘေရာ့ခ္ ၏ ေရွ႕ေနကလည္း ေမးခြန္းမ်ားကို ေျဖဖို႔ ျငင္းဆိုခဲ့ပါတယ္။McDonald’s ၏ အေမရိကန္ႏိုင္ငံဆိုင္ရာ ဥကၠ႒ ျဖစ္သူ ခရစ္ကမ့္စီဇင္စကီကို ကုမၸဏီ၏ ဥကၠ႒ႏွင့္ စီအီးအိုသစ္အ ျဖစ္ ဒါ႐ိုက္တာဘုတ္အဖြဲ႕က ေ႐ြးခ်ယ္တင္ေျမႇာက္သြားမွာ ျဖစ္ပါတယ္။

McDonald’s အေနျဖင့္ ဆိုင္မ်ား ပုံစံျပင္ဆင္ျခင္းႏွင့္ ပစၥည္းေပးပို႔ ျဖန႔္ခ်ိသည့္ ဝန္ေဆာင္မႈမ်ားကို တိုးခ်ဲ႕ခဲ့ၿပီး တတိယ ၃ လပတ္အတြင္း အသားတင္ဝင္ေငြ ၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင့္ လြန္ခဲ့သည့္ သီတင္း ၂ ပတ္ခန႔္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ထိုအခ်ိန္မွ စ၍ ကုမၸဏီ၏ ရွယ္ယာေဈး ၇ ဒသမ၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေသာ္လည္း တစ္ႏွစ္တာလုံး အတိုင္းအတာအေနျဖင့္ ၉ ဒသမ ၂ ရာခိုင္ႏႈန္း ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

ေခါင္းေဆာင္မႈ အေျပာင္းအလဲေၾကာင့္ ကုမၸဏီ၏ လည္ပတ္မႈ၊ ဘ႑ာေရးဆိုင္ရာ ေဆာင္႐ြက္ပုံမ်ား ေျပာင္းလဲမည္မဟုတ္ေၾကာင္း ကုမၸဏီက ထုတ္ျပန္ထားပါတယ္။

Linko
Ref: globalnews.ca
နယူးေယာက္၊ ႏိုဝင္ဘာ ၄