လာအိုတွင် ဘတ်စ်ကား လျှိုထဲကျသဖြင့် တရုတ်ခရီးသွား ၁၃ ဦးသေဆုံး

လာအိုတွင် ဘတ်စ်ကား လျှိုထဲကျသဖြင့် တရုတ်ခရီးသွား ၁၃ ဦးသေဆုံး

လာအိုနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး လမ်းချော်ကာ မီတာ ၃၀ နက်သည့် လျှိုမြောင်ထဲ ပြုတ်ကျခဲ့သဖြင့် တရုတ်ကမ္ဘာလှည့်ခရီးသည် ၁၃ ဦးသေဆုံးကာ ဒါဇင်နဲ့ချီကာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့နှောင်းပိုင်းက ခရီးသွားအများစု သွားရောက်တဲ့ လွမ်ပရာဘွန်ကို သွားတဲ့လမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ တရုတ်နိုင်ငံသား ၄၀ ကျော် ပါတယ်လို့ ဆိုပါတယ်။

“ဒီဖြစ်ရပ်မှာ ၁၃ ယောက် ခန္ဓာကိုယ်ကို ပြန်ရှာဖွေတွေ့ခဲ့ပြီး နှစ်ဦးက ပျောက်ဆုံးနေတယ်လို့ ရဲအရာရှိ ဇီယာဖုန်းချီတာဖောင် က အေအက်ဖ်ပီကို ပြောပါတယ်။ဒါ့အပြင် ယခုမတော်တဆမှုက ကားဘရိတ်စနစ် ချို့ယွင်းတာကြောင့်လို့ ဆိုပါတယ်။၎င်းက ဖြည့်စွက်ပြောဆိုခဲ့ရာမှာ ဒဏ်ရာရသူ  ၃၁ ဦး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

တရုတ်မီဒီယာတွေမှာတော့ ခြေကျင်းဝတ်လောက် ရေထဲမှာ စောင်ဂွမ်းတွေနဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပုံတွေကို ပြခဲ့ပါတယ်။

ဒီလို မတော်တဆ ကားမှောက်မှုတွေဟာ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ ဘေးကင်းလုံခြုံမှုကို ဖောက်ဖျက်တာ၊ လမ်းစည်းမျည်းစည်းကမ်းကို လိုက်နာမှုအားနည်းတာတွေကြောင့် ပုံမှန်ဖြစ်နေကြလို ဖြစ်နေပါတယ်။ဇွန်လကနေ အောက်တိုဘာလအထိကြာတဲ့ မိုးရာသီအတွင်း သည်းသည်းမည်းမည်း ရွာသွန်းတတ်တဲ့မိုးကြောင့် အဝေးပြေးလမ်းမတွေနဲ့ ကျေးလက်လမ်းတွေမှာ ကားလမ်းတွေကို လမ်းချော်စေတတ်ပါတယ်။

လာအို ခရီးသွားလုပ်ငန်းက တိုးတက်နေပြီး ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း လာအိုကို လာရောက်တဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည် အရေအတွက်က ယခင်နှစ်ကာလတူထက် ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ အစိုးရကျောထောက်နောက်ခံ ဗီယင်တိုင် တိုင်းစ် သတင်းစာကို ကိုးကားပြီး ဆိုပါတယ်။

Linko
Ref : trtworld.com
လွမ်ပရာဘွန်၊သြဂုတ် - ၂၀

( Zawgyi )

လာအိုႏိုင္ငံမွာ ကမာၻလွည့္ခရီးသြားမ်ား တင္ေဆာင္လာသည့္ ဘတ္စ္ကားတစ္စီး လမ္းေခ်ာ္ကာ မီတာ ၃၀ နက္သည့္ လွ်ိဳေျမာင္ထဲ ျပဳတ္က်ခဲ့သျဖင့္ တ႐ုတ္ကမာၻလွည့္ခရီးသည္ ၁၃ ဦးေသဆုံးကာ ဒါဇင္နဲ႔ခ်ီကာ ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲအရာရွိက အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

တနလၤာေန႔ေႏွာင္းပိုင္းက ခရီးသြားအမ်ားစု သြားေရာက္တဲ့ လြမ္ပရာဘြန္ကို သြားတဲ့လမ္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ကားေပၚမွာ တ႐ုတ္ႏိုင္ငံသား ၄၀ ေက်ာ္ ပါတယ္လို႔ ဆိုပါတယ္။

“ဒီျဖစ္ရပ္မွာ ၁၃ ေယာက္ ခႏၶာကိုယ္ကို ျပန္ရွာေဖြေတြ႕ခဲ့ၿပီး ႏွစ္ဦးက ေပ်ာက္ဆုံးေနတယ္လို႔ ရဲအရာရွိ ဇီယာဖုန္းခ်ီတာေဖာင္ က ေအအက္ဖ္ပီကို ေျပာပါတယ္။ဒါ့အျပင္ ယခုမေတာ္တဆမႈက ကားဘရိတ္စနစ္ ခ်ိဳ႕ယြင္းတာေၾကာင့္လို႔ ဆိုပါတယ္။၎က ျဖည့္စြက္ေျပာဆိုခဲ့ရာမွာ ဒဏ္ရာရသူ  ၃၁ ဦး ေဆးကုသမႈခံယူေနတယ္လို႔ ဆိုပါတယ္။

တ႐ုတ္မီဒီယာေတြမွာေတာ့ ေျခက်င္းဝတ္ေလာက္ ေရထဲမွာ ေစာင္ဂြမ္းေတြနဲ႔ ကယ္ဆယ္ေရးလုပ္ေနတဲ့ ပုံေတြကို ျပခဲ့ပါတယ္။

ဒီလို မေတာ္တဆ ကားေမွာက္မႈေတြဟာ လာအို၊ ထိုင္း၊ ကေမာၻဒီးယားတို႔မွာ ေဘးကင္းလုံၿခဳံမႈကို ေဖာက္ဖ်က္တာ၊ လမ္းစည္းမ်ည္းစည္းကမ္းကို လိုက္နာမႈအားနည္းတာေတြေၾကာင့္ ပုံမွန္ျဖစ္ေနၾကလို ျဖစ္ေနပါတယ္။ဇြန္လကေန ေအာက္တိုဘာလအထိၾကာတဲ့ မိုးရာသီအတြင္း သည္းသည္းမည္းမည္း ႐ြာသြန္းတတ္တဲ့မိုးေၾကာင့္ အေဝးေျပးလမ္းမေတြနဲ႔ ေက်းလက္လမ္းေတြမွာ ကားလမ္းေတြကို လမ္းေခ်ာ္ေစတတ္ပါတယ္။

လာအို ခရီးသြားလုပ္ငန္းက တိုးတက္ေနၿပီး ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္ကာလအတြင္း လာအိုကို လာေရာက္တဲ့ တ႐ုတ္ကမာၻလွည့္ခရီးသည္ အေရအတြက္က ယခင္ႏွစ္ကာလတူထက္ ၁၃ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ အစိုးရေက်ာေထာက္ေနာက္ခံ ဗီယင္တိုင္ တိုင္းစ္ သတင္းစာကို ကိုးကားၿပီး ဆိုပါတယ္။

Linko
Ref : trtworld.com
လြမ္ပရာဘြန္၊ၾသဂုတ္ - ၂၀