ဝူဟန်တွင် စံနှုန်းပြင်ဆင်မှုကြောင့် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၉ ဆခန့် ပိုမိုမြင့်မားနေ

ဝူဟန်တွင် စံနှုန်းပြင်ဆင်မှုကြောင့် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၉ ဆခန့် ပိုမိုမြင့်မားနေ

တရုတ်နိုင်ငံတွင် ဝူဟန် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာများအား စံနှုန်း သတ်မှတ်သဖြင့် ဟူဘေးပြည်နယ်တွင် ရောဂါကူးစက်ခံ ရသည့် အရေအတွက်နှင့် သေဆုံးသူအရေအတွက် ပိုမို မြင့်တက်လာခဲ့ရာ အဆိုပါဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ပိုမိုလျင်မြန်စွာ ကူးစက်နေခြင်း အပေါ် စိုးရိမ်မှုများရှိလာသလို တရုတ်အစိုးရက စာရင်းအမှန်အား ဖုံးကွယ်ထားခြင်းတို့အပေါ် သံသယများလည်း ရှိလာပါတယ်။

ဟူဘေးပြည်နယ် သန့်ရှင်းရေးနှင့် ကျန်းမာရေးကော်မရှင်၏ ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁၂ တစ်ရက် အတွင်း ၌ပင် ရောဂါကူးစက်ခံရသူ ၁၄၈၄၀ ဦးနှင့် သေဆုံးသူအရေအတွက်သည် ၂၄၂ ဦး ပိုမိုလာကြောင်း ဖော်ပြထားပါတယ်။ ယင်း အရေအတွက် သည် ဖေဖော်ဝါရီ ၁၁ ရက်က မူလကြေညာထားသည့် ကူးစက်ခံရသူ ကိန်းဂဏန်းထက် ၉ ဆခန့်နှင့် သေဆုံးသူ အရေအတွက် တွင်လည်း ၂ ဒသမ ၆ ဆမြင့်တက်နေပါတယ်။

တရားဝင်ကိန်းဂဏန်းများကို နေ့စဉ်ထုတ်ပြန်နေကျဖြစ်သည့် နိုင်ငံအဆင့် သန့်ရှင်းရေးနှင့် ကျန်းမာရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်က ညနေပိုင်းအထိ  ထုတ်ပြန်ပေးနိုင်ခဲ့ခြင်း မရှိပေ။ “လူနာတွေကို အချိန်နဲ့ တစ်ပြေးညီ ရောဂါစစ်ဆေးဖို့နဲ့ အောင်မြင်စွာ ကုသနိုင်မှု နှုန်းတွေကို တိုးမြှင့်နိုင်ဖို့ ရောဂါကူးစက်မှုနဲ့ ပတ်သက်လို့ သတ်မှတ်စံနှုန်းတစ်ချက်ကို ထပ်မံထည့်သွင်းခဲ့တာကြောင့် ရောဂါကူးစက်သူ အရေအတွက် စာရင်း တိုးလာခြင်း ဖြစ်ပါတယ်” ဟု ဟူဘေးပြည်နယ်အရာရှိများက ရှင်းလင်း ပြောကြားပါတယ်။

ရောဂါစစ်ဆေးမှုအရ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၉၀ ရာခိုင်နှုန်းနှင့် သေဆုံးသူ ၅၆ ရာခိုင်နှုန်းရှိကြောင်း ဟူဘေးပြည်နယ်အစိုးရအဖွဲ့က ပြောကြားပါတယ်။ “ရောဂါကူးစက်ခံရမှုနဲ့ ပတ်သက်တဲ့ စံနှုန်းကို အခြားပြည်နယ်တွေနဲ့ တစ်ပြေးညီ ဖြစ်အောင် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ဟူဘေးပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနေဖြင့် အခြားပြည်နယ်များအတိုင်း သတ်မှတ်ချက်ကို ယခုအချိန်ကျမှသာ စတင်ကျင့်သုံးမည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်ပါတယ်။

Linko
Ref: Donga.com
ဝူဟန်၊ ဖေဖော်ဝါရီ ၁၄

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံတြင္ ဝူဟန္ ေကာ္႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ လူနာမ်ားအား စံႏႈန္း သတ္မွတ္သျဖင့္ ဟူေဘးျပည္နယ္တြင္ ေရာဂါကူးစက္ခံ ရသည့္ အေရအတြက္ႏွင့္ ေသဆုံးသူအေရအတြက္ ပိုမို ျမင့္တက္လာခဲ့ရာ အဆိုပါဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈသည္ ပိုမိုလ်င္ျမန္စြာ ကူးစက္ေနျခင္း အေပၚ စိုးရိမ္မႈမ်ားရွိလာသလို တ႐ုတ္အစိုးရက စာရင္းအမွန္အား ဖုံးကြယ္ထားျခင္းတို႔အေပၚ သံသယမ်ားလည္း ရွိလာပါတယ္။

ဟူေဘးျပည္နယ္ သန႔္ရွင္းေရးႏွင့္ က်န္းမာေရးေကာ္မရွင္၏ ေဖေဖာ္ဝါရီ ၁၃ ရက္ ထုတ္ျပန္ခ်က္တြင္ ေဖေဖာ္ဝါရီ ၁၂ တစ္ရက္ အတြင္း ၌ပင္ ေရာဂါကူးစက္ခံရသူ ၁၄၈၄၀ ဦးႏွင့္ ေသဆုံးသူအေရအတြက္သည္ ၂၄၂ ဦး ပိုမိုလာေၾကာင္း ေဖာ္ျပထားပါတယ္။ ယင္း အေရအတြက္ သည္ ေဖေဖာ္ဝါရီ ၁၁ ရက္က မူလေၾကညာထားသည့္ ကူးစက္ခံရသူ ကိန္းဂဏန္းထက္ ၉ ဆခန႔္ႏွင့္ ေသဆုံးသူ အေရအတြက္ တြင္လည္း ၂ ဒသမ ၆ ဆျမင့္တက္ေနပါတယ္။

တရားဝင္ကိန္းဂဏန္းမ်ားကို ေန႔စဥ္ထုတ္ျပန္ေနက်ျဖစ္သည့္ ႏိုင္ငံအဆင့္ သန႔္ရွင္းေရးႏွင့္ က်န္းမာေရးေကာ္မရွင္အေနျဖင့္ ေဖေဖာ္ဝါရီ ၁၃ ရက္က ညေနပိုင္းအထိ  ထုတ္ျပန္ေပးႏိုင္ခဲ့ျခင္း မရွိေပ။ “လူနာေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ေရာဂါစစ္ေဆးဖို႔နဲ႔ ေအာင္ျမင္စြာ ကုသႏိုင္မႈ ႏႈန္းေတြကို တိုးျမႇင့္ႏိုင္ဖို႔ ေရာဂါကူးစက္မႈနဲ႔ ပတ္သက္လို႔ သတ္မွတ္စံႏႈန္းတစ္ခ်က္ကို ထပ္မံထည့္သြင္းခဲ့တာေၾကာင့္ ေရာဂါကူးစက္သူ အေရအတြက္ စာရင္း တိုးလာျခင္း ျဖစ္ပါတယ္” ဟု ဟူေဘးျပည္နယ္အရာရွိမ်ားက ရွင္းလင္း ေျပာၾကားပါတယ္။

ေရာဂါစစ္ေဆးမႈအရ ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္သူ ၉၀ ရာခိုင္ႏႈန္းႏွင့္ ေသဆုံးသူ ၅၆ ရာခိုင္ႏႈန္းရွိေၾကာင္း ဟူေဘးျပည္နယ္အစိုးရအဖြဲ႕က ေျပာၾကားပါတယ္။ “ေရာဂါကူးစက္ခံရမႈနဲ႔ ပတ္သက္တဲ့ စံႏႈန္းကို အျခားျပည္နယ္ေတြနဲ႔ တစ္ေျပးညီ ျဖစ္ေအာင္ သတ္မွတ္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ” ဟု ဟူေဘးျပည္နယ္အစိုးရက ထုတ္ျပန္ခဲ့ရာ ၎တို႔အေနျဖင့္ အျခားျပည္နယ္မ်ားအတိုင္း သတ္မွတ္ခ်က္ကို ယခုအခ်ိန္က်မွသာ စတင္က်င့္သုံးမည္ဟု ဝန္ခံလိုက္ျခင္း ျဖစ္ပါတယ္။

Linko
Ref: Donga.com
ဝူဟန္၊ ေဖေဖာ္ဝါရီ ၁၄