သမ္မတ ထရမ့်၏ အရည်အချင်း မပြည့်ဝမှုအပေါ် ကမ္ဘာက ဟာသလုပ်နေဟု ဂျိုးစ်ဘိုင်ဒင် ပြော

သမ္မတ ထရမ့်၏ အရည်အချင်း မပြည့်ဝမှုအပေါ် ကမ္ဘာက ဟာသလုပ်နေဟု ဂျိုးစ်ဘိုင်ဒင် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရည်အချင်းမပြည့်ဝမှုအပေါ် ကမ္ဘာက ဟာသလုပ်နေကြကြောင်း ဂျိုးစ်ဘိုင်ဒင် က ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါ်အား ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လုပ်သူဟု ထရမ့် က တိုက်ခိုက်ခဲ့သလို ထရူဒေါ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ထရမ့်၏ အကြောင်းကို လှောင်ပြောင်၍ ဟာသလုပ်နေသည့် ဗီဒီယိုထွက်ပေါ်လာပြီးနောက် လန်ဒန်မြို့တွင် ကျင်းပသည့် နေတိုးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ပြောဆိုခြင်းမရှိဘဲ အမေရိကန်သို့ ပြန်သွားခဲ့ပါတယ်။

ဒီမိုကရက်သမ္မတလောင်းအဖြစ် ရေပမ်းစားနေသူ ဘိုင်ဒင်၏ ရုပ်သံအစီအစဉ်သည် သမ္မတ ထရမ့်အနေဖြင့် ကမ္ဘာ့အရေးအား ဦးဆောင်မည့် အရည်အချင်းအပေါ် ပြင်းထန်သည့် ဝေဖန်ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အမေရိကန်အနေဖြင့် ကမ္ဘာက ရယ်မောလှောင်ပြောင်မခံရသည့် သမ္မတတစ်ဦးကိုသာ လိုအပ်ကြောင်း ထရမ့်၏ လုပ်ရပ်များက ဖော်ပြနေကြောင်း ဘိုင်ဒင်၏ ရုပ်သံအစီအစဉ်တွင် ဖော်ပြထားပြီး ယင်းအစီအစဉ်အား ဂရပ်ဖစ်စာတမ်းဖြင့် ဖော်ပြထားသော “ကမ္ဘာက လေးစားတဲ့ ခေါင်းဆောင်တစ်ဦး လိုအပ်ပါတယ်” ဟု အဆုံးသတ်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ထွက်ရှိလာခဲ့သည့် မိနစ်ပိုင်းခန့် ကြာမြင့်သော ယင်းဗီဒီယိုကို လူ ၅ သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။

“သမ္မတ ထရမ့် ကို ကမ္ဘာက ဟာသလုပ်နေကြပြီ။သူဟာ ကမ္ဘာကို ဘယ်လိုနည်းနဲ့မှ ဦးဆောင်နိုင်မယ့် အရည်အချင်းရှိသူ မဟုတ်ဘူးဆိုတာ သိသွားကြပါပြီ” ဟု ဘိုင်ဒင် က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

ကနေဒါဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံအကြီးအကဲများက ထရမ့်အကြောင်း ပြောနေပုံရသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း ဘိုင်ဒင်၏ အစီအစဉ်မှာ ဖော်ပြခဲ့ရာ နိုင်ငံတကာသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းတို့ ပြောဆိုနေသည့် အကြောင်းအရာကို ပြောရန် မေးမြန်းမှုများ ကြုံတွေ့ရသလို ထရမ့်သည် ကမ္ဘာ့အရေးတွင် ဘာမှ မသိနားမလည်သည့် ကလေးငယ်တစ်ဦးဖြစ်ကြောင်းနှင့် စိတ်ဆိုးလွယ် သွေးဆူသည့် သမ္မတတစ်ဦးဖြစ်ကြောင်းလည်း ဝါရှင်တန့်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

Linko
ဝါရှင်တန်၊ ဒီဇင်ဘာ - ၆
Ref : independent.ie

( Zawgyi )

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အရည္အခ်င္းမျပည့္ဝမႈအေပၚ ကမာၻက ဟာသလုပ္ေနၾကေၾကာင္း ဂ်ိဳးစ္ဘိုင္ဒင္ က ႐ုပ္သံအစီအစဥ္တစ္ခုမွာ ေျပာၾကားလိုက္ပါတယ္။

ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူေဒၚအား ေရွ႕တစ္မ်ိဳးကြယ္ရာတစ္မ်ိဳး လုပ္သူဟု ထရမ့္ က တိုက္ခိုက္ခဲ့သလို ထ႐ူေဒါ အပါအဝင္ ကမာၻ႔ေခါင္းေဆာင္မ်ားက ထရမ့္၏ အေၾကာင္းကို ေလွာင္ေျပာင္၍ ဟာသလုပ္ေနသည့္ ဗီဒီယိုထြက္ေပၚလာၿပီးေနာက္ လန္ဒန္ၿမိဳ႕တြင္ က်င္းပသည့္ ေနတိုးအစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ပါဝင္ေျပာဆိုျခင္းမရွိဘဲ အေမရိကန္သို႔ ျပန္သြားခဲ့ပါတယ္။

ဒီမိုကရက္သမၼတေလာင္းအျဖစ္ ေရပမ္းစားေနသူ ဘိုင္ဒင္၏ ႐ုပ္သံအစီအစဥ္သည္ သမၼတ ထရမ့္အေနျဖင့္ ကမာၻ႔အေရးအား ဦးေဆာင္မည့္ အရည္အခ်င္းအေပၚ ျပင္းထန္သည့္ ေဝဖန္ထိုးႏွက္ခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။

အေမရိကန္အေနျဖင့္ ကမာၻက ရယ္ေမာေလွာင္ေျပာင္မခံရသည့္ သမၼတတစ္ဦးကိုသာ လိုအပ္ေၾကာင္း ထရမ့္၏ လုပ္ရပ္မ်ားက ေဖာ္ျပေနေၾကာင္း ဘိုင္ဒင္၏ ႐ုပ္သံအစီအစဥ္တြင္ ေဖာ္ျပထားၿပီး ယင္းအစီအစဥ္အား ဂရပ္ဖစ္စာတမ္းျဖင့္ ေဖာ္ျပထားေသာ “ကမာၻက ေလးစားတဲ့ ေခါင္းေဆာင္တစ္ဦး လိုအပ္ပါတယ္” ဟု အဆုံးသတ္ထားပါတယ္။

ဒီဇင္ဘာ ၁၁ ရက္က ထြက္ရွိလာခဲ့သည့္ မိနစ္ပိုင္းခန႔္ ၾကာျမင့္ေသာ ယင္းဗီဒီယိုကို လူ ၅ သန္းေက်ာ္ ၾကည့္ရႈခဲ့ၾကပါတယ္။

“သမၼတ ထရမ့္ ကို ကမာၻက ဟာသလုပ္ေနၾကၿပီ။သူဟာ ကမာၻကို ဘယ္လိုနည္းနဲ႔မွ ဦးေဆာင္ႏိုင္မယ့္ အရည္အခ်င္းရွိသူ မဟုတ္ဘူးဆိုတာ သိသြားၾကပါၿပီ” ဟု ဘိုင္ဒင္ က သူ႔ရဲ႕ တြစ္တာမွာ ေရးသားထားပါတယ္။

ကေနဒါဝန္ႀကီးခ်ဳပ္၊ ျပင္သစ္သမၼတ၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ႏွင့္ အျခားႏိုင္ငံအႀကီးအကဲမ်ားက ထရမ့္အေၾကာင္း ေျပာေနပုံရသည့္ ႐ုပ္သံဖိုင္တစ္ခုကိုလည္း ဘိုင္ဒင္၏ အစီအစဥ္မွာ ေဖာ္ျပခဲ့ရာ ႏိုင္ငံတကာသို႔ ပ်ံ႕ႏွံ႔သြားခဲ့ျခင္း ျဖစ္ပါတယ္။

၎တို႔ ေျပာဆိုေနသည့္ အေၾကာင္းအရာကို ေျပာရန္ ေမးျမန္းမႈမ်ား ႀကဳံေတြ႕ရသလို ထရမ့္သည္ ကမာၻ႔အေရးတြင္ ဘာမွ မသိနားမလည္သည့္ ကေလးငယ္တစ္ဦးျဖစ္ေၾကာင္းႏွင့္ စိတ္ဆိုးလြယ္ ေသြးဆူသည့္ သမၼတတစ္ဦးျဖစ္ေၾကာင္းလည္း ဝါရွင္တန႔္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

Linko
ဝါရွင္တန္၊ ဒီဇင္ဘာ - ၆
Ref : independent.ie