သမ္မတဒေါ်နယ်ထရမ့်၏ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိက ပွဲဆူစေမည့် အချက် ၂ ခုကို သတင်းစာရှင်းလင်းပွဲ ပြောကြား

သမ္မတဒေါ်နယ်ထရမ့်၏ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိက ပွဲဆူစေမည့် အချက် ၂ ခုကို သတင်းစာရှင်းလင်းပွဲ ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ မစ်မူဘန်နီက အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် ပွဲဆူစေမည့် အချက် ၂ ခုကို ပြောကြားခဲ့ပါတယ်။ ယင်းတို့အနက်တစ်ချက်သည် ကြေညာချက်ဖြစ်ပြီး နောက်တစ်ချက်သည် ခွင့်ပြုမှု တစ်ခုဖြစ် ပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်၊ ကနေဒါနှင့် အီတလီတို့ပါဝင်သော လာမည့်နှစ်တွင် ကျင်းပမည့် ဂျီ-၇  ထိပ်သီးအစည်းအဝေးကို ထရမ့်၏ ဂေါက်ကွင်းတစ်ခုတွင် လက်ခံကျင်းပမည်ဟု ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ Doral Resort သည် ယင်းထိပ်သီး အစည်းအဝေး ကျင်းပရန် အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေရှိကြောင်း နှင့် အခြားနေရာများလည်း ရှိကြောင်း ၎င်းက ပြောပါတယ်။
 
ဂျီ ၇ ထိပ်သီး အစည်းအဝေး ကို Doral တွင် ကျင်းပခြင်းဖြင့် အခြားနေရာတွင် ကျင်းပလျှင် ကုန်ကျမည့် အမေရိကန်အခွန်ထမ်း ပြည်သူတို့၏ ဒေါ်လာသန်းပေါင်းများစွာကို ချွေတာနိုင်မည်ဖြစ်ကြောင်း မူဘန်နီက ပြောကြားပါတယ်။ သို့သော် ထရမ့်အနေဖြင့် သမ္မတရာထူးဖြင့် အခွင့်အရေးယူသွားမည်ကို စိုးရိမ်မှုများလည်းရှိနေပါတယ်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်တစ်ခုတွင် သမ္မတတစ်ဦးသည် ကွန်ဂရက်၏ သဘောတူညီချက်မရဘဲ ပြည်ပအစိုးရများထံမှ ငွေကြေးရယူခွင့် မရှိပေ။ Fox News သတင်းဌာန၏ ဥပဒေရေးရာ လေ့လာသုံးသပ်သူနှင့် တရားသူကြီးဟောင်းတစ်ဦးဖြစ်သူ အင်ဒရူးနပိုလီတန်နို က “ထရမ့်က သူ့ဟာသူ ပြဿနာရှာတာပါ။ ဒါဟာ အမေရိကန်အခြေခံဥပဒေကို တိုက်ရိုက်ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။
Doral Resort သည် ထရမ့်မိသားစု၏ ဝင်ငွေရရှိသည့် အကြီးဆုံး လုပ်ငန်းတစ်ခုတွင် ပါဝင်ပြီး ပြီးခဲ့သည့် နှစ်များအတွင်း ဘဏ္ဍာရေးအခက်အခဲ ပေါ်ပေါက်ခဲ့ပါတယ်။ ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း  ဝင်ငွေ ၆၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ပွဲဆူစေခဲ့သည့် နောက်တစ်ချက်မှာ ABC သတင်းထောက်၏ မေးမြန်းမှုနှင့် ပတ်သက်၍ ဒီမိုကရက်တစ် အမျိုးသားကော်မတီ (DNC) ကိစ္စရပ်အား စုံစမ်းစစ်ဆေးရန် ယူကရိန်းအား ဖိအားပေး၍ စစ်ရေးစရိတ် ပံ့ပိုးပေးခြင်းကို ရုပ်သိမ်းရန် အကြပ်ကိုင်ခဲ့ကြောင်း မူဘန်နီက ဝန်ခံပြောကြားခဲ့ပါတယ်။

ဟက်ကာလုပ်မှုများ၏ နောက်ကွယ်တွင် ရုရှားရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများက သတ်မှတ်ထားကြပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်၏ ပြိုင်ဖက်ဖြစ်သည့် ဟီလာရီကလင်တန်အား ထိုးနှက်ရန် ရရှိသည့်အချက်အလက်များအား ဝီကီလိခ်သို့ ပေးပို့ခဲ့ပါတယ်။ဟက်ကာလုပ်သည့် ဆာဗာကို ယူကရိန်းတွင် ထားခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ယူဆခဲ့ပါတယ်။

“ဆာဗာဘယ်မှာလဲလို့ အက်ဖ်ဘီအိုင်ကို မေးနေပါတယ်။ သူတို့က DNC ကနေ အဲဒီဆာဗာကို ဘာလို့မရတာလဲ။ အဲဒါကို ယူကရိန်းက တစ်ဦးဦးပိုင်တဲ့ ကုမ္ပဏီမှာ သိမ်းထားလို့ပေါ့။ မီဒီယာတွေ၊ ရီပတ်ပလစ်ကင်တွေကတော့ ဒီဆာဗာကို တွေ့ချင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ တွေ့ချင်ပါတယ်” ဟု မူဘန်နီက ပြောပါတယ်။

‌၎င်းပြောသည့် ကုမ္ပဏီသည် CrowdStrike ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်ပြီး DNC က ဟက်ကာကိစ္စကို စုံစမ်းရာမှာ ကူညီခဲ့ပါတယ်။ ရရှိသည့်အချက်အလက်များအား ယင်းကုမ္ပဏီက နောက်ပိုင်းတွင် အက်ဖ်ဘီအိုင်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ကုမ္ပဏီ ပိုင်ရှင် သည် ယူကရိန်းမှဖြစ်ကြောင်း ထရမ့်၏ ယူဆချက်သည် မှားယွင်းနေသလို စုံစမ်းနေသူသည် ရုရှားနိုင်ငံတွင် မေးဖွားသည့်အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်ပြီး CrowdStrike သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်နီဗာလေးမြို့တွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပါတယ်။

လူသိရှင်ကြားထွက်ပေါ်လာခဲ့သည့် ယူကရိန်းသမ္မတနှင့် ဖုန်းခေါ်ဆိုရာတွင် သမ္မတထရမ့်က ယင်းကိစ္စအား စုံစမ်းရန် ဖိအားပေးခဲ့သလို ကွန်ဂရက်က အတည်ပြုပြီးသားဖြစ်သော စစ်ဘက်ဆိုင်ရာ အကူအညီကိုလည်း ဆက်မပေးရန် ပြောခဲ့ပါတယ်။

Linko
Ref: nzherald.co.nz
ဝါရှင်တန်၊ အောက်တိုဘာ ၁၈

(  Zawgyi  )

 အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ညႇိႏႈိင္းေဆာင္႐ြက္ေရးအရာရွိ မစ္မူဘန္နီက ေအာက္တိုဘာ ၁၇ ရက္က ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္း ပြဲတြင္ ပြဲဆူေစမည့္ အခ်က္ ၂ ခုကို ေျပာၾကားခဲ့ပါတယ္။ ယင္းတို႔အနက္တစ္ခ်က္သည္ ေၾကညာခ်က္ျဖစ္ၿပီး ေနာက္တစ္ခ်က္သည္ ခြင့္ျပဳမႈ တစ္ခုျဖစ္ ပါတယ္။

အေမရိကန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္၊ ဂ်ပန္၊ ကေနဒါႏွင့္ အီတလီတို႔ပါဝင္ေသာ လာမည့္ႏွစ္တြင္ က်င္းပမည့္ ဂ်ီ-၇  ထိပ္သီးအစည္းအေဝးကို ထရမ့္၏ ေဂါက္ကြင္းတစ္ခုတြင္ လက္ခံက်င္းပမည္ဟု ေၾကညာလိုက္ျခင္း ျဖစ္ပါတယ္။ Doral Resort သည္ ယင္းထိပ္သီး အစည္းအေဝး က်င္းပရန္ အေကာင္းဆုံး ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနရွိေၾကာင္း ႏွင့္ အျခားေနရာမ်ားလည္း ရွိေၾကာင္း ၎က ေျပာပါတယ္။
 
ဂ်ီ ၇ ထိပ္သီး အစည္းအေဝး ကို Doral တြင္ က်င္းပျခင္းျဖင့္ အျခားေနရာတြင္ က်င္းပလွ်င္ ကုန္က်မည့္ အေမရိကန္အခြန္ထမ္း ျပည္သူတို႔၏ ေဒၚလာသန္းေပါင္းမ်ားစြာကို ေခြၽတာႏိုင္မည္ျဖစ္ေၾကာင္း မူဘန္နီက ေျပာၾကားပါတယ္။ သို႔ေသာ္ ထရမ့္အေနျဖင့္ သမၼတရာထူးျဖင့္ အခြင့္အေရးယူသြားမည္ကို စိုးရိမ္မႈမ်ားလည္းရွိေနပါတယ္။

အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒအပိုဒ္တစ္ခုတြင္ သမၼတတစ္ဦးသည္ ကြန္ဂရက္၏ သေဘာတူညီခ်က္မရဘဲ ျပည္ပအစိုးရမ်ားထံမွ ေငြေၾကးရယူခြင့္ မရွိေပ။ Fox News သတင္းဌာန၏ ဥပေဒေရးရာ ေလ့လာသုံးသပ္သူႏွင့္ တရားသူႀကီးေဟာင္းတစ္ဦးျဖစ္သူ အင္ဒ႐ူးနပိုလီတန္ႏို က “ထရမ့္က သူ႔ဟာသူ ျပႆနာရွာတာပါ။ ဒါဟာ အေမရိကန္အေျခခံဥပေဒကို တိုက္႐ိုက္ခ်ိဳးေဖာက္ျခင္းပဲ ျဖစ္ပါတယ္။
Doral Resort သည္ ထရမ့္မိသားစု၏ ဝင္ေငြရရွိသည့္ အႀကီးဆုံး လုပ္ငန္းတစ္ခုတြင္ ပါဝင္ၿပီး ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္း ဘ႑ာေရးအခက္အခဲ ေပၚေပါက္ခဲ့ပါတယ္။ ထရမ့္သမၼတျဖစ္ၿပီးေနာက္ပိုင္း  ဝင္ေငြ ၆၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့ပါတယ္။

ပြဲဆူေစခဲ့သည့္ ေနာက္တစ္ခ်က္မွာ ABC သတင္းေထာက္၏ ေမးျမန္းမႈႏွင့္ ပတ္သက္၍ ဒီမိုကရက္တစ္ အမ်ိဳးသားေကာ္မတီ (DNC) ကိစၥရပ္အား စုံစမ္းစစ္ေဆးရန္ ယူကရိန္းအား ဖိအားေပး၍ စစ္ေရးစရိတ္ ပံ့ပိုးေပးျခင္းကို ႐ုပ္သိမ္းရန္ အၾကပ္ကိုင္ခဲ့ေၾကာင္း မူဘန္နီက ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဟက္ကာလုပ္မႈမ်ား၏ ေနာက္ကြယ္တြင္ ႐ုရွားရွိေနေၾကာင္း အေမရိကန္ေထာက္လွမ္းေရး ေအဂ်င္စီမ်ားက သတ္မွတ္ထားၾကပါတယ္။ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ထရမ့္၏ ၿပိဳင္ဖက္ျဖစ္သည့္ ဟီလာရီကလင္တန္အား ထိုးႏွက္ရန္ ရရွိသည့္အခ်က္အလက္မ်ားအား ဝီကီလိခ္သို႔ ေပးပို႔ခဲ့ပါတယ္။ဟက္ကာလုပ္သည့္ ဆာဗာကို ယူကရိန္းတြင္ ထားခဲ့ျခင္းျဖစ္ေၾကာင္း ထရမ့္က ယူဆခဲ့ပါတယ္။

“ဆာဗာဘယ္မွာလဲလို႔ အက္ဖ္ဘီအိုင္ကို ေမးေနပါတယ္။ သူတို႔က DNC ကေန အဲဒီဆာဗာကို ဘာလို႔မရတာလဲ။ အဲဒါကို ယူကရိန္းက တစ္ဦးဦးပိုင္တဲ့ ကုမၸဏီမွာ သိမ္းထားလို႔ေပါ့။ မီဒီယာေတြ၊ ရီပတ္ပလစ္ကင္ေတြကေတာ့ ဒီဆာဗာကို ေတြ႕ခ်င္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ေတြ႕ခ်င္ပါတယ္” ဟု မူဘန္နီက ေျပာပါတယ္။

‌၎ေျပာသည့္ ကုမၸဏီသည္ CrowdStrike ဆိုက္ဘာလုံၿခဳံေရးကုမၸဏီျဖစ္ၿပီး DNC က ဟက္ကာကိစၥကို စုံစမ္းရာမွာ ကူညီခဲ့ပါတယ္။ ရရွိသည့္အခ်က္အလက္မ်ားအား ယင္းကုမၸဏီက ေနာက္ပိုင္းတြင္ အက္ဖ္ဘီအိုင္သို႔ လႊဲေျပာင္းေပးခဲ့ပါတယ္။ ကုမၸဏီ ပိုင္ရွင္ သည္ ယူကရိန္းမွျဖစ္ေၾကာင္း ထရမ့္၏ ယူဆခ်က္သည္ မွားယြင္းေနသလို စုံစမ္းေနသူသည္ ႐ုရွားႏိုင္ငံတြင္ ေမးဖြားသည့္အေမရိကန္ႏိုင္ငံသား တစ္ဦးျဖစ္ၿပီး CrowdStrike သည္ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္နီဗာေလးၿမိဳ႕တြင္ အေျခစိုက္သည့္ ကုမၸဏီျဖစ္ပါတယ္။

လူသိရွင္ၾကားထြက္ေပၚလာခဲ့သည့္ ယူကရိန္းသမၼတႏွင့္ ဖုန္းေခၚဆိုရာတြင္ သမၼတထရမ့္က ယင္းကိစၥအား စုံစမ္းရန္ ဖိအားေပးခဲ့သလို ကြန္ဂရက္က အတည္ျပဳၿပီးသားျဖစ္ေသာ စစ္ဘက္ဆိုင္ရာ အကူအညီကိုလည္း ဆက္မေပးရန္ ေျပာခဲ့ပါတယ္။

Linko
Ref: nzherald.co.nz
ဝါရွင္တန္၊ ေအာက္တိုဘာ ၁၈