သတ်ဖြတ်ခံရသူ အီရန်ဗိုလ်ချုပ်ကြီးအတွက် လက်စားခြေရန် လက်ဘနွန် ဟစ်ဇဘိုလာခေါင်းဆောင် တောင်းဆို

သတ်ဖြတ်ခံရသူ အီရန်ဗိုလ်ချုပ်ကြီးအတွက် လက်စားခြေရန် လက်ဘနွန် ဟစ်ဇဘိုလာခေါင်းဆောင် တောင်းဆို

အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆူလီမန်နီအတွက် လက်စားခြေသည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ကြရန် လက်ဘနွန်ရှိ ဟစ်ဇဘိုလာခေါင်းဆောင် ဟက်ဆန်နက်စ်ရာလာက ဇန်နဝါရီ ၁၂ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ကာဆင်ဆူလီမန်နီသည် ဆီးရီးယား၊ အီရန်၊ ယီမင်နှင့် လက်ဘနွန်တို့ရှိ ရှီးယိုက်တပ်ဖွဲ့များနှင့် မိတ်ဆွေတစ်ဦး ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တွင် အစ္စရေးတို့နှင့် တိုက်ခိုက်ပြီးနောက် ဟစ်ဇဘိုလာ အကြမ်းဖက် တပ်ဖွဲ့များကို ပြန်လည်ထူထောင်ရာတွင် ဆူလီမန်နီက ကူညီခဲ့ပြီး အစ္စရေးအား မဟာဗျူဟာမြောက် ခြိမ်းခြောက်နိုင် ရေးအတွက် ဒုံးကျည်စနစ်ကို အမြန်ဆုံး အဆင့်မြှင့်တင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်ဟု နက်စ်ရာလာက ပြန်လည်ပြောပြခဲ့ပါတယ်။

ဆူလီမန်နီနှင့် အတူ သေဆုံးသွားသည့် ကာတစ်ဟစ်ဇဘိုလာအဖွဲ့ကို ထူထောင်သူ အီရတ်ပြည်သူ့စစ်ခေါင်းဆောင် အဘူမာဒီအယ်မူဟန်ဒစ်အတွက်လည်း ဝမ်းနည်းကြောင်း နက်စ်ရာလာက ပြောကြားခဲ့ပါတယ်။

နက်စ်ရာလာနှင့် မူဟန်ဒစ်တို့သည် ကာဆင်ဆူလီမန်နီ၏ တပ်ဖွဲ့ဝင်များအဖြစ် ကိုယ်တိုင် သတ်မှတ်ထားသူများ ဖြစ်ပါတယ်။

Linko
Ref : Breitbart
ဘေရွတ်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆင္ဆူလီမန္နီအတြက္ လက္စားေျခသည့္အေနျဖင့္ အေမရိကန္တပ္ဖြဲ႕မ်ားကို တိုက္ခိုက္ၾကရန္ လက္ဘႏြန္ရွိ ဟစ္ဇဘိုလာေခါင္းေဆာင္ ဟက္ဆန္နက္စ္ရာလာက ဇန္နဝါရီ ၁၂ ရက္မွာ ေတာင္းဆိုလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ကာဆင္ဆူလီမန္နီသည္ ဆီးရီးယား၊ အီရန္၊ ယီမင္ႏွင့္ လက္ဘႏြန္တို႔ရွိ ရွီးယိုက္တပ္ဖြဲ႕မ်ားႏွင့္ မိတ္ေဆြတစ္ဦး ျဖစ္ပါတယ္။

၂၀၀၆ ခုႏွစ္တြင္ အစၥေရးတို႔ႏွင့္ တိုက္ခိုက္ၿပီးေနာက္ ဟစ္ဇဘိုလာ အၾကမ္းဖက္ တပ္ဖြဲ႕မ်ားကို ျပန္လည္ထူေထာင္ရာတြင္ ဆူလီမန္နီက ကူညီခဲ့ၿပီး အစၥေရးအား မဟာဗ်ဴဟာေျမာက္ ၿခိမ္းေျခာက္ႏိုင္ ေရးအတြက္ ဒုံးက်ည္စနစ္ကို အျမန္ဆုံး အဆင့္ျမႇင့္တင္ရန္လည္း ၎က တိုက္တြန္းခဲ့သည္ဟု နက္စ္ရာလာက ျပန္လည္ေျပာျပခဲ့ပါတယ္။

ဆူလီမန္နီႏွင့္ အတူ ေသဆုံးသြားသည့္ ကာတစ္ဟစ္ဇဘိုလာအဖြဲ႕ကို ထူေထာင္သူ အီရတ္ျပည္သူ႔စစ္ေခါင္းေဆာင္ အဘူမာဒီအယ္မူဟန္ဒစ္အတြက္လည္း ဝမ္းနည္းေၾကာင္း နက္စ္ရာလာက ေျပာၾကားခဲ့ပါတယ္။

နက္စ္ရာလာႏွင့္ မူဟန္ဒစ္တို႔သည္ ကာဆင္ဆူလီမန္နီ၏ တပ္ဖြဲ႕ဝင္မ်ားအျဖစ္ ကိုယ္တိုင္ သတ္မွတ္ထားသူမ်ား ျဖစ္ပါတယ္။

Linko
Ref : Breitbart
ေဘ႐ြတ္၊ ဇန္နဝါရီ - ၁၄