သီရိလင်္ကာရွေးကောက်ပွဲ ကနဦးမဲရလဒ်တွင် အဓိက အတိုက်အခံသမ္မတလောင်း အသာစီးရနေ

သီရိလင်္ကာရွေးကောက်ပွဲ ကနဦးမဲရလဒ်တွင် အဓိက အတိုက်အခံသမ္မတလောင်း အသာစီးရနေ

နိုဝင်ဘာ ၁၇ ရက် နံနက် ၄နာရီ ၃၀ မိနစ်က ထုတ်ပြန်ခဲ့သည့် ကနဦး မဲရလဒ်များတွင် အတိုက်အခံ သမ္မတလောင်း ဂိုတာဘာယာရာဇပက်ဆာက အနိုင်ရနေပါတယ်။ရွေးကောက်ပွဲနေ့ တွင် မဲရုံ တာဝန် ယူရမည့်သူများအတွက် စီစဉ်သည့် ကြိုတင်မဲရလဒ်များ၌ ရာဇပက်ဆာက ခရိုင် ၈ ခုတွင် အသာစီးရ ခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဖက်ဖြစ်သူ ဆာဂျစ်ပရီမာဒါဆာက ခရိုင် ၃ ခုမှာ အနိုင်ရခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းမှ တစ်ခုတည်းသော မဲဆန္ဒနယ်၌ ရာဇပက်ဆာက ၆၅ ရာခိုင်နှုန်း၊ ပရီမာဒါဆာက ၃၅ ရာခိုင်နှုန်း ထောက်ခံမဲရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် သီရိလင်္ကာနိုင်ငံ၏ ရွေးကောက် ပွဲသည် အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား သစ္စာခံထားသည့် နိုင်ငံတွင်း လူမျိုးရေး ဝါဒီအဖွဲ့က ဘုရားကျောင်း ၃ ကြောင်း၊ ဟိုတယ် ၃ ခုတွင် အသေခံ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ပြီး ၇ လနီးပါးအကြာတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းတိုက်ခိုက်မှုများတွင် ၂၆၉ ဦး သေဆုံးခဲ့ကာ နိုင်ငံအတွက် အဓိကဝင်ငွေရှာဖွေပေးသည့် လုပ်ငန်းများအနက်မှ တစ်ခုဖြစ် သည့် ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေခဲ့ပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ်က “ရွေးကောက်ပွဲ ရလဒ် ကြေညာမယ့်ကာလမှာလည်း တရားဥပဒေစိုးမိုး တည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းစွာနေကြဖို့လည်း ခင်ဗျားတို့အားလုံးကို တောင်းဆိုပါတယ်” ဟု ပြောကြားပါ တယ်။

သီရိလင်္ကာ၏ ပွင့်လင်းနိုင်ငံတကာအဖွဲ့အစည်း (TISL) ကလည်း သမ္မတရွေးကောက်ပွဲအတွင်း အများပြည်သူ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ပြုလုပ်မည့်သူများအား ဥပဒေအရ အရေးယူရန် တိုက်တွန်းထားပါတယ်။

မဲဆွယ်စည်းရုံးရေး ခေတ္တရပ်နားသည့် နိုဝင်ဘာ ၁၃ ရက်က TISL ၏ လက်ရုံးအဖွဲ့အစည်းတစ်ခုဖြစ် သော ပြည်သူ့ရင်းမြစ်များ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ် (PPPR) အဖွဲ့က တိုင်ကြားမှု ၁၁၂ ခုကို ရရှိခဲ့ပြီး အတိအကျစွပ်စွဲ တိုင်ကြားမှု ၈၈ခုကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့ကြောင်း ကိုလံဘိုဂေဇက် သတင်းစာက ဖော်ပြပါတယ်။

သမ္မတရွေးကောက်ပွဲ ကျင်းပသည့်ကာလတွင် သီရိလင်္ကာသို့ ခရီးသွားလာမှုများအပေါ်လည်း နိုင်ငံအများအပြားက သတိပေးချက် ထုတ်ပြန်ထားရာတွင် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံ တို့လည်း ပါဝင်ပါတယ်။

နိုဝင်ဘာ ၁၆ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးများ၌ သီရိလင်္ကာနိုင်ငံ အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန်အစိုးရက ၎င်း၏ နိုင်ငံသားများ အပေါ် သတိပေးခဲ့သည်ဟု ကိုလံဘိုဂေဇက်တွင် ရေးသားထားပါတယ်။

Linko
Ref:oneindia.com
ကိုလံဘို၊နိုဝင်ဘာ ၁၇

(  Zawgyi  )

 ႏိုဝင္ဘာ ၁၇ ရက္ နံနက္ ၄နာရီ ၃၀ မိနစ္က ထုတ္ျပန္ခဲ့သည့္ ကနဦး မဲရလဒ္မ်ားတြင္ အတိုက္အခံ သမၼတေလာင္း ဂိုတာဘာယာရာဇပက္ဆာက အႏိုင္ရေနပါတယ္။ေ႐ြးေကာက္ပြဲေန႔ တြင္ မဲ႐ုံ တာဝန္ ယူရမည့္သူမ်ားအတြက္ စီစဥ္သည့္ ႀကိဳတင္မဲရလဒ္မ်ား၌ ရာဇပက္ဆာက ခ႐ိုင္ ၈ ခုတြင္ အသာစီးရ ခဲ့ၿပီး ၎၏ အဓိကၿပိဳင္ဖက္ျဖစ္သူ ဆာဂ်စ္ပရီမာဒါဆာက ခ႐ိုင္ ၃ ခုမွာ အႏိုင္ရခဲ့ပါတယ္။

ႏိုင္ငံေတာင္ပိုင္းမွ တစ္ခုတည္းေသာ မဲဆႏၵနယ္၌ ရာဇပက္ဆာက ၆၅ ရာခိုင္ႏႈန္း၊ ပရီမာဒါဆာက ၃၅ ရာခိုင္ႏႈန္း ေထာက္ခံမဲရရွိခဲ့ပါတယ္။ ႏိုဝင္ဘာ ၁၆ ရက္က ျပဳလုပ္ခဲ့သည့္ သီရိလကၤာႏိုင္ငံ၏ ေ႐ြးေကာက္ ပြဲသည္ အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕အား သစၥာခံထားသည့္ ႏိုင္ငံတြင္း လူမ်ိဳးေရး ဝါဒီအဖြဲ႕က ဘုရားေက်ာင္း ၃ ေၾကာင္း၊ ဟိုတယ္ ၃ ခုတြင္ အေသခံ ေဖာက္ခြဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ၿပီး ၇ လနီးပါးအၾကာတြင္ က်င္းပ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ယင္းတိုက္ခိုက္မႈမ်ားတြင္ ၂၆၉ ဦး ေသဆုံးခဲ့ကာ ႏိုင္ငံအတြက္ အဓိကဝင္ေငြရွာေဖြေပးသည့္ လုပ္ငန္းမ်ားအနက္မွ တစ္ခုျဖစ္ သည့္ ခရီးသြားလုပ္ငန္းကိုလည္း ထိခိုက္ေစခဲ့ပါတယ္။

သီရိလကၤာဝန္ႀကီးခ်ဳပ္က “ေ႐ြးေကာက္ပြဲ ရလဒ္ ေၾကညာမယ့္ကာလမွာလည္း တရားဥပေဒစိုးမိုး တည္ၿငိမ္ဖို႔နဲ႔ ၿငိမ္းခ်မ္းစြာေနၾကဖို႔လည္း ခင္ဗ်ားတို႔အားလုံးကို ေတာင္းဆိုပါတယ္” ဟု ေျပာၾကားပါ တယ္။

သီရိလကၤာ၏ ပြင့္လင္းႏိုင္ငံတကာအဖြဲ႕အစည္း (TISL) ကလည္း သမၼတေ႐ြးေကာက္ပြဲအတြင္း အမ်ားျပည္သူ အက်ိဳးစီးပြားကို ထိခိုက္ပ်က္စီးေအာင္ ျပဳလုပ္မည့္သူမ်ားအား ဥပေဒအရ အေရးယူရန္ တိုက္တြန္းထားပါတယ္။

မဲဆြယ္စည္း႐ုံးေရး ေခတၱရပ္နားသည့္ ႏိုဝင္ဘာ ၁၃ ရက္က TISL ၏ လက္႐ုံးအဖြဲ႕အစည္းတစ္ခုျဖစ္ ေသာ ျပည္သူ႔ရင္းျမစ္မ်ား ကာကြယ္ေစာင့္ေရွာက္ေရးအစီအစဥ္ (PPPR) အဖြဲ႕က တိုင္ၾကားမႈ ၁၁၂ ခုကို ရရွိခဲ့ၿပီး အတိအက်စြပ္စြဲ တိုင္ၾကားမႈ ၈၈ခုကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္သို႔ ေပးပို႔ခဲ့ေၾကာင္း ကိုလံဘိုေဂဇက္ သတင္းစာက ေဖာ္ျပပါတယ္။

သမၼတေ႐ြးေကာက္ပြဲ က်င္းပသည့္ကာလတြင္ သီရိလကၤာသို႔ ခရီးသြားလာမႈမ်ားအေပၚလည္း ႏိုင္ငံအမ်ားအျပားက သတိေပးခ်က္ ထုတ္ျပန္ထားရာတြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ ဩစေၾတးလ်ႏိုင္ငံ တို႔လည္း ပါဝင္ပါတယ္။

ႏိုဝင္ဘာ ၁၆ ေ႐ြးေကာက္ပြဲမတိုင္မီ၊ ေ႐ြးေကာက္ပြဲကာလႏွင့္ ေ႐ြးေကာက္ပြဲအၿပီးမ်ား၌ သီရိလကၤာႏိုင္ငံ အတြင္း ဆႏၵျပမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း အေမရိကန္အစိုးရက ၎၏ ႏိုင္ငံသားမ်ား အေပၚ သတိေပးခဲ့သည္ဟု ကိုလံဘိုေဂဇက္တြင္ ေရးသားထားပါတယ္။

Linko
Ref:oneindia.com
ကိုလံဘို၊ႏိုဝင္ဘာ ၁၇