သမ္မတ ထရမ့် က အမျိုးသားထောက်လှမ်းရေး အကြီးအကဲ အစားထိုးခန့်အပ်မည်

သမ္မတ ထရမ့် က အမျိုးသားထောက်လှမ်းရေး အကြီးအကဲ အစားထိုးခန့်အပ်မည်

အမေရိကန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒန်ကုတ်စ်၏ ရာထူးအား လာမည့်လတွင် အစားထိုးခန့်အပ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာလိုက်ပါတယ်။

၎င်းတို့နှစ်ဦးဟာ တာဝန်ထမ်းဆောင်မှုသက်တမ်း နှစ်နှစ်အတွင်းမှာ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအပေါ် ရုရှားက ကြားဝင်စွက်ဖက်မှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိခဲ့ပါတယ်။

ကုတ်စ် ဟာ သြဂုတ် ၁၅ ရက်မှာ ရာထူးမှနုတ်ထွက်မှာဖြစ်တယ်လို့ ထရမ့် က ကြေညာခဲ့ပြီး ၎င်းတာဝန်ထမ်းဆောင်ခဲ့မှုများနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။

“တက္ကဆက်ပြည်နယ်အမတ် ဂျွန်ရက်ကလစ်ဖေး ကို အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်သွားမှာပါ” လို့ ထရမ့် က သူ့ရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။

ရီပတ်ပလစ်ကင် တစ်ဦးဖြစ်သူ ရက်ကလစ်ဖေး သည် သမ္မတ ထရမ့် အား မကြာခဏကာကွယ်ပြောဆိုမှုများ ရှိခဲ့ရာမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း လွှတ်တော်ကြားနာမှု တစ်ခုအတွင်း အထူးစုံစမ်းရေးအဖွဲ့ ခေါင်းဆောင်ဟောင်း ရောဘတ်မူလာ အား မေးခွန်းများ ပြင်းထန်စွာမေးမြန်းခဲ့ပါတယ်။ရောဘတ်မူလာ ဟာ ရုရှားက အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုနဲ့  သမ္မတက တရားစီရင်ရေးမှာ ဟန့်တားနှောက်ယှက်မှုတွေကို နှစ်နှစ်ကြာ စုံစမ်းမှုကို ဦးဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရအောင် ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီများက ကောက်ချက်ချလိုက်သည့် အချိန်မှစပြီး သူ့အနေနဲ့ အဆိုပါ အဖွဲ့အစည်းများအပေါ် သံသယကြီးထွားလာခဲ့ပါတယ်။

ရာထူးစွန့်ခွာရတော့မယ့် ကုတ်စ် အနေနဲ့ ရုရှားကိစ္စအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း ထရမ့် နဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်က တင်လိုက်တဲ့ နုတ်ထွက်စာမှာ ကုတ်စ် က အမေရိကန်ရဲ့ ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းဟာ အင်မတန်မှရခဲတဲ့ အခွင့်အရေးပါ။ဒါပေမယ့် မိမိအနေဖြင့် အခြားနယ်ပယ်တစ်ခုကို ဆက်သွားရမယ့်အချိန် ရောက်ပြီဖြစ်ကြောင်း ပြောကြားပါတယ်။

သူ့အနေနဲ့ ထောက်လှမ်းရေးအဖွဲ့များက အမေရိကန်ကို အခြေအနေဆိုးတွေမှ ကောင်းမွန်စွာကာကွယ်ပေးနိုင်အောင်နဲ့ လုံခြုံရေးလုပ်ငန်းစဉ်များ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ကြောင်း သူက ပြောကြားခဲ့ပါတယ်။

အင်ဒီရားနားပြည်နယ် ရီပတ်ပလစ်ကင် အထက်လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သူ ကုတ်စ် ကို အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လမှာ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။အဆိုပါအဖွဲ့ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှုနောက်ပိုင်း နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ ၁၇ ဖွဲ့အကြား ကွပ်ကဲ၍ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကုတ်စ် ဟာ ယင်းအဖွဲ့ရဲ့ ငါးဦးမြောက် အကြီးအကဲ ဖြစ်ခဲ့ပါတယ်။

Linko
Ref : aljazeera.com
ဝါရှင်တန်၊ ဇူလိုင် - ၂၉

( Zawgyi )

အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉး ဒန္ကုတ္စ္၏ ရာထူးအား လာမည့္လတြင္ အစားထိုးခန႔္အပ္မည္ဟု သမၼတ ေဒၚနယ္ထရမ့္ က ေၾကညာလိုက္ပါတယ္။

၎တို႔ႏွစ္ဦးဟာ တာဝန္ထမ္းေဆာင္မႈသက္တမ္း ႏွစ္ႏွစ္အတြင္းမွာ ၂၀၁၆ ခုႏွစ္ အေမရိကန္ ေ႐ြးေကာက္ပြဲအေပၚ ႐ုရွားက ၾကားဝင္စြက္ဖက္မႈႏွင့္ ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈမ်ား ရွိခဲ့ပါတယ္။

ကုတ္စ္ ဟာ ၾသဂုတ္ ၁၅ ရက္မွာ ရာထူးမွႏုတ္ထြက္မွာျဖစ္တယ္လို႔ ထရမ့္ က ေၾကညာခဲ့ၿပီး ၎တာဝန္ထမ္းေဆာင္ခဲ့မႈမ်ားႏွင့္ ပတ္သက္၍ ေက်းဇူးတင္စကား ေျပာၾကားလိုက္ပါတယ္။

“တကၠဆက္ျပည္နယ္အမတ္ ဂြၽန္ရက္ကလစ္ေဖး ကို အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉးအျဖစ္ ေ႐ြးခ်ယ္သြားမွာပါ” လို႔ ထရမ့္ က သူ႔ရဲ႕ တြစ္တာမွာ ေရးခဲ့ပါတယ္။

ရီပတ္ပလစ္ကင္ တစ္ဦးျဖစ္သူ ရက္ကလစ္ေဖး သည္ သမၼတ ထရမ့္ အား မၾကာခဏကာကြယ္ေျပာဆိုမႈမ်ား ရွိခဲ့ရာမွာ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းကလည္း လႊတ္ေတာ္ၾကားနာမႈ တစ္ခုအတြင္း အထူးစုံစမ္းေရးအဖြဲ႕ ေခါင္းေဆာင္ေဟာင္း ေရာဘတ္မူလာ အား ေမးခြန္းမ်ား ျပင္းထန္စြာေမးျမန္းခဲ့ပါတယ္။ေရာဘတ္မူလာ ဟာ ႐ုရွားက အေမရိကန္ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္စြက္ဖက္မႈနဲ႔  သမၼတက တရားစီရင္ေရးမွာ ဟန႔္တားေႏွာက္ယွက္မႈေတြကို ႏွစ္ႏွစ္ၾကာ စုံစမ္းမႈကို ဦးေဆာင္ေနသူတစ္ဦး ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ထရမ့္ အႏိုင္ရေအာင္ ႐ုရွားက ဝင္ေရာက္စြက္ဖက္ခဲ့ေၾကာင္း ႏိုင္ငံရဲ႕ ေထာက္လွမ္းေရးေအဂ်င္စီမ်ားက ေကာက္ခ်က္ခ်လိုက္သည့္ အခ်ိန္မွစၿပီး သူ႔အေနနဲ႔ အဆိုပါ အဖြဲ႕အစည္းမ်ားအေပၚ သံသယႀကီးထြားလာခဲ့ပါတယ္။

ရာထူးစြန႔္ခြာရေတာ့မယ့္ ကုတ္စ္ အေနနဲ႔ ႐ုရွားကိစၥအျပင္ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားစြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔လည္း ထရမ့္ နဲ႔ သေဘာထားကြဲလြဲမႈေတြ ရွိခဲ့ပါတယ္။

ဇူလိုင္ ၂၈ ရက္က တင္လိုက္တဲ့ ႏုတ္ထြက္စာမွာ ကုတ္စ္ က အေမရိကန္ရဲ႕ ေထာက္လွမ္းေရးအႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရျခင္းဟာ အင္မတန္မွရခဲတဲ့ အခြင့္အေရးပါ။ဒါေပမယ့္ မိမိအေနျဖင့္ အျခားနယ္ပယ္တစ္ခုကို ဆက္သြားရမယ့္အခ်ိန္ ေရာက္ၿပီျဖစ္ေၾကာင္း ေျပာၾကားပါတယ္။

သူ႔အေနနဲ႔ ေထာက္လွမ္းေရးအဖြဲ႕မ်ားက အေမရိကန္ကို အေျခအေနဆိုးေတြမွ ေကာင္းမြန္စြာကာကြယ္ေပးႏိုင္ေအာင္နဲ႔ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ား ျပဳျပင္ေျပာင္းလဲေရးကို လုပ္ေဆာင္ခဲ့ေၾကာင္း သူက ေျပာၾကားခဲ့ပါတယ္။

အင္ဒီရားနားျပည္နယ္ ရီပတ္ပလစ္ကင္ အထက္လႊတ္ေတာ္အမတ္ေဟာင္း တစ္ဦးျဖစ္သူ ကုတ္စ္ ကို အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉးအျဖစ္ ၂၀၁၇ ခုႏွစ္၊ မတ္လမွာ ခန႔္အပ္ခံခဲ့ရတာ ျဖစ္ပါတယ္။အဆိုပါအဖြဲ႕ကို ၂၀၀၁ ခုႏွစ္၊ စက္တင္ဘာ ၁၁ တိုက္ခိုက္ခံရမႈေနာက္ပိုင္း ႏိုင္ငံ၏ ေထာက္လွမ္းေရးအဖြဲ႕ ၁၇ ဖြဲ႕အၾကား ကြပ္ကဲ၍ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ကုတ္စ္ ဟာ ယင္းအဖြဲ႕ရဲ႕ ငါးဦးေျမာက္ အႀကီးအကဲ ျဖစ္ခဲ့ပါတယ္။

Linko
Ref : aljazeera.com
ဝါရွင္တန္၊ ဇူလိုင္ - ၂၉