လူအုပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် မြို့များကို သမ္မတထရမ့် သွားရောက်ကြည့်ရှု

လူအုပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် မြို့များကို သမ္မတထရမ့် သွားရောက်ကြည့်ရှု

လူ ၂၂ ဦး သေဆုံးခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော တက္ကဆက်ပြည်နယ်၊ အယ်လ်ပက်ဆိုမြို့သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်ကာ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အသက်ရှင်သူများကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။သြဂုတ် ၃ ရက်က အယ်လ်ပက်ဆိုမြို့တွင် သေနတ်သမားတစ်ဦးက လက်တင်အမေရိကနွယ်ဖွား အသိုင်းအဝိုင်းကို အငြိုးထားပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

သမ္မတထရမ့်သည် လူ ကိုးဦးသေဆုံးခဲ့သော ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အိုဟိုင်းရိုးပြည်နယ် ဒေတန်မြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူများကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။လူဖြူဝါဒ ကြီးစိုးမှု ဖြစ်စေ၊ အခြားကြီးစိုးမှု တစ်ခုခုကြောင့်ဖြစ်စေ အမုန်းတရားစွဲကိုင်သူများ မြင့်တက်လာခြင်း အပေါ် စိုးရိမ်ကြောင်း ဝါရှင်တန်မြို့မှ မထွက်ခွာမီ ထရမ့်က ပြောကြားခဲ့ပါတယ်။

အယ်လ်ပါဆိုမြို့ ကိုယ်စားလှယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်အမျိုးသမီး ဗာရွန်နီကာ အက်စ်ကိုဘာက သမ္မတထရမ့်နှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး ၎င်း၏ လူမျိုးစွဲနှင့် အမုန်းတရားစကားလုံးများသည် မိမိတို့အသိုင်းအဝိုင်း၊ မိမိတို့တိုင်းပြည်ကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။

အယ်လ်ပက်ဆိုမြို့တွင် နေထိုင်သူအများစုသည် လက်တင်အမေရိကနွယ်ဖွားများဖြစ်ပါတယ်။ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သူက ‘တက္ကဆက်ပြည်နယ်ကို လက်တင်အမေရိကန်နွယ်ဖွားများ ကျူးကျော်မှုကို တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ပါတယ်’ လို့ အွန်လိုင်းမှာ ရေးသား ခဲ့ပါတယ်။ကျူးကျော်မှု ဆိုသည့် စကားလုံးကို အမေရိကန်သမ္မတထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်ကိစ္စများကို ပြောကြားရာမှာ မကြာခဏထည့်သွင်း အသုံးပြုခဲ့ပါတယ်။

ဒေတန်မြို့ တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သည့်အကြောင်းကို ရဲများသိရှိရန် ကြိုးစားနေကြဆဲ ဖြစ်ပြီး ပစ်ခတ်သူသည် အကြမ်းဖက်အယူအဆ များကို လက်ခံထားသူတစ်ဦးအဖြစ် သိရှိထားပါတယ်။အယ်လ်ပက်ဆိုမြို့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူများအား တွေ့ဆုံပြီးနောက် အရေးပေါ် စီမံ ခန့်ခွဲရေးဌာနသို့ သွားသည့် လမ်းတွင် ဆန္ဒပြသူအချို့က ထရမ့်အား “အိမ်ပြန်ပါ။ ခင်ဗျားကို ဒီနေရာက မကြိုဆိုဘူး” ဟု ဆိုင်းဘုတ်များ ကိုင်ဆောင် ကန့်ကွက်ခဲ့ပါတယ်။

ခရီးစဉ်ပြီးဆုံးခါနီးတွင် ထရမ့်က သူ့အတွက် အံ့အားသင့်စရာ ကောင်းသော နေ့တစ်နေ့ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Linko
Ref: idahostatesman.com
ဝါရှင်တန်၊သြဂုတ် ၈

(  Zawgyi  )

 လူ ၂၂ ဦး ေသဆုံးခဲ့သည့္ ပစ္ခတ္ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ေသာ တကၠဆက္ျပည္နယ္၊ အယ္လ္ပက္ဆိုၿမိဳ႕သို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ သြားေရာက္ကာ ကယ္ဆယ္ေရးဝန္ထမ္းမ်ားႏွင့္ အသက္ရွင္သူမ်ားကို သြားေရာက္ ေတြ႕ဆုံခဲ့ပါတယ္။ၾသဂုတ္ ၃ ရက္က အယ္လ္ပက္ဆိုၿမိဳ႕တြင္ ေသနတ္သမားတစ္ဦးက လက္တင္အေမရိကႏြယ္ဖြား အသိုင္းအဝိုင္းကို အၿငိဳးထားပစ္ခတ္ခဲ့ျခင္း ျဖစ္ပါတယ္။

သမၼတထရမ့္သည္ လူ ကိုးဦးေသဆုံးခဲ့ေသာ ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ အိုဟိုင္း႐ိုးျပည္နယ္ ေဒတန္ၿမိဳ႕သို႔ ဆက္လက္သြားေရာက္ခဲ့ၿပီး ျဖစ္စဥ္တြင္ အသက္ရွင္က်န္ရစ္သူမ်ားကို သြားေရာက္ေတြ႕ဆုံ အားေပးခဲ့ပါတယ္။လူျဖဴဝါဒ ႀကီးစိုးမႈ ျဖစ္ေစ၊ အျခားႀကီးစိုးမႈ တစ္ခုခုေၾကာင့္ျဖစ္ေစ အမုန္းတရားစြဲကိုင္သူမ်ား ျမင့္တက္လာျခင္း အေပၚ စိုးရိမ္ေၾကာင္း ဝါရွင္တန္ၿမိဳ႕မွ မထြက္ခြာမီ ထရမ့္က ေျပာၾကားခဲ့ပါတယ္။

အယ္လ္ပါဆိုၿမိဳ႕ ကိုယ္စားလွယ္ ဒီမိုကရက္တစ္ အထက္လႊတ္ေတာ္အမတ္အမ်ိဳးသမီး ဗာ႐ြန္နီကာ အက္စ္ကိုဘာက သမၼတထရမ့္ႏွင့္ ေတြ႕ဆုံရန္ ျငင္းဆိုခဲ့ၿပီး ၎၏ လူမ်ိဳးစြဲႏွင့္ အမုန္းတရားစကားလုံးမ်ားသည္ မိမိတို႔အသိုင္းအဝိုင္း၊ မိမိတို႔တိုင္းျပည္ကို ထိခိုက္ေစေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အယ္လ္ပက္ဆိုၿမိဳ႕တြင္ ေနထိုင္သူအမ်ားစုသည္ လက္တင္အေမရိကႏြယ္ဖြားမ်ားျဖစ္ပါတယ္။ ပစ္ခတ္မႈကို လုပ္ေဆာင္ခဲ့သူက ‘တကၠဆက္ျပည္နယ္ကို လက္တင္အေမရိကန္ႏြယ္ဖြားမ်ား က်ဴးေက်ာ္မႈကို တုံ႔ျပန္ တိုက္ခိုက္ျခင္းျဖစ္ပါတယ္’ လို႔ အြန္လိုင္းမွာ ေရးသား ခဲ့ပါတယ္။က်ဴးေက်ာ္မႈ ဆိုသည့္ စကားလုံးကို အေမရိကန္သမၼတထရမ့္က အေမရိကန္-မကၠဆီကို နယ္စပ္ကိစၥမ်ားကို ေျပာၾကားရာမွာ မၾကာခဏထည့္သြင္း အသုံးျပဳခဲ့ပါတယ္။

ေဒတန္ၿမိဳ႕ တိုက္ခိုက္မႈအား လုပ္ေဆာင္ခဲ့သည့္အေၾကာင္းကို ရဲမ်ားသိရွိရန္ ႀကိဳးစားေနၾကဆဲ ျဖစ္ၿပီး ပစ္ခတ္သူသည္ အၾကမ္းဖက္အယူအဆ မ်ားကို လက္ခံထားသူတစ္ဦးအျဖစ္ သိရွိထားပါတယ္။အယ္လ္ပက္ဆိုၿမိဳ႕ ေဆး႐ုံတြင္ ထိခိုက္ဒဏ္ရာရသူမ်ားအား ေတြ႕ဆုံၿပီးေနာက္ အေရးေပၚ စီမံ ခန႔္ခြဲေရးဌာနသို႔ သြားသည့္ လမ္းတြင္ ဆႏၵျပသူအခ်ိဳ႕က ထရမ့္အား “အိမ္ျပန္ပါ။ ခင္ဗ်ားကို ဒီေနရာက မႀကိဳဆိုဘူး” ဟု ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ ကန႔္ကြက္ခဲ့ပါတယ္။

ခရီးစဥ္ၿပီးဆုံးခါနီးတြင္ ထရမ့္က သူ႔အတြက္ အံ့အားသင့္စရာ ေကာင္းေသာ ေန႔တစ္ေန႔ျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

Linko
Ref: idahostatesman.com
ဝါရွင္တန္၊ၾသဂုတ္ ၈