သမ္မတ ထရမ့် မှန်ကန်ခိုင်မာသည့် ဆုံးဖြတ်ချက်ချနိုင်ရန် မြောက်ကိုရီးယား မျှော်လင့်

သမ္မတ ထရမ့် မှန်ကန်ခိုင်မာသည့် ဆုံးဖြတ်ချက်ချနိုင်ရန် မြောက်ကိုရီးယား မျှော်လင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန် မှန်ကန်ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြောက်ကိုရီးယားအစိုးရက စက်တင်ဘာ ၂၇ ရက်မှာ ဖော်ပြလိုက်ပါတယ်။

အမေရိကန် နိုင်ငံရေးသမားများက မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များစွာ ဦးစွာစွန့်လွှတ်မှသာ သာယာလှပသည့်အနာဂတ် ရရှိလာနိုင်မည်ဖြစ်ကြောင်း လုံးဝတွေးထင်ထားကြသလို မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများသည် ဆွေးနွေးမှုများကို ပျက်ပြားစေမည်ဟု ယူဆထားကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကင်ကျေးဂွမ် က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြခဲ့သည့် ကြေညာချက်၌ ယင်းအခြေအနေသည် မြောက်ကိုရီးယားနှင့် အမေရိကန် ဆက်ဆံရေး တိုးတက်လာစေနိုင်ခြင်း ရှိ၊ မရှိ ကို သံသယဖြစ်မိကြောင်း ကင် က ပြောကြား ထားပါတယ်။

သမ္မတ ထရမ့် နှင့် ခေါင်းဆောင် ကင်ဂျူံအွန် တို့ အကြား ယမန်နှစ်က စင်ကာပူ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာတွင် ရရှိခဲ့သည့် ပူးတွဲသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အမေရိကန်က လုံးဝလုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း မြောက်ကိုရီးယား၏ လက်ရှိ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟေး၏ နေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူ ကင် က ပြောကြားခဲ့ပါတယ်။

သို့သော် ထရမ့် အနေဖြင့် ယခင်သမ္မတများနှင့် မတူသည့် နိုင်ငံရေးအမြင်နှင့် ဆုံးဖြတ်ချက်ရှိသောကြောင့် ၎င်းအနေဖြင့် မှန်ကန်ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ချနိုင်မည်ဟုထင်ကြောင်း ကင် က ပြောကြားပါတယ်။

Linko
ပြုံးယမ်း၊ စက်တင်ဘာ - ၂၇
Ref : KBS

( Zawgyi )

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အေနျဖင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးေကာင္းမြန္ေစရန္ မွန္ကန္ခိုင္မာသည့္ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ခ်ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက စက္တင္ဘာ ၂၇ ရက္မွာ ေဖာ္ျပလိုက္ပါတယ္။

အေမရိကန္ ႏိုင္ငံေရးသမားမ်ားက ေျမာက္ကိုရီးယားအေနျဖင့္ န်ဴကလီးယားလက္နက္မ်ားစြာ ဦးစြာစြန႔္လႊတ္မွသာ သာယာလွပသည့္အနာဂတ္ ရရွိလာႏိုင္မည္ျဖစ္ေၾကာင္း လုံးဝေတြးထင္ထားၾကသလို ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားသည္ ေဆြးေႏြးမႈမ်ားကို ပ်က္ျပားေစမည္ဟု ယူဆထားေၾကာင္း ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ကင္ေက်းဂြမ္ က ေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းဌာနတြင္ ေဖာ္ျပခဲ့သည့္ ေၾကညာခ်က္၌ ယင္းအေျခအေနသည္ ေျမာက္ကိုရီးယားႏွင့္ အေမရိကန္ ဆက္ဆံေရး တိုးတက္လာေစႏိုင္ျခင္း ရွိ၊ မရွိ ကို သံသယျဖစ္မိေၾကာင္း ကင္ က ေျပာၾကား ထားပါတယ္။

သမၼတ ထရမ့္ ႏွင့္ ေခါင္းေဆာင္ ကင္ဂ်ဴံအြန္ တို႔ အၾကား ယမန္ႏွစ္က စင္ကာပူ၌ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ရာတြင္ ရရွိခဲ့သည့္ ပူးတြဲသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ရန္ အေမရိကန္က လုံးဝလုပ္ေဆာင္ျခင္း မရွိခဲ့ေၾကာင္း ေျမာက္ကိုရီးယား၏ လက္ရွိ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဆြန္ေဟး၏ ေနရာတြင္ တာဝန္ထမ္းေဆာင္ခဲ့သူ ကင္ က ေျပာၾကားခဲ့ပါတယ္။

သို႔ေသာ္ ထရမ့္ အေနျဖင့္ ယခင္သမၼတမ်ားႏွင့္ မတူသည့္ ႏိုင္ငံေရးအျမင္ႏွင့္ ဆုံးျဖတ္ခ်က္ရွိေသာေၾကာင့္ ၎အေနျဖင့္ မွန္ကန္ခိုင္မာသည့္ ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္မည္ဟုထင္ေၾကာင္း ကင္ က ေျပာၾကားပါတယ္။

Linko
ၿပဳံးယမ္း၊ စက္တင္ဘာ - ၂၇
Ref : KBS