လန်ဒန်တွင် အဆောက်အအုံတစ်လုံးပေါက်ကွဲမီးလောင်မှုကြောင့် လန်ဒန်မြို့ ယာဉ် ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်

လန်ဒန်တွင် အဆောက်အအုံတစ်လုံးပေါက်ကွဲမီးလောင်မှုကြောင့် လန်ဒန်မြို့ ယာဉ် ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်

လန်ဒန်မြောက်ပိုင်းက အဓိကယာဉ်ကြောကျပ်တောက်ရာ နေရာ အနီးရှိအဆောက်အအုံကြီး တစ်ခု မီးလောင်ခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့ယာဉ်ကြောပိတ်ဆို့မှုက ပိုပြီး ဆိုးရွားကာ လမ်း တွေ အချိန်ကြာမြင့်စွာ ပိတ်ဆို့ခဲ့ပြီး အချို့လမ်းတွေကို လုံးဝပိတ်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ လန်ဒန် အခြေစိုက် ဂါးဒီးယန်းသတင်းဌာနက ဆိုပါတယ်။

လန်ဒန်မြို့ နီးစ်ဒန်အရပ်က မြောက်ဘက်ပတ်လမ်း မှာတည်ရှိတဲ့ စီးပွားရေးအဆောက်အဦးမှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုစတင်ခဲ့ကာ ယာဉ်ကြောပိတ် ဆို့ မှု အချိန်ကြာ မြင့်စွာဖြစ်ပွားခဲ့ပါတယ်။ လန်ဒန်မြို့ မီးသတ်ဌာန ၏ပြောကြားချက်အရတော့ မီးသတ် ကား ၁၀ စီးနဲ့ မီးသတ်သမားယောက် ၇၀ ခန့် က မီးငြှိမ်းနိုင်ရန် ကြိုးစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာ လန်ဒန်မြို့မီးသတ်ဌာနက “မီးသတ်ကား ၁၀ စီး၊ မီးသတ်သမားအယောက် ၇၀ ကတော့ မြောက်ဘက်ပတ်လမ်းမှာ ရှိတဲ့ စီးပွားရေးအဆောက်အဦ မီးလောင်တာကို ငြှိမ်းနိုင် အောင် ကြိုးစားနေတုန်းပါ” ရေးသားခဲ့သလို ပထမထပ်တစ်ဝက်လောက်က လောင်နေတုန်းပါ လို့ ဆိုပါတယ်။

Linko
Ref: theguardian
လန်ဒန်၊မေ ၁၅

(  Zawgyi  )

 လန္ဒန္ေျမာက္ပိုင္းက အဓိကယာဥ္ေၾကာက်ပ္ေတာက္ရာ ေနရာ အနီးရွိအေဆာက္အအုံႀကီး တစ္ခု မီးေလာင္ခဲ့တဲ့အတြက္ ဗုဒၶဟူးေန႔က လန္ဒန္ၿမိဳ႕ယာဥ္ေၾကာပိတ္ဆို႔မႈက ပိုၿပီး ဆိုး႐ြားကာ လမ္း ေတြ အခ်ိန္ၾကာျမင့္စြာ ပိတ္ဆို႔ခဲ့ၿပီး အခ်ိဳ႕လမ္းေတြကို လုံးဝပိတ္ခဲ့ရတဲ့ အထိ ျဖစ္ခဲ့တယ္လို႔ လန္ဒန္ အေျခစိုက္ ဂါးဒီးယန္းသတင္းဌာနက ဆိုပါတယ္။

လန္ဒန္ၿမိဳ႕ နီးစ္ဒန္အရပ္က ေျမာက္ဘက္ပတ္လမ္း မွာတည္ရွိတဲ့ စီးပြားေရးအေဆာက္အဦးမွာ ဗုဒၶဟူးေန႔မနက္ပိုင္းက ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ မီးေလာင္မႈစတင္ခဲ့ကာ ယာဥ္ေၾကာပိတ္ ဆို႔ မႈ အခ်ိန္ၾကာ ျမင့္စြာျဖစ္ပြားခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ မီးသတ္ဌာန ၏ေျပာၾကားခ်က္အရေတာ့ မီးသတ္ ကား ၁၀ စီးနဲ႔ မီးသတ္သမားေယာက္ ၇၀ ခန႔္ က မီးျငႇိမ္းႏိုင္ရန္ ႀကိဳးစားခဲ့ၾကရတယ္လို႔ ဆိုပါတယ္။
လူမႈကြန္ရက္မွာ လန္ဒန္ၿမိဳ႕မီးသတ္ဌာနက “မီးသတ္ကား ၁၀ စီး၊ မီးသတ္သမားအေယာက္ ၇၀ ကေတာ့ ေျမာက္ဘက္ပတ္လမ္းမွာ ရွိတဲ့ စီးပြားေရးအေဆာက္အဦ မီးေလာင္တာကို ျငႇိမ္းႏိုင္ ေအာင္ ႀကိဳးစားေနတုန္းပါ” ေရးသားခဲ့သလို ပထမထပ္တစ္ဝက္ေလာက္က ေလာင္ေနတုန္းပါ လို႔ ဆိုပါတယ္။

Linko
Ref: theguardian
လန္ဒန္၊ေမ ၁၅