သမ္မတထရမ့်က တာလီဘန်ခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်း

သမ္မတထရမ့်က တာလီဘန်ခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်း

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တာလီဘန်ခေါင်းဆောင်များနှင့် ယခုသီတင်းပတ်ကုန်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် သီးခြားတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း လုံးဝဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် စစ်သားတစ်ဦးအပါအဝင် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်တို့က ကြေညာလိုက်ပြီးနောက် ယခုတွေ့ဆုံပွဲကို ဖျက်လိုက်ခြင်းဖြစ်ကြောင်း ထရမ့်က သူ့ရဲ့ တွစ်တာမှာ ရေးသားလိုက်ပါတယ်။
တာလီဘန်ခေါင်းဆောင်များကို အမေရိကန်နိုင်ငံအတွင်းသို့ ဖိတ်ခေါ်ခဲ့ခြင်းမျိုး ယခင်ကမရှိခဲ့ဘဲ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်မတိုင်မီ ရက်အနည်းငယ်အလိုမှာ စီစဉ်ခဲ့ခြင်းဖြစ် ပါတယ်။

သမ္မတထရမ့်က အာဖဂန်မီ တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ပြန်လည်ခေါ်ယူဖို့ စီစဉ်နေကြောင်း ပြီးခဲ့သည့် လအတွင်းက ပြောခဲ့သလို တပ်ဖွဲ့ဝင် ၈၆၀၀ ကိုတော့ လောလောဆယ် ဆက်လက်ထားရှိ သွားမယ်လို့ ပြောခဲ့ပါတယ်။ ယခုတွေ့ဆုံမည့်အစီအစဉ်အား စက်တင်ဘာ ၇ ရက်က ဖျက်သိမ်း လိုက်ခြင်းသည် တပ်ဖွဲ့များရုပ်သိမ်းမည့် အစီအစဉ်အပေါ် သက်ရောက်နိုင်ခြင်း ရှိ၊မရှိ မသိရှိ ရသေးပေ။

“တာလီဘန် အဓိကခေါင်းဆောင်တွေ၊ တာလီဘန်သမ္မတတို့နဲ့ Camp David မှာ စက်တင်ဘာ ၈ ရက် သီးခြားစီ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကဘူးမြို့မှာ ကျွန်တော်တို့ စစ်သား တစ်ဦး အပါ အဝင် လူ ၁၁ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း တာလီဘန်တို့က ကြေညာ လိုက်တာကြောင့် ဆွေးနွေးပွဲကိုရော ငြိမ်းချမ်းရေး ညှိနှိုင်းမှုကိုရော ချက်ခြင်း ဖျက်သိမ်းလိုက်ပါပြီ”  ဟု ထရမ့်က ရေးသားထားပါတယ်။

တိုက်ခိုက်မှုများသည် ညှိနှိုင်းရေးတွင် တာလီဘန်များဘက်က အသာစီးယူနိုင်မည်ဆိုသည့် ၎င်းတို့  ခေါင်းဆောင်များ၏ အတွေးကို ထရမ့်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Linko
Ref:CNN
ဝါရှင်တန်၊စက်တင်ဘာ ၈

(  Zawgyi  )

 အေမရိကန္သမၼတေဒၚနယ္ထရမ့္က တာလီဘန္ေခါင္းေဆာင္မ်ားႏွင့္ ယခုသီတင္းပတ္ကုန္အတြင္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈအတြက္ သီးျခားေတြ႕ဆုံရန္ စီစဥ္ခဲ့ေသာ္လည္း လုံးဝဖ်က္သိမ္း လိုက္ၿပီျဖစ္ေၾကာင္း စက္တင္ဘာ ၇ ရက္မွာ ေၾကညာလိုက္ပါတယ္။

အေမရိကန္ စစ္သားတစ္ဦးအပါအဝင္ လူတစ္ဒါဇင္ခန႔္ ေသဆုံးခဲ့သည့္ အာဖဂန္နစၥတန္ႏိုင္ငံ၊ ကဘူးလ္ၿမိဳ႕ တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ေၾကာင္း တာလီဘန္တို႔က ေၾကညာလိုက္ၿပီးေနာက္ ယခုေတြ႕ဆုံပြဲကို ဖ်က္လိုက္ျခင္းျဖစ္ေၾကာင္း ထရမ့္က သူ႔ရဲ႕ တြစ္တာမွာ ေရးသားလိုက္ပါတယ္။
တာလီဘန္ေခါင္းေဆာင္မ်ားကို အေမရိကန္ႏိုင္ငံအတြင္းသို႔ ဖိတ္ေခၚခဲ့ျခင္းမ်ိဳး ယခင္ကမရွိခဲ့ဘဲ စက္တင္ဘာ ၁၁ တိုက္ခိုက္ခံရမႈ ႏွစ္ပတ္လည္မတိုင္မီ ရက္အနည္းငယ္အလိုမွာ စီစဥ္ခဲ့ျခင္းျဖစ္ ပါတယ္။

သမၼတထရမ့္က အာဖဂန္မီ တပ္ဖြဲ႕ဝင္ ေထာင္နဲ႔ခ်ီၿပီး ျပန္လည္ေခၚယူဖို႔ စီစဥ္ေနေၾကာင္း ၿပီးခဲ့သည့္ လအတြင္းက ေျပာခဲ့သလို တပ္ဖြဲ႕ဝင္ ၈၆၀၀ ကိုေတာ့ ေလာေလာဆယ္ ဆက္လက္ထားရွိ သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ယခုေတြ႕ဆုံမည့္အစီအစဥ္အား စက္တင္ဘာ ၇ ရက္က ဖ်က္သိမ္း လိုက္ျခင္းသည္ တပ္ဖြဲ႕မ်ား႐ုပ္သိမ္းမည့္ အစီအစဥ္အေပၚ သက္ေရာက္ႏိုင္ျခင္း ရွိ၊မရွိ မသိရွိ ရေသးေပ။

“တာလီဘန္ အဓိကေခါင္းေဆာင္ေတြ၊ တာလီဘန္သမၼတတို႔နဲ႔ Camp David မွာ စက္တင္ဘာ ၈ ရက္ သီးျခားစီ ေတြ႕ဆုံဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ ကဘူးၿမိဳ႕မွာ ကြၽန္ေတာ္တို႔ စစ္သား တစ္ဦး အပါ အဝင္ လူ ၁၁ ဦး ေသဆုံးခဲ့တဲ့ တိုက္ခိုက္မႈကို လုပ္ေဆာင္ေၾကာင္း တာလီဘန္တို႔က ေၾကညာ လိုက္တာေၾကာင့္ ေဆြးေႏြးပြဲကိုေရာ ၿငိမ္းခ်မ္းေရး ညႇိႏႈိင္းမႈကိုေရာ ခ်က္ျခင္း ဖ်က္သိမ္းလိုက္ပါၿပီ”  ဟု ထရမ့္က ေရးသားထားပါတယ္။

တိုက္ခိုက္မႈမ်ားသည္ ညႇိႏႈိင္းေရးတြင္ တာလီဘန္မ်ားဘက္က အသာစီးယူႏိုင္မည္ဆိုသည့္ ၎တို႔  ေခါင္းေဆာင္မ်ား၏ အေတြးကို ထရမ့္က ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

Linko
Ref:CNN
ဝါရွင္တန္၊စက္တင္ဘာ ၈