ဟာရီကိန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာ နယူးအော်လန်တွင် ရေကြီးမှုဖြစ်ပေါ်

ဟာရီကိန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာ နယူးအော်လန်တွင် ရေကြီးမှုဖြစ်ပေါ်

ဟာရီကိန်းမုန်တိုင်းအကျိုးဆက်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အမေရိကန်အနိမ့်ပိုင်းမြို့တွေမှာ ရေကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားတဲ့ အတိုင်း ဗုဒ္ဓဟူးနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ နယူးအော်လန်တဝန်းရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ထဲ ဒုတိယမြောက် အပူပိုင်းမုန်တိုင်းဖြစ်သလို အတ္တလန္တိတ်သမုဒ္ဒရာထဲ ယခုနှစ်ထဲပထမဆုံးဖြစ်တဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ယခု အပတ် ထဲမှာ မက္ကဆီကိုပင်လယ်ကွေမှာ လေပြင်းတိုက်ခတ်မှု ပိုပြင်းလာမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက မျှော်လင့်ထားကြပါတယ်။

နယူးအော်လန်အာဏာပိုင်တွေကတော့ ဟာရီကိန်းမုန်တိုင်းကြောင့်  ကမ်းရိုးတန်းဒေသတွေမှာ လှိုင်း ကြီး ကာ လှိုင်းမစ္စပီမြစ်ဝမှာ ပေ ၂၀ (၆ မီတာ)အထိ မြစ်ရေတက်နိုင်လို့  ဒီပမာဏက နယူးအော် လန်မြို့ရှိ ရေကာတာမှ အချို့နေရာတွေကို ကျော်လွှမ်းနိုင်လို့ ကာကွယ်ရန်သတိ ပေးခဲ့ပါတယ်။

မုန်တိုင်းက နယူးအော်လန်အနောက်ပိုင်းကို စနေနေ့မှာ ဖြတ်နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာန အကြီးတန်း ဟာရီကိန်းကျွမ်းကျင်သူ ဂျက်ဘီဗန်းက ဆိုပါတယ်။

မုန်တိုင်းဖြတ်သန်းတဲလမ်းကြောင်းမှာ ရှိတဲ့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဂျွန်ဘဲလ်အက်ဒဝပ်က သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ် အတွင်းအရေးပေါ်အခြေအနေလို့ ကြေညာခဲ့ပြီး   “ ဒီမုန်တိုင်းကိုပေါ့ပေါ့ဆဆ မနေကြဖို့ “ ပြောခဲ့ပါတယ်။

လက်ရှိမှာ မစ္စပီမြစ်ရေက  မြစ်အထက်ပိုင်မှာ ယခုမတိုင်မီရွာချတဲ့ မိုးရေကြောင့် မြင့်တက်နေတယ်လို့ အက်ဒဝပ်ကပြောပါတယ်။

လူဝီစီယားနားပြည်နယ်မှာ ၂၀၀၅ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ကတ်ထရီနာမုန်တိုင်းအပါအဝင် ဟာရီကိန်းမုန်တိုင်းတွေကြောင့် ပြည်နယ် တစ်ခုလုံး ဖွတ်ဖွတ်ကြေကာ ပျက်စီးခဲ့ရပြီး ပြည်နယ်ရဲ့ အဓိကကြီးဖြစ်တဲ့ နယူးအော်လန်ရဲ့ မြို့အစိတ်အပိုင်းတော်တော်များများ ရေအောက်ရောက်ခဲ့လို့ အိုးမဲ့အိမ်မဲ့နဲ့ ဒေသခံနေထိုင်သူ ၁၃၀၀၀၀ ကျော်ကို ပြန်လည်နေရာချထားခဲ့ရပါတယ်။

Linko
Ref: gulftoday.ae
ဝါရှင်တန်၊ဇူလိုင် ၁၁

(  Zawgyi  )

ဟာရီကိန္းမုန္တိုင္းအက်ိဳးဆက္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး အေမရိကန္အနိမ့္ပိုင္းၿမိဳ႕ေတြမွာ ေရႀကီးႏိုင္တယ္လို႔ မိုးေလဝသဌာနက သတိေပးထားတဲ့ အတိုင္း ဗုဒၶဟူးေန႔က မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာမွာ နယူးေအာ္လန္တဝန္းေရႀကီးေရလႊမ္းမိုးမႈေတြ ျဖစ္ခဲ့ပါတယ္။

ဒီႏွစ္ထဲ ဒုတိယေျမာက္ အပူပိုင္းမုန္တိုင္းျဖစ္သလို အတၱလႏၲိတ္သမုဒၵရာထဲ ယခုႏွစ္ထဲပထမဆုံးျဖစ္တဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ယခု အပတ္ ထဲမွာ မကၠဆီကိုပင္လယ္ေကြမွာ ေလျပင္းတိုက္ခတ္မႈ ပိုျပင္းလာမယ္လို႔ မိုးေလဝသခန႔္မွန္းသူေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

နယူးေအာ္လန္အာဏာပိုင္ေတြကေတာ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္  ကမ္း႐ိုးတန္းေဒသေတြမွာ လႈိင္း ႀကီး ကာ လႈိင္းမစၥပီျမစ္ဝမွာ ေပ ၂၀ (၆ မီတာ)အထိ ျမစ္ေရတက္ႏိုင္လို႔  ဒီပမာဏက နယူးေအာ္ လန္ၿမိဳ႕ရွိ ေရကာတာမွ အခ်ိဳ႕ေနရာေတြကို ေက်ာ္လႊမ္းႏိုင္လို႔ ကာကြယ္ရန္သတိ ေပးခဲ့ပါတယ္။

မုန္တိုင္းက နယူးေအာ္လန္အေနာက္ပိုင္းကို စေနေန႔မွာ ျဖတ္ႏိုင္တယ္လို႔ အမ်ိဳးသားမိုးေလဝသဌာန အႀကီးတန္း ဟာရီကိန္းကြၽမ္းက်င္သူ ဂ်က္ဘီဗန္းက ဆိုပါတယ္။

မုန္တိုင္းျဖတ္သန္းတဲလမ္းေၾကာင္းမွာ ရွိတဲ့ လူဝီစီယားနားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးဂြၽန္ဘဲလ္အက္ဒဝပ္က သတင္းစာရွင္းလင္းပြဲမွာ ျပည္နယ္ အတြင္းအေရးေပၚအေျခအေနလို႔ ေၾကညာခဲ့ၿပီး   “ ဒီမုန္တိုင္းကိုေပါ့ေပါ့ဆဆ မေနၾကဖို႔ “ ေျပာခဲ့ပါတယ္။

လက္ရွိမွာ မစၥပီျမစ္ေရက  ျမစ္အထက္ပိုင္မွာ ယခုမတိုင္မီ႐ြာခ်တဲ့ မိုးေရေၾကာင့္ ျမင့္တက္ေနတယ္လို႔ အက္ဒဝပ္ကေျပာပါတယ္။

လူဝီစီယားနားျပည္နယ္မွာ ၂၀၀၅ ခုႏွစ္က တိုက္ခတ္ခဲ့တဲ့ ကတ္ထရီနာမုန္တိုင္းအပါအဝင္ ဟာရီကိန္းမုန္တိုင္းေတြေၾကာင့္ ျပည္နယ္ တစ္ခုလုံး ဖြတ္ဖြတ္ေၾကကာ ပ်က္စီးခဲ့ရၿပီး ျပည္နယ္ရဲ႕ အဓိကႀကီးျဖစ္တဲ့ နယူးေအာ္လန္ရဲ႕ ၿမိဳ႕အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ား ေရေအာက္ေရာက္ခဲ့လို႔ အိုးမဲ့အိမ္မဲ့နဲ႔ ေဒသခံေနထိုင္သူ ၁၃၀၀၀၀ ေက်ာ္ကို ျပန္လည္ေနရာခ်ထားခဲ့ရပါတယ္။

Linko
Ref: gulftoday.ae
ဝါရွင္တန္၊ဇူလိုင္ ၁၁