သမ္မတထရမ့်ကို စွပ်စွဲဖြုတ်ချရေး စုံစမ်းမှုအတွက် ဒီမိုကရက်များက မဲခွဲဆုံးဖြတ်မည်

သမ္မတထရမ့်ကို စွပ်စွဲဖြုတ်ချရေး စုံစမ်းမှုအတွက် ဒီမိုကရက်များက  မဲခွဲဆုံးဖြတ်မည်

သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲဖြုတ်ချရေး စုံစမ်းစစ်ဆေးရန် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအတွက် အောက်တိုဘာ  ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဟု အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်အမတ်များက ပြင်ဆင်ထားကြသော်လည်း အစိုးရအရာရှိများကတော့ ပူးပေါင်းပါဝင်ရန် ငြင်းဆိုထားကြပါတယ်။

ဒီမိုကရက်များက ဦးဆောင်ထားသည့် အောက်လွှတ်တော်အနေဖြင့် လုပ်ပိုင်ခွင့်မရှိသောကြောင့် စုံစမ်းစစ်ဆေး ရေးသည် တရားမဝင်ကြောင်း ထရမ့်နှင့် ၎င်း၏ ရီပတ်ပလစ်ကင်အုပ်စုက ပြောကြားထားပါတယ်။ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါက ဒီမိုကရက်များအနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိပါတယ်။

အိမ်ဖြူတော်အနေဖြင့် သက်သေများကို ဟန့်တားရန်နှင့် စာရွက်စာတမ်းများကို ထိန်းချုပ်ကွယ်ဝှက်ရန် ဆက် လက် လုပ်ဆောင်နေသောကြောင့် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ သံသယများကို ရှင်းလင်းရန် လုပ်ဆောင် နေကြောင်း ဒီမိုကရက်တစ်များထံသို့ ပေးသည့် စာတစ်စောင်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုက ရေးသားထားပါတယ်။

အောက်တိုဘာ ၂၈ ရက်က စုံစမ်းစစ်ဆေးမှုတွင် ပါဝင်သည့် အောက်လွှတ်တော်ကော်မတီများထံ အမျိုးသားလုံခြုံရေးလက်ထောက် အကြံပေးဟောင်း တစ်ဦးအပါအဝင် အစိုးရအရာရှိများက ထွက်ဆိုဖြေကြား ခြင်းမရှိခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်း တစ်ရပ်အဖြစ် အောက်လွှတ်တော်မှ ထွက်ဆိုရန် ဆင့်ခေါ်မှုကို အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဂျွန်ဘော်လ်တန်၏ လက်ထောက် ချားလ်စ်ကပ်ပါမန်က ငြင်းဆိုခဲ့သဖြင့် ယင်းစုံစမ်း စစ်ဆေးမှု တွင်မပါဝင်နိုင်ကြောင်း တုန့်ပြန်ထားသည့် အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့အကြား တင်းမာမှုများ မြင့်တက်လာပါတယ်။

ကက်ပါမန်က သူ့အနေဖြင့် တရားရုံးတွင် ထွက်ဆိုပေးရန် လို၊မလိုအား ဆုံးဖြတ်ပေးရန် ဝါရှင်တန်ဒီစီတရားရုံးတွင် တင်ပြခဲ့ပါတယ်။ ယင်းကိစ္စနှင့် ပတ်သက်၍ တရားရုံး၏ ပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်းလည်း ၎င်းကပြောပါတယ်။အောက်တိုဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် စာတစ်စောင်တွင် အိမ်ဖြူတော်အရာရှိ ပတ်စီပိုလွန်က အစိုးရအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုတွင်ပါဝင်မည်မဟုတ်ဟု ပြောကြားပါတယ်။ အောက်လွှတ်တော်က အဆိုပါကိစ္စရပ်အား မဲခွဲမဆုံးဖြတ်ပါက စွပ်စွဲဖြုတ်ချရေး စုံစမ်းမှုသည် တရားမဝင်ကြောင်း ၎င်းက ပြောကြား သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယင်းကဲ့သို့ စစ်ဆေးမှုအတွက် မဲခွဲဆုံးဖြတ်ရန် မလိုကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောကြားပါတယ်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိူးဘိုင်ဒင်၏သားနှင့် ဆက်နွှယ်နေသည့် ဓာတ်ငွေ့ ကုမ္ပဏီအား စုံစမ်းစစ်ဆေးရေး အတွက် တာဝန်ရှိသူများကို သမ္မတက ဖိအားပေးစေရန် ယူကရိန်းသို့ ပေးမည့် စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀၀ အား ဆိုင်းငံ့ထားခြင်း ရှိ၊မရှိ စွပ်စွဲပြစ်တင်မှုအတွက် မေးမြန်းသွားမှာ ဖြစ်ပါတယ်။ သမ္မတရမ့်ကတော့ စွပ်စွဲမှုများကို ငြင်းဆိုထားပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ရီပတ်ပလစ်ကင်များက ဒီမိုကရက်များကို စွပ်စွဲထားပါတယ်။

Linko
Ref: Aljazeera.com
ဝါရှင်တန်၊ အောက်တိုဘာ ၂၉

(  Zawgyi  )

 သမၼတေဒၚနယ္ထရမ့္အား စြပ္စြဲျဖဳတ္ခ်ေရး စုံစမ္းစစ္ေဆးရန္ ဆက္လက္လုပ္ေဆာင္မည့္ အစီအစဥ္မ်ားအတြက္ ေအာက္တိုဘာ  ၃၀ ရက္တြင္ မဲခြဲဆုံးျဖတ္မည္ဟု အေမရိကန္ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္မ်ားက ျပင္ဆင္ထားၾကေသာ္လည္း အစိုးရအရာရွိမ်ားကေတာ့ ပူးေပါင္းပါဝင္ရန္ ျငင္းဆိုထားၾကပါတယ္။

ဒီမိုကရက္မ်ားက ဦးေဆာင္ထားသည့္ ေအာက္လႊတ္ေတာ္အေနျဖင့္ လုပ္ပိုင္ခြင့္မရွိေသာေၾကာင့္ စုံစမ္းစစ္ေဆး ေရးသည္ တရားမဝင္ေၾကာင္း ထရမ့္ႏွင့္ ၎၏ ရီပတ္ပလစ္ကင္အုပ္စုက ေျပာၾကားထားပါတယ္။ ေအာက္လႊတ္ေတာ္က မဲခြဲဆုံးျဖတ္လိုက္ပါက ဒီမိုကရက္မ်ားအေနျဖင့္ ၎တို႔၏ ေတာင္းဆိုခ်က္မ်ားကို ဆက္လက္လုပ္ေဆာင္သြားဖြယ္ရွိပါတယ္။

အိမ္ျဖဴေတာ္အေနျဖင့္ သက္ေသမ်ားကို ဟန႔္တားရန္ႏွင့္ စာ႐ြက္စာတမ္းမ်ားကို ထိန္းခ်ဳပ္ကြယ္ဝွက္ရန္ ဆက္ လက္ လုပ္ေဆာင္ေနေသာေၾကာင့္ စုံစမ္းစစ္ေဆးမႈမ်ားႏွင့္ ပတ္သက္၍ သံသယမ်ားကို ရွင္းလင္းရန္ လုပ္ေဆာင္ ေနေၾကာင္း ဒီမိုကရက္တစ္မ်ားထံသို႔ ေပးသည့္ စာတစ္ေစာင္တြင္ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပယ္လိုက ေရးသားထားပါတယ္။

ေအာက္တိုဘာ ၂၈ ရက္က စုံစမ္းစစ္ေဆးမႈတြင္ ပါဝင္သည့္ ေအာက္လႊတ္ေတာ္ေကာ္မတီမ်ားထံ အမ်ိဳးသားလုံၿခဳံေရးလက္ေထာက္ အႀကံေပးေဟာင္း တစ္ဦးအပါအဝင္ အစိုးရအရာရွိမ်ားက ထြက္ဆိုေျဖၾကား ျခင္းမရွိခဲ့ပါဘူး။ စုံစမ္းစစ္ေဆးမႈ အစိတ္အပိုင္း တစ္ရပ္အျဖစ္ ေအာက္လႊတ္ေတာ္မွ ထြက္ဆိုရန္ ဆင့္ေခၚမႈကို အမ်ိဳးသားလုံၿခဳံေရး အႀကံေပးအရာရွိ ဂြၽန္ေဘာ္လ္တန္၏ လက္ေထာက္ ခ်ားလ္စ္ကပ္ပါမန္က ျငင္းဆိုခဲ့သျဖင့္ ယင္းစုံစမ္း စစ္ေဆးမႈ တြင္မပါဝင္ႏိုင္ေၾကာင္း တုန႔္ျပန္ထားသည့္ အိမ္ျဖဴေတာ္ႏွင့္ ကြန္ဂရက္တို႔အၾကား တင္းမာမႈမ်ား ျမင့္တက္လာပါတယ္။

ကက္ပါမန္က သူ႔အေနျဖင့္ တရား႐ုံးတြင္ ထြက္ဆိုေပးရန္ လို၊မလိုအား ဆုံးျဖတ္ေပးရန္ ဝါရွင္တန္ဒီစီတရား႐ုံးတြင္ တင္ျပခဲ့ပါတယ္။ ယင္းကိစၥႏွင့္ ပတ္သက္၍ တရား႐ုံး၏ ျပန္ၾကားခ်က္ကို ေစာင့္ဆိုင္းေနေၾကာင္းလည္း ၎ကေျပာပါတယ္။ေအာက္တိုဘာလအေစာပိုင္းက ထုတ္ျပန္ခဲ့သည့္ စာတစ္ေစာင္တြင္ အိမ္ျဖဴေတာ္အရာရွိ ပတ္စီပိုလြန္က အစိုးရအဖြဲ႕အေနျဖင့္ စုံစမ္းစစ္ေဆးမႈတြင္ပါဝင္မည္မဟုတ္ဟု ေျပာၾကားပါတယ္။ ေအာက္လႊတ္ေတာ္က အဆိုပါကိစၥရပ္အား မဲခြဲမဆုံးျဖတ္ပါက စြပ္စြဲျဖဳတ္ခ်ေရး စုံစမ္းမႈသည္ တရားမဝင္ေၾကာင္း ၎က ေျပာၾကား ေသာ္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ယင္းကဲ့သို႔ စစ္ေဆးမႈအတြက္ မဲခြဲဆုံးျဖတ္ရန္ မလိုေၾကာင္း ဥပေဒကြၽမ္းက်င္သူမ်ားက ေျပာၾကားပါတယ္။

၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္သမၼတေလာင္း ဂ်ိဴးဘိုင္ဒင္၏သားႏွင့္ ဆက္ႏႊယ္ေနသည့္ ဓာတ္ေငြ႕ ကုမၸဏီအား စုံစမ္းစစ္ေဆးေရး အတြက္ တာဝန္ရွိသူမ်ားကို သမၼတက ဖိအားေပးေစရန္ ယူကရိန္းသို႔ ေပးမည့္ စစ္ေရးအကူအညီ ေဒၚလာသန္း ၄၀၀ အား ဆိုင္းငံ့ထားျခင္း ရွိ၊မရွိ စြပ္စြဲျပစ္တင္မႈအတြက္ ေမးျမန္းသြားမွာ ျဖစ္ပါတယ္။ သမၼတရမ့္ကေတာ့ စြပ္စြဲမႈမ်ားကို ျငင္းဆိုထားပါတယ္။
စုံစမ္းစစ္ေဆးမႈမွာ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ရီပတ္ပလစ္ကင္မ်ားက ဒီမိုကရက္မ်ားကို စြပ္စြဲထားပါတယ္။

Linko
Ref: Aljazeera.com
ဝါရွင္တန္၊ ေအာက္တိုဘာ ၂၉