သြစတြေးလျှ ကုန်သွယ်ရေးဝန်ကြီး၏ ဖုန်းခေါ်ယူမှု တရုတ်နိုင်ငံက လက်ခံပြန်လည် ဖြေကြားခြင်းမရှိ

သြစတြေးလျှ ကုန်သွယ်ရေးဝန်ကြီး၏ ဖုန်းခေါ်ယူမှု တရုတ်နိုင်ငံက လက်ခံပြန်လည် ဖြေကြားခြင်းမရှိ

ကိုရိုနာဗိုင်းရပ်စ်၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးရန်တောင်းဆိုသောကြောင့် ဖြစ်ပေါ်လာသော သြစတေးလျှနိုင်ငံနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများ ဖြစ်ပွားနေစဉ်အတွင်း သြစတြေးလျှ နိုင်ငံက တရုတ်နိုင်ငံသို့ အဆင့်မြင့်အရာရှိအဆင့် ဖုန်းခေါ်ယူမှုကို ပြန်လည်ဖြေကြားခြင်း မရှိ ကြောင်း သိရသည်။

သြစတြေးလျှမှ ဘာလီသွင်းကုန်အတွက် အခွန် ၈၀ ရာခိုင်နှုန်းကောက်ခံမည်ဟု တရုတ်နိုင်ငံမှ ခြိမ်းခြောက်လိုက်ပြီးချိန်မှ စတင်ပြီး ကုန်သွယ်ရေးဝန်ကြီး Simon Birmingham သည် တရုတ်ကုန်သွယ်ရေးဝန်ကြီးနှင့် ဆက်သွယ်ပြောဆိုရန် ကြိုးစားနေသည်။

ထိုအခွန်တိုးမြှင့်ခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။ ထိုခြိမ်းခြောက်မှုအတိုင်းဖြစ်လာပါက သြစတြေးလျှမှ တင်ပို့သူများ သည် တချိန်က အကျိုးအမြတ်များသော ဈေးကွက်ကို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည်။“တရုတ်ကုန်သွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်” ဟု Simon Birmingham  ကပြောသည်။

“အဲဒီတောင်းဆိုမှုကို ခုချိန်အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး” ဟုလည်း သူပြောသည်။တရုတ်နိုင်ငံသည် သြစတြေးလျှအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည်။တရုတ်နိုင်ငံ သို့ ဘာလီတင်ပို့မှုသည် ၂၀၁၈ ခုနှစ်က အဒေါ်လာ ၁.၅ ဘီလျှံဖိုးရှိသော်လည်း  ၂၀၁၉  ခုနှစ်တွင် မိုးခေါင်မှုနှင့် သြစတြေးလျှနိုင်ငံက ဈေးကွက် ဖြန့်ခွဲရန် အားထုတ်မှုကြောင့် ဒေါ်လာ သန်း ၆၀၀ ဖိုးသာတင်ပို့နိုင်ခဲ့သည်။

သံတမန်များသည် တရုတ်အရာရှိများနှင့်ဆွေးနွေးနေသော်လည်း အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း Simon Birmingham ပြောသည်။ “ကျနော်တို့က ဆက်သွယ်တာကို ပြန်လည်ဖြေကြားသင့်တယ်။ ခက်ခဲတဲ့ ပြဿနာတွေ ဆွေးနွေးစရာရှိရင်တောင်မှ ဒီလိုဆွေးနွေးမှု အတွက် ကျနော်တို့က တံခါးဖွင့်ထားတယ်” ဟုလည်း သူပြောသည်။

“ဒီလိုပွင့်လင်းတဲ့ ဆွေးနွေးမှုစံနှုန်းတွေကို လက်ခံ၊ မခံကို ဆုံးဖြတ်ဖို့ကတော့ တကမ္ဘာလုံးက ကျနော်တို့ မိတ်ဆွေတွေနဲ့ပဲဆိုင်ပါတယ်” ဟုလည်း သူပြောသည်။မကြာသေးမီနှစ်များ အတွင်း နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာခဲ့သည်။အဓိက ပြဿနာမှာ အမျိုးသာလုံးခြုံရေး စိုးရိမ်ပူပန် မှုများအတွက် တရုတ်ပိုင်လုပ်ငန်း ဟွာဝေးကို  သြစတြေးလျှတွင် 5G ကွန်ရက် အခြေခံ အဆောက်အအုံ ဆောက်လုပ်ခွင့် ပိတ်ပင်လိုက်ခြင်းပင်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးရန် သြစတြေးလျှ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က တောင်းဆိုလိုက်သောအခါ  တင်းမားမှု ပိုမိုမြင့်မားလာသည်။

Linko
Ref:thenewdaily.com.au
ဆစ်ဒနီ၊ မေ ၁၇

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္၏ ရင္းျမစ္ကို စုံစမ္းစစ္ေဆးရန္ေတာင္းဆိုေသာေၾကာင့္ ျဖစ္ေပၚလာေသာ ၾသစေတးလွ်ႏိုင္ငံႏွင့္ ကုန္သြယ္ေရး အျငင္းပြားမႈမ်ား ျဖစ္ပြားေနစဥ္အတြင္း ၾသစေၾတးလွ် ႏိုင္ငံက တ႐ုတ္ႏိုင္ငံသို႔ အဆင့္ျမင့္အရာရွိအဆင့္ ဖုန္းေခၚယူမႈကို ျပန္လည္ေျဖၾကားျခင္း မရွိ ေၾကာင္း သိရသည္။

ၾသစေၾတးလွ်မွ ဘာလီသြင္းကုန္အတြက္ အခြန္ ၈၀ ရာခိုင္ႏႈန္းေကာက္ခံမည္ဟု တ႐ုတ္ႏိုင္ငံမွ ၿခိမ္းေျခာက္လိုက္ၿပီးခ်ိန္မွ စတင္ၿပီး ကုန္သြယ္ေရးဝန္ႀကီး Simon Birmingham သည္ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးႏွင့္ ဆက္သြယ္ေျပာဆိုရန္ ႀကိဳးစားေနသည္။

ထိုအခြန္တိုးျမႇင့္ျခင္းႏွင့္ပတ္သက္သည့္ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကို တ႐ုတ္ႏိုင္ငံက အဂၤါေန႔တြင္ ဆုံးျဖတ္မည္ျဖစ္သည္။ ထိုၿခိမ္းေျခာက္မႈအတိုင္းျဖစ္လာပါက ၾသစေၾတးလွ်မွ တင္ပို႔သူမ်ား သည္ တခ်ိန္က အက်ိဳးအျမတ္မ်ားေသာ ေဈးကြက္ကို လက္လႊတ္ဆုံးရႈံးရမည္ျဖစ္သည္။“တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးနဲ႔ ေဆြးေႏြးဖို႔ က်ေနာ္တို႔ ေတာင္းဆိုထားပါတယ္” ဟု Simon Birmingham  ကေျပာသည္။

“အဲဒီေတာင္းဆိုမႈကို ခုခ်ိန္အထိ ျပန္လည္ေျဖၾကားျခင္းမရွိေသးပါဘူး” ဟုလည္း သူေျပာသည္။တ႐ုတ္ႏိုင္ငံသည္ ၾသစေၾတးလွ်အတြက္ အႀကီးမားဆုံး ပို႔ကုန္ေဈးကြက္ျဖစ္သည္။တ႐ုတ္ႏိုင္ငံ သို႔ ဘာလီတင္ပို႔မႈသည္ ၂၀၁၈ ခုႏွစ္က အေဒၚလာ ၁.၅ ဘီလွ်ံဖိုးရွိေသာ္လည္း  ၂၀၁၉  ခုႏွစ္တြင္ မိုးေခါင္မႈႏွင့္ ၾသစေၾတးလွ်ႏိုင္ငံက ေဈးကြက္ ျဖန႔္ခြဲရန္ အားထုတ္မႈေၾကာင့္ ေဒၚလာ သန္း ၆၀၀ ဖိုးသာတင္ပို႔ႏိုင္ခဲ့သည္။

သံတမန္မ်ားသည္ တ႐ုတ္အရာရွိမ်ားႏွင့္ေဆြးေႏြးေနေသာ္လည္း အဆင့္ျမင့္အရာရွိမ်ားႏွင့္ ေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း Simon Birmingham ေျပာသည္။ “က်ေနာ္တို႔က ဆက္သြယ္တာကို ျပန္လည္ေျဖၾကားသင့္တယ္။ ခက္ခဲတဲ့ ျပႆနာေတြ ေဆြးေႏြးစရာရွိရင္ေတာင္မွ ဒီလိုေဆြးေႏြးမႈ အတြက္ က်ေနာ္တို႔က တံခါးဖြင့္ထားတယ္” ဟုလည္း သူေျပာသည္။

“ဒီလိုပြင့္လင္းတဲ့ ေဆြးေႏြးမႈစံႏႈန္းေတြကို လက္ခံ၊ မခံကို ဆုံးျဖတ္ဖို႔ကေတာ့ တကမာၻလုံးက က်ေနာ္တို႔ မိတ္ေဆြေတြနဲ႔ပဲဆိုင္ပါတယ္” ဟုလည္း သူေျပာသည္။မၾကာေသးမီႏွစ္မ်ား အတြင္း ႏွစ္ႏိုင္ငံတင္းမာမႈမ်ား ျမင့္တက္လာခဲ့သည္။အဓိက ျပႆနာမွာ အမ်ိဳးသာလုံးၿခဳံေရး စိုးရိမ္ပူပန္ မႈမ်ားအတြက္ တ႐ုတ္ပိုင္လုပ္ငန္း ဟြာေဝးကို  ၾသစေၾတးလွ်တြင္ 5G ကြန္ရက္ အေျခခံ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ ပိတ္ပင္လိုက္ျခင္းပင္ျဖစ္သည္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ၏ ရင္းျမစ္ကို စုံစမ္းစစ္ေဆးရန္ ၾသစေၾတးလွ် ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆင္က ေတာင္းဆိုလိုက္ေသာအခါ  တင္းမားမႈ ပိုမိုျမင့္မားလာသည္။

Linko
Ref:thenewdaily.com.au
ဆစ္ဒနီ၊ ေမ ၁၇