ဟာဗားနားသို့ ပျံသန်းပြေးဆွဲမည့် လေကြောင်းပျံသန်းမှုအားလုံး အမေရိကန်ပိတ်ပင်

ဟာဗားနားသို့ ပျံသန်းပြေးဆွဲမည့် လေကြောင်းပျံသန်းမှုအားလုံး အမေရိကန်ပိတ်ပင်

ဟာဗားနားကိုပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေကို လာမည့် ဒီဇင်ဘာက စပြီးဆိုင်းငံဖို့ နဲ့ အဆိုပါကျွန်းကိုသွားရောက်တဲ့ ခရီးစဉ်တွေကို တားမြစ်မယ်လို့ ထရမ့်ရဲ့အုပ်ချူပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း အေပီက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရည်ရွယ်ချက်က ဗင်နီဇွဲလားသမ္မတမာဒူရိုကိုထောက်ခံတဲ့ ကျူးဘားရဲ့ ခရီးသွားလုပ်ငန်း ကို တားဆီးပြီး ကျွန်းရဲ့ဝင်ငွေကို ကန့်သတ်ရန် ဖြစ်ပါတယ်။ ဒါအပြင် ကျူးဘားနိုင်ငံသားတွေ  လူအခွင့်အရေး ပိုမို ရရှိရန် ဆိုပါတယ်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ပြီး အမေရိကန်နိုင်ငံက ကျူးဘားသို့ပညာရေး၊ ယဉ်ကျေးမှုနှင့်အပန်းဖြေ ခရီးစဉ် အချို့ကိုတားမြစ်ခဲ့ပြီး၊ ကျူးဘားမှလာရောက်မည့် ပုဂ္ဂလိက နှင့် စီးပွားရေးလေယာဉ်နှင့် လှေသင်္ဘောများ လာရောက်ခွင့်ကိုလည်း ပယ်ချမယ်ဆိုပါတယ်။အနောက်နိုင်ငံများကတော့ ကျူးဘားမှာ မတည်မငြိမ်ဖြစ် နေတယ်လို့ ဆိုပါတယ်။

အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ JetBlue နဲ့ Delta လေကြောင်းလိုင်းတွေက ဟာဗားနားနဲ့ ကျူးဘားရှိ အခြားမြို့တွေကို ပြေးဆွဲမှုကိုရပ်ဆိုင်းရန် ၄၅ ရက်လိုအပ်တဲ့အတွက် အစိုးရဆုံးဖြတ် ချက်ကို ပြန်လည်သုံးသပ်ဖို့ မီယာမီဟာလက် သတင်းဌာနက ဆိုပါတယ်။ အမေရိကန်မှ ကျူးဘား သို့ပြေးဆွဲသည့်လေကြောင်းလိုင်းများအားလုံး ဟာဗားနားမှ တစ်ဆင့် ဖြတ်သန်းပြေးဆွဲရပါတယ်။

Linko
Ref:axios.com
ဝါရှင်တန်၊ အောက်တိုဘာ ၂၆

(  Zawgyi  )

 ဟာဗားနားကိုပ်ံသန္းေျပးဆြဲေနတဲ့ ေလေၾကာင္းခရီးစဥ္ေတြကို လာမည့္ ဒီဇင္ဘာက စၿပီးဆိုင္းငံဖို႔ နဲ႔ အဆိုပါကြၽန္းကိုသြားေရာက္တဲ့ ခရီးစဥ္ေတြကို တားျမစ္မယ္လို႔ ထရမ့္ရဲ႕အုပ္ခ်ဴပ္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့ေၾကာင္း ေအပီက ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ရည္႐ြယ္ခ်က္က ဗင္နီဇြဲလားသမၼတမာဒူ႐ိုကိုေထာက္ခံတဲ့ က်ဴးဘားရဲ႕ ခရီးသြားလုပ္ငန္း ကို တားဆီးၿပီး ကြၽန္းရဲ႕ဝင္ေငြကို ကန႔္သတ္ရန္ ျဖစ္ပါတယ္။ ဒါအျပင္ က်ဴးဘားႏိုင္ငံသားေတြ  လူအခြင့္အေရး ပိုမို ရရွိရန္ ဆိုပါတယ္။

ၿပီးခဲ့သည့္ ဇြန္လမွ စတင္ၿပီး အေမရိကန္ႏိုင္ငံက က်ဴးဘားသို႔ပညာေရး၊ ယဥ္ေက်းမႈႏွင့္အပန္းေျဖ ခရီးစဥ္ အခ်ိဳ႕ကိုတားျမစ္ခဲ့ၿပီး၊ က်ဴးဘားမွလာေရာက္မည့္ ပုဂၢလိက ႏွင့္ စီးပြားေရးေလယာဥ္ႏွင့္ ေလွသေဘၤာမ်ား လာေရာက္ခြင့္ကိုလည္း ပယ္ခ်မယ္ဆိုပါတယ္။အေနာက္ႏိုင္ငံမ်ားကေတာ့ က်ဴးဘားမွာ မတည္မၿငိမ္ျဖစ္ ေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္ေလေၾကာင္းလိုင္းျဖစ္တဲ့ JetBlue နဲ႔ Delta ေလေၾကာင္းလိုင္းေတြက ဟာဗားနားနဲ႔ က်ဴးဘားရွိ အျခားၿမိဳ႕ေတြကို ေျပးဆြဲမႈကိုရပ္ဆိုင္းရန္ ၄၅ ရက္လိုအပ္တဲ့အတြက္ အစိုးရဆုံးျဖတ္ ခ်က္ကို ျပန္လည္သုံးသပ္ဖို႔ မီယာမီဟာလက္ သတင္းဌာနက ဆိုပါတယ္။ အေမရိကန္မွ က်ဴးဘား သို႔ေျပးဆြဲသည့္ေလေၾကာင္းလိုင္းမ်ားအားလုံး ဟာဗားနားမွ တစ္ဆင့္ ျဖတ္သန္းေျပးဆြဲရပါတယ္။

Linko
Ref:axios.com
ဝါရွင္တန္၊ ေအာက္တိုဘာ ၂၆