သြစတြေးလျကောင်းကင်ထက်မှာတွေ့မြင်ရခဲ့တဲ့ ယူအက်ဖ်အိုတိုက်ပွဲ

သြစတြေးလျကောင်းကင်ထက်မှာတွေ့မြင်ရခဲ့တဲ့ ယူအက်ဖ်အိုတိုက်ပွဲ

ပန်းကန်ပြားပျံလို့အလွယ်တကူပြောကြတဲ့ အမျိုးအမည်မသိယာဉ်ပျံ (UFO)အကြောင်းဖွင့်ပြောလာတဲ့သူတွေထဲ သြစတြေးလျနိုင်ငံသား ညီအစ်ကိုနှစ်ဦး ပါဝင်လာခဲ့ပါတယ်။ Robနဲ့ Phil Tindaleဆိုသူ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ ဆယ်နှစ်သားအရွယ် ၁၉၈၀ခုနှစ်လောက်မှာ UFO နှစ်စင်း တွေ့လိုက်ရတယ်ဆိုတာကို ပြန်ပြောပြပါတယ်။ သြစတြေးလျတောင်ပိုင်း တောတောင်ထူထပ်တဲ့ Adelaide ဒေသမှာ နေထိုင်စဉ် UFO နှစ်စင်း တွေ့မြင်ခဲ့ရတာလို့ Daily Mail ကို ပြောပါတယ်။

သူတို့မြင်ရတဲ့ UFO နှစ်စင်းမှာ တစ်စင်းက အဝါရောင်စဉ်ဖြာနေပြီး၊ နောက်တစ်စင်းကတော့ အနီရောင်စဉ်တန်းတွေ ဖြာထွက်နေတယ်လို့ ဆိုပါသတဲ့။ အဲဒီယာဉ်ပျံနှစ်စင်း တိုက်ခိုက်နေရင်းက တောတောင်ထူထပ်တဲ့ သူတို့ဒေသမှာ ပျက်ကျတာဖြစ်တယ်လို့ ညီအစ်ကိုနှစ်ယောက်က ပြောပြပါတယ်။ အနီရောင်က အဝါရောင်ကို တိုက်ခိုက်နေတဲ့ပုံစံမျိုး သူတို့ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အံ့မခန်းအရှိန်နှုန်းနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ အဝါရောင်ယာဉ်က သစ်ပင်ပေါ် ပျက်ကျခဲ့တာပါ။ တောင်ကြားဒေသမှာ အကြိမ်ပေါင်းများစွာ ရှေ့တိုးနောက်ငင် လိုက်ဖမ်ကြပြီးနောက်မှာ အဝါကအရင်ဆုံး တောင်ကုန်းနောက်ကွယ်မှာတင် ကွယ်ပျောက်သွားခဲ့ပါတယ်။ အဲဒီနောက် အနီရောင်ယာဉ်လည်း ပျောက်သွားတယ်လို့ သူတို့က ပြောပါတယ်။ အဲဒီညမှာပဲ မိဘတွေကို ပြန်ပြောပေမဲ့ သူတို့ပြောတာမယုံဘဲ ပြန်အပ်ခိုင်း ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက်ပိုင်း ဒေသတင်းစာမှာ ‘UFOတွေ သစ်ပင်တွေဖျက်ဆီးခဲ့တယ်ဆိုတာ သြဇီသားတွေ သေချာ သိနေ တယ်’ဆိုတဲ့သတင်းကို အဘွားဖြစ်သူ တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်ကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့ သတင်းထောက် Daryl Browneက ဒီသတင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ သစ်ပင်ပေါ်ေ လယာဉ် ပျက်ကျတဲ့အသံမျိုး သူကြားလိုက်ရလို့ သွားကြည့်ချိန် အဲဒီနေရာမှာ ရှစ်မီတာလောက်ရှိတဲ့ အဝါရောင်ယာဉ်ပျံတစ်စင်း တွေ့လိုက်ရေ ပမဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကိုခေါ်ပြီးပြန်အလာမှာ အဲဒီအရာဝတ္ထုကို မတွေ့ရတော့ဘဲ သစ်ပင်တွေပျက်စီးတဲ့အထောက်အထားသာ ကျန်ခဲ့တယ်လို့ အဲဒီသတင်းထောက်က ပြောပါတယ်။

ရည်မွန်
Ref: Sputniknews
ဆစ်ဒနီ၊ အောက်တိုဘာ ၂၁

(  Zawgyi  )

 ပန္းကန္ျပားပ်ံလို႔အလြယ္တကူေျပာၾကတဲ့ အမ်ိဳးအမည္မသိယာဥ္ပ်ံ (UFO)အေၾကာင္းဖြင့္ေျပာလာတဲ့သူေတြထဲ ၾသစေၾတးလ်ႏိုင္ငံသား ညီအစ္ကိုႏွစ္ဦး ပါဝင္လာခဲ့ပါတယ္။ Robနဲ႔ Phil Tindaleဆိုသူ ညီအစ္ကို ႏွစ္ေယာက္ဟာ သူတို႔ ဆယ္ႏွစ္သားအ႐ြယ္ ၁၉၈၀ခုႏွစ္ေလာက္မွာ UFO ႏွစ္စင္း ေတြ႕လိုက္ရတယ္ဆိုတာကို ျပန္ေျပာျပပါတယ္။ ၾသစေၾတးလ်ေတာင္ပိုင္း ေတာေတာင္ထူထပ္တဲ့ Adelaide ေဒသမွာ ေနထိုင္စဥ္ UFO ႏွစ္စင္း ေတြ႕ျမင္ခဲ့ရတာလို႔ Daily Mail ကို ေျပာပါတယ္။

သူတို႔ျမင္ရတဲ့ UFO ႏွစ္စင္းမွာ တစ္စင္းက အဝါေရာင္စဥ္ျဖာေနၿပီး၊ ေနာက္တစ္စင္းကေတာ့ အနီေရာင္စဥ္တန္းေတြ ျဖာထြက္ေနတယ္လို႔ ဆိုပါသတဲ့။ အဲဒီယာဥ္ပ်ံႏွစ္စင္း တိုက္ခိုက္ေနရင္းက ေတာေတာင္ထူထပ္တဲ့ သူတို႔ေဒသမွာ ပ်က္က်တာျဖစ္တယ္လို႔ ညီအစ္ကိုႏွစ္ေယာက္က ေျပာျပပါတယ္။ အနီေရာင္က အဝါေရာင္ကို တိုက္ခိုက္ေနတဲ့ပုံစံမ်ိဳး သူတို႔ ျမင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အံ့မခန္းအရွိန္ႏႈန္းနဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ အဝါေရာင္ယာဥ္က သစ္ပင္ေပၚ ပ်က္က်ခဲ့တာပါ။ ေတာင္ၾကားေဒသမွာ အႀကိမ္ေပါင္းမ်ားစြာ ေရွ႕တိုးေနာက္ငင္ လိုက္ဖမ္ၾကၿပီးေနာက္မွာ အဝါကအရင္ဆုံး ေတာင္ကုန္းေနာက္ကြယ္မွာတင္ ကြယ္ေပ်ာက္သြားခဲ့ပါတယ္။ အဲဒီေနာက္ အနီေရာင္ယာဥ္လည္း ေပ်ာက္သြားတယ္လို႔ သူတို႔က ေျပာပါတယ္။ အဲဒီညမွာပဲ မိဘေတြကို ျပန္ေျပာေပမဲ့ သူတို႔ေျပာတာမယုံဘဲ ျပန္အပ္ခိုင္း ခဲ့တယ္လို႔လည္း ဆိုပါတယ္။ အဲဒီေနာက္ပိုင္း ေဒသတင္းစာမွာ ‘UFOေတြ သစ္ပင္ေတြဖ်က္ဆီးခဲ့တယ္ဆိုတာ ၾသဇီသားေတြ ေသခ်ာ သိေန တယ္’ဆိုတဲ့သတင္းကို အဘြားျဖစ္သူ ေတြ႕လိုက္ရတယ္လို႔ ေျပာပါတယ္။

ဒီအျဖစ္အပ်က္ကို မ်က္ျမင္ႀကဳံေတြ႕လိုက္ရတဲ့ သတင္းေထာက္ Daryl Browneက ဒီသတင္းကို ေရးသားခဲ့တာ ျဖစ္ပါတယ္။ သစ္ပင္ေပၚေ လယာဥ္ ပ်က္က်တဲ့အသံမ်ိဳး သူၾကားလိုက္ရလို႔ သြားၾကည့္ခ်ိန္ အဲဒီေနရာမွာ ရွစ္မီတာေလာက္ရွိတဲ့ အဝါေရာင္ယာဥ္ပ်ံတစ္စင္း ေတြ႕လိုက္ေရ ပမဲ့ သက္ဆိုင္ရာအာဏာပိုင္ေတြကိုေခၚၿပီးျပန္အလာမွာ အဲဒီအရာဝတၳဳကို မေတြ႕ရေတာ့ဘဲ သစ္ပင္ေတြပ်က္စီးတဲ့အေထာက္အထားသာ က်န္ခဲ့တယ္လို႔ အဲဒီသတင္းေထာက္က ေျပာပါတယ္။

ရည္မြန္
Ref: Sputniknews
ဆစ္ဒနီ၊ ေအာက္တိုဘာ ၂၁