လူစည်ကားသည့် ဝေါလ်မတ်စတိုးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂၀ ဦးသေဆုံး

လူစည်ကားသည့် ဝေါလ်မတ်စတိုးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၂၀ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်၊ အယ်လ်ပါဆိုမြို့ရှိ လူစည်ကားသော Walmart စတိုးဆိုင် တစ်ဆိုင်တွင် မောင်းပြန်ရိုင်ဖယ် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သြဂုတ် ၃ ရက်က လူ ၂၀ ဦး သေဆုံး သေဆုံးသွားပါတယ်။

သီတင်းတစ်ပတ်အတွင်း အမေရိကန် Walmart ဆိုင်တွင် ဒုတိအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ လူထုအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီး သေနတ်သမားက ရေးသားသည်ဟု ယူဆရသည့် အစွန်းရောက် ကြေညာချက်တစ်ရပ်ကို အာဏာပိုင်များက စစ်ဆေးလျှက်ရှိပါတယ်။ကင်မရာဖုန်း များဖြင့် ရိုက်ထားသည့် ဗီဒီယိုဖိုင်တွင် စတိုးဆိုင်၏ ကားရပ်နားနေရာ၌ လူသေအလောင်းများကို တွေ့မြင်ရပြီး မြို့အာဏာပိုင်များကလည်း သွေးအလှူရှင်များ လိုအပ်နေကြောင်း ကြေညာထားပါတယ်။

အခြားဗီဒီယိုဖိုင်တစ်ခုတွင်လည်း သေနတ်သံများ ဆူညံနေပြီး လူများက စတိုင်းဆိုင်အတွင်းမှ ကြောက်လန့် တကြား ထွက်ပြေးနေသည်ကို တွေ့ရှိရပါတယ်။တက္ကဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်ချ်အဘော့က “အယ်လ်ပါဆိုမြို့မှ အပြစ်မဲ့ပြည်သူ ၂၀ သေဆုံးသွားပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။

အသက်သေဆုံးသူ ၂၀ အပြင် ဒဏ်ရာရသူ ၂၆ ဦးရှိကြောင်းလည်း ရဲချုပ်ဂျရက် အယ်လင်က အတည်ပြု ပြောကြားပါတယ်။ဆေးရုံများသို့ ရောက်ရှိလာသည့် ဒဏ်ရာရသူများတွင် အသက် ၂ နှစ်မှ ၈၂ နှစ်အထိ ပါဝင်ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် Walmart စတိုးဆိုင်အတွင်း ရောက်ရှိနေသူ ၁၀၀၀ မှ ၃၀၀၀ အတွင်းရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။

လူ ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် ကြေညာခဲ့သော်လည်း ရဲတပ်ဖွဲ့က တက္ကဆက်ပြည်နယ်၊ အယ်လင်မြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကိုသာ ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် သေနတ်သမားသည် အနက်ရောင် တီရှပ်၊ စစ်ဘောင်းဘီရှည်နှင့် ခေါင်းစွပ်တို့ဝတ်ဆင်ထားပြီး မြင်သမျှကို ပစ်ခဲ့ပုံရကြောင်း မျက်မြင်သက်သေ များက ပြောပါတယ်။

မစ္စစပီမြို့ရှိ Walmart စတိုးဆိုင်တစ်ခု၌ ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင်လည်း အရပ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်က ကယ်လီဖိုးနီးယားပြည်နယ် မြောင်ပိုင်း အစားအစာပွဲတော်တစ်ခုတွင် ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦး၏ ပစ်ခတ် မှုကြောင်း ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

Linko
Ref:Afp
ဝါရှင်တန်၊သြဂုတ် ၄

(  Zawgyi  )

 အေမရိကန္ႏိုင္ငံ၊ တကၠဆတ္ျပည္နယ္၊ အယ္လ္ပါဆိုၿမိဳ႕ရွိ လူစည္ကားေသာ Walmart စတိုးဆိုင္ တစ္ဆိုင္တြင္ ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္သမားတစ္ဦး၏ ပစ္ခတ္မႈေၾကာင့္ ၾသဂုတ္ ၃ ရက္က လူ ၂၀ ဦး ေသဆုံး ေသဆုံးသြားပါတယ္။

သီတင္းတစ္ပတ္အတြင္း အေမရိကန္ Walmart ဆိုင္တြင္ ဒုတိအႀကိမ္ ပစ္ခတ္မႈ ျဖစ္ပြားျခင္းႏွင့္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ကလည္း ကယ္လီဖိုးနီးယားျပည္နယ္မွာ လူထုအတြင္း ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

သံသယရွိသူတစ္ဦးကို ဖမ္းဆီးထားၿပီး ေသနတ္သမားက ေရးသားသည္ဟု ယူဆရသည့္ အစြန္းေရာက္ ေၾကညာခ်က္တစ္ရပ္ကို အာဏာပိုင္မ်ားက စစ္ေဆးလွ်က္ရွိပါတယ္။ကင္မရာဖုန္း မ်ားျဖင့္ ႐ိုက္ထားသည့္ ဗီဒီယိုဖိုင္တြင္ စတိုးဆိုင္၏ ကားရပ္နားေနရာ၌ လူေသအေလာင္းမ်ားကို ေတြ႕ျမင္ရၿပီး ၿမိဳ႕အာဏာပိုင္မ်ားကလည္း ေသြးအလႉရွင္မ်ား လိုအပ္ေနေၾကာင္း ေၾကညာထားပါတယ္။

အျခားဗီဒီယိုဖိုင္တစ္ခုတြင္လည္း ေသနတ္သံမ်ား ဆူညံေနၿပီး လူမ်ားက စတိုင္းဆိုင္အတြင္းမွ ေၾကာက္လန႔္ တၾကား ထြက္ေျပးေနသည္ကို ေတြ႕ရွိရပါတယ္။တကၠဆတ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ဂရတ္ခ်္အေဘာ့က “အယ္လ္ပါဆိုၿမိဳ႕မွ အျပစ္မဲ့ျပည္သူ ၂၀ ေသဆုံးသြားပါတယ္” ဟု သတင္းစာ ရွင္းလင္းပြဲ တစ္ခုမွာ ေျပာပါတယ္။

အသက္ေသဆုံးသူ ၂၀ အျပင္ ဒဏ္ရာရသူ ၂၆ ဦးရွိေၾကာင္းလည္း ရဲခ်ဳပ္ဂ်ရက္ အယ္လင္က အတည္ျပဳ ေျပာၾကားပါတယ္။ေဆး႐ုံမ်ားသို႔ ေရာက္ရွိလာသည့္ ဒဏ္ရာရသူမ်ားတြင္ အသက္ ၂ ႏွစ္မွ ၈၂ ႏွစ္အထိ ပါဝင္ေၾကာင္း သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။ ပစ္ခတ္မႈျဖစ္ပြားခ်ိန္တြင္ Walmart စတိုးဆိုင္အတြင္း ေရာက္ရွိေနသူ ၁၀၀၀ မွ ၃၀၀၀ အတြင္းရွိႏိုင္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထား ပါတယ္။

လူ ၃ ဦးကို ဖမ္းဆီးလိုက္ေၾကာင္း တာဝန္ရွိသူမ်ားက အေစာပိုင္းတြင္ ေၾကညာခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕က တကၠဆက္ျပည္နယ္၊ အယ္လင္ၿမိဳ႕မွ အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးကိုသာ ဖမ္းဆီးလိုက္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီခြဲခန႔္က ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈတြင္ ေသနတ္သမားသည္ အနက္ေရာင္ တီရွပ္၊ စစ္ေဘာင္းဘီရွည္ႏွင့္ ေခါင္းစြပ္တို႔ဝတ္ဆင္ထားၿပီး ျမင္သမွ်ကို ပစ္ခဲ့ပုံရေၾကာင္း မ်က္ျမင္သက္ေသ မ်ားက ေျပာပါတယ္။

မစၥစပီၿမိဳ႕ရွိ Walmart စတိုးဆိုင္တစ္ခု၌ ဇူလိုင္ ၃၀ ရက္က ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈတြင္လည္း အရပ္သားႏွစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးတို႔ ေသဆုံးခဲ့ပါတယ္။ ဇူလိုင္ ၂၈ ရက္က ကယ္လီဖိုးနီးယားျပည္နယ္ ေျမာင္ပိုင္း အစားအစာပြဲေတာ္တစ္ခုတြင္ ၁၉ ႏွစ္အ႐ြယ္ ေသနတ္သမားတစ္ဦး၏ ပစ္ခတ္ မႈေၾကာင္း ကေလးငယ္ ႏွစ္ဦးအပါအဝင္ သုံးဦး ေသဆုံးခဲ့ပါတယ္။

Linko
Ref:Afp
ဝါရွင္တန္၊ၾသဂုတ္ ၄