သမ္မတထရမ့်ကို အာဏာလျော့ကျရေးအတွက် အမေရိကန်ထိပ်တန်းအရာရှိ ၂ ဦးက စည်းရုံးခဲ့ဟု ကုလသံအမတ် ထုတ်ဖော်

သမ္မတထရမ့်ကို အာဏာလျော့ကျရေးအတွက် အမေရိကန်ထိပ်တန်းအရာရှိ ၂ ဦးက စည်းရုံးခဲ့ဟု ကုလသံအမတ် ထုတ်ဖော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ်တေလာဆန်နှင့် အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီ တို့က တိုင်းပြည်ကို ကယ်တင်ရန်နှင့် သမ္မတဒေါ်နယ်ထရမ့်ကို အာဏာလျော့ကျရေး ဆောင်ရွက်ရန် မိမိအား စည်းရုံးသိမ်းသွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး နစ်ကီဟာလေ က ပြောကြားသည် ဟု ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ထရမ့်၏ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ခြင်း မပြုလုပ်ရန် ၎င်းတို့နှစ်ဦးက ပြောကြားကြောင်း ဟာလေက သူမထပ်မံရေးသားသည့် စာအုပ်သစ်မှာ ဖော်ပြထားပါတယ်။ ၎င်းတို့နှစ်ဦးအနေဖြင့် နိုင်ငံကို ကယ်တင်ရန် ကြိုးပမ်းနေကြောင်းလည်း ဖော်ပြထားပါတယ်။

ယခုသတင်းထွက်ရှိမှုအပေါ် တေလာဆန်က မှတ်ချက်မပေးသေးသော်လည်း ကယ်လီက သမ္မတကို အပြည့်အစုံ  ပြန်လည်ပြောကြားစေလိုကြောင်း  ပြောကြားပါတယ်။ “ထရမ့်အနေနဲ့ အားနည်းချက်၊ အားသာချက်တွေကို အကုန်သိပြီး ဘယ်လိုမူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုမယ်ဆိုတာသိဖို့လို ပါတယ်” ဟု ကယ်လီက အမေရိကန်အသံလွှင့်ဌာန CBS ကို ပြောကြားပါတယ်။

ကယ်လီနှင့် တေလာဆန်တို့က ၎င်းတို့သည့် လက်အောက်ခံဝန်ထမ်းများမဟုတ်ဘဲ နိုင်ငံကို ကယ်တင် ရန် ကြိုးပမ်းနေကြကြောင်း မိမိကို ပြောကြားခဲ့သည်ဟု ဟာလေက ရေးသားထားပါတယ်။ “ဒါက တော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ သမ္မတရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါ ဘူး။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားလို့လည်း သူတို့က ပြောပါတယ်” ဟု ဟာလေက သူမ၏ “With All Due Respect” ဟု အမည် ပေး ထားသည့် စာအုပ်တွင် ရေးထားသည်ကို ဝါရှင်တန်ပို့စ် သတင်းစာမှ တွေ့ရှိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါစာအုပ်ကို နိုဝင်ဘာ ၁၂ ရက်မှာ ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။

သမ္မတကို ထိန်းမထားပါက ပြည်သူများ သေကြေပျက်စီးမည်ဟု တေလာဆန်က ပြောခဲ့ကြောင်း လည်း ဟာလေက ရေးသားထားပါတယ်။ သို့သော် အသက် ၄၇ နှစ်အရွယ် ဟာလေက ကယ်လီနှင့် တေလာဆန်တို့၏ တောင်းဆိုမှုကို ငြင်းဆိုခဲ့ကြောင်းနှင့် အန္တရာယ်များ၍ အပြစ်မကင်းသော လုပ်ရပ်ဖြစ်သည်ဟု ပြန်လည်ပြောကြား ခဲ့ပါတယ်။

“ကျွန်မကို အဲဒီကိစ္စလာမပြောဘဲ သူတို့အနေနဲ့ သမ္မတကို သွားပြောသင့်ပါတယ်။ သူတို့ရဲ့ အစီအစဉ် နဲ့ ပတ်သက်လို့ ကျွန်မကို လာမပြောဖို့လည်း ပြောခဲ့ပါတယ်” ဟု ဟာလေက CBS ရုပ်သံဌာနကို ပြောကြားခဲ့ပါ တယ်။

“ရှင်တို့ရဲ့ သဘောထားကွဲလွဲမှုတွေကို သမ္မတနဲ့ ပြောသင့်ပြီး သူလုပ်နေတာတွေကို မနှစ်သက်ရင် တာဝန်မှ နုတ်ထွက်ဖို့နဲ့ သမ္မတကို ထိခိုက်အောင် လုပ်တာဟာ အလွန်အန္တရာယ်များတဲ့ ကိစ္စဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့လည်း ဆန့်ကျင်သလို အမေရိကန်ပြည်သူတွေရဲ့ လိုလားချက်နဲ့လည်း  ကိုက်ညီမှုမရှိတာကြောင်း အပြစ်ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ဟာလေက ပြောကြားခဲ့ပါတယ်။ဟယ်ဆင်ကီတွင် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတစ်ခု၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပတ်သက်၍ သမ္မတထရမ့်၏ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် သဘောမတူညီကြောင်း လည်း ဟာလေက ပြောကြားပါတယ်။

အီရန်နှင့်  နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ခြင်းနှင့် ပါရီ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူစာ ချုပ်မှ နုတ်ထွက်ခြင်းများကဲ့သို့ ထရမ့်၏ အစိုးရအဖွဲ့အတွင်းမှ လက်မခံသည့် ဆုံးဖြတ်ချက်များကို မိမိအနေဖြင့် ထောက်ခံကြောင်းလည်း ဟာလေက ပြောပါတယ်။

သမ္မတအား စွပ်စွဲပြစ်တင်ဖြုတ်ကျရန် အောက်လွှတ်တော်ဒီမိုကရက်များ၏ ကြိုးပမ်းမှုအပေါ် ဟာလေက ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်သည် အစိုးရတာဝန်ရှိသူများအား သေဒဏ်ချမှတ်သလိုဖြစ်ကြောင်း CBS နှင့် အင်တာဗျူးတွင် ဟာလေက ပြောကြားခဲ့ပါတယ်။

Linko
Ref:CNN
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁

(  Zawgyi  )

 အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ရက္စ္ေတလာဆန္ႏွင့္ အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ ဂြၽန္ကယ္လီ တို႔က တိုင္းျပည္ကို ကယ္တင္ရန္ႏွင့္ သမၼတေဒၚနယ္ထရမ့္ကို အာဏာေလ်ာ့က်ေရး ေဆာင္႐ြက္ရန္ မိမိအား စည္း႐ုံးသိမ္းသြင္းခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး နစ္ကီဟာေလ က ေျပာၾကားသည္ ဟု ဝါရွင္တန္ပို႔စ္သတင္းစာမွာ ေဖာ္ျပလိုက္ပါတယ္။

ထရမ့္၏ လမ္းၫႊန္မႈမ်ားကို လိုက္နာေဆာင္႐ြက္ျခင္း မျပဳလုပ္ရန္ ၎တို႔ႏွစ္ဦးက ေျပာၾကားေၾကာင္း ဟာေလက သူမထပ္မံေရးသားသည့္ စာအုပ္သစ္မွာ ေဖာ္ျပထားပါတယ္။ ၎တို႔ႏွစ္ဦးအေနျဖင့္ ႏိုင္ငံကို ကယ္တင္ရန္ ႀကိဳးပမ္းေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ယခုသတင္းထြက္ရွိမႈအေပၚ ေတလာဆန္က မွတ္ခ်က္မေပးေသးေသာ္လည္း ကယ္လီက သမၼတကို အျပည့္အစုံ  ျပန္လည္ေျပာၾကားေစလိုေၾကာင္း  ေျပာၾကားပါတယ္။ “ထရမ့္အေနနဲ႔ အားနည္းခ်က္၊ အားသာခ်က္ေတြကို အကုန္သိၿပီး ဘယ္လိုမူဝါဒေတြကို ျပန္လည္သုံးသပ္ဖို႔ လိုမယ္ဆိုတာသိဖို႔လို ပါတယ္” ဟု ကယ္လီက အေမရိကန္အသံလႊင့္ဌာန CBS ကို ေျပာၾကားပါတယ္။

ကယ္လီႏွင့္ ေတလာဆန္တို႔က ၎တို႔သည့္ လက္ေအာက္ခံဝန္ထမ္းမ်ားမဟုတ္ဘဲ ႏိုင္ငံကို ကယ္တင္ ရန္ ႀကိဳးပမ္းေနၾကေၾကာင္း မိမိကို ေျပာၾကားခဲ့သည္ဟု ဟာေလက ေရးသားထားပါတယ္။ “ဒါက ေတာ့ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ပါ။ သမၼတရဲ႕ ဆုံးျဖတ္ခ်က္မဟုတ္ပါ ဘူး။ အေမရိကန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားလို႔လည္း သူတို႔က ေျပာပါတယ္” ဟု ဟာေလက သူမ၏ “With All Due Respect” ဟု အမည္ ေပး ထားသည့္ စာအုပ္တြင္ ေရးထားသည္ကို ဝါရွင္တန္ပို႔စ္ သတင္းစာမွ ေတြ႕ရွိခဲ့ေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။ အဆိုပါစာအုပ္ကို ႏိုဝင္ဘာ ၁၂ ရက္မွာ ျဖန႔္ခ်ိသြားမွာလည္း ျဖစ္ပါတယ္။

သမၼတကို ထိန္းမထားပါက ျပည္သူမ်ား ေသေၾကပ်က္စီးမည္ဟု ေတလာဆန္က ေျပာခဲ့ေၾကာင္း လည္း ဟာေလက ေရးသားထားပါတယ္။ သို႔ေသာ္ အသက္ ၄၇ ႏွစ္အ႐ြယ္ ဟာေလက ကယ္လီႏွင့္ ေတလာဆန္တို႔၏ ေတာင္းဆိုမႈကို ျငင္းဆိုခဲ့ေၾကာင္းႏွင့္ အႏၲရာယ္မ်ား၍ အျပစ္မကင္းေသာ လုပ္ရပ္ျဖစ္သည္ဟု ျပန္လည္ေျပာၾကား ခဲ့ပါတယ္။

“ကြၽန္မကို အဲဒီကိစၥလာမေျပာဘဲ သူတို႔အေနနဲ႔ သမၼတကို သြားေျပာသင့္ပါတယ္။ သူတို႔ရဲ႕ အစီအစဥ္ နဲ႔ ပတ္သက္လို႔ ကြၽန္မကို လာမေျပာဖို႔လည္း ေျပာခဲ့ပါတယ္” ဟု ဟာေလက CBS ႐ုပ္သံဌာနကို ေျပာၾကားခဲ့ပါ တယ္။

“ရွင္တို႔ရဲ႕ သေဘာထားကြဲလြဲမႈေတြကို သမၼတနဲ႔ ေျပာသင့္ၿပီး သူလုပ္ေနတာေတြကို မႏွစ္သက္ရင္ တာဝန္မွ ႏုတ္ထြက္ဖို႔နဲ႔ သမၼတကို ထိခိုက္ေအာင္ လုပ္တာဟာ အလြန္အႏၲရာယ္မ်ားတဲ့ ကိစၥျဖစ္ၿပီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒ နဲ႔လည္း ဆန႔္က်င္သလို အေမရိကန္ျပည္သူေတြရဲ႕ လိုလားခ်က္နဲ႔လည္း  ကိုက္ညီမႈမရွိတာေၾကာင္း အျပစ္ရွိတဲ့ လုပ္ရပ္ျဖစ္ပါတယ္” ဟု ဟာေလက ေျပာၾကားခဲ့ပါတယ္။ဟယ္ဆင္ကီတြင္ ၂၀၁၇ ခုႏွစ္က က်င္းပခဲ့သည့္ ထိပ္သီးေဆြးေႏြးပြဲတစ္ခု၌ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ႏွင့္ ပတ္သက္၍ သမၼတထရမ့္၏ ကိုင္တြယ္ေဆာင္႐ြက္မႈအေပၚ သေဘာမတူညီေၾကာင္း လည္း ဟာေလက ေျပာၾကားပါတယ္။

အီရန္ႏွင့္  န်ဴကလီးယား သေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ျခင္းႏွင့္ ပါရီ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ သေဘာတူစာ ခ်ဳပ္မွ ႏုတ္ထြက္ျခင္းမ်ားကဲ့သို႔ ထရမ့္၏ အစိုးရအဖြဲ႕အတြင္းမွ လက္မခံသည့္ ဆုံးျဖတ္ခ်က္မ်ားကို မိမိအေနျဖင့္ ေထာက္ခံေၾကာင္းလည္း ဟာေလက ေျပာပါတယ္။

သမၼတအား စြပ္စြဲျပစ္တင္ျဖဳတ္က်ရန္ ေအာက္လႊတ္ေတာ္ဒီမိုကရက္မ်ား၏ ႀကိဳးပမ္းမႈအေပၚ ဟာေလက ေဝဖန္ခဲ့ၿပီး ယင္းလုပ္ရပ္သည္ အစိုးရတာဝန္ရွိသူမ်ားအား ေသဒဏ္ခ်မွတ္သလိုျဖစ္ေၾကာင္း CBS ႏွင့္ အင္တာဗ်ဴးတြင္ ဟာေလက ေျပာၾကားခဲ့ပါတယ္။

Linko
Ref:CNN
ဝါရွင္တန္၊ ႏိုဝင္ဘာ ၁၁