ဟူသီသူပုန်များ ပစ်လွှတ်သည့် ဒရုန်းနှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ဟု ဆော်ဒီဘက်က ဆို

ဟူသီသူပုန်များ ပစ်လွှတ်သည့် ဒရုန်းနှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ဟု ဆော်ဒီဘက်က ဆို

ဆော်ဒီဘုရင်နိုင်ငံကို တိုက်ခိုက်ဖို့ အိမ်နီးချင်း ယူမင်နိုင်ငံကနေ လွှတ်တင်ခဲ့တဲ့ ဟူသီသူပုန်တွေရဲ့ ဒရုန်း မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ဆော်ဒီလေတပ်က တနင်္လာနေ့ ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဆော်ဒီလေတပ်က ထုတ်ပြန်ခဲ့တယ်လို့ အစိုးရသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဉ်နှစ်စင်းဟာ ဘုရင့်နိုင်ငံရဲ့ တောင်ဘက် ခါမစ်မာရှုရစ်ကို ဦးတည်ပစ်မှတ်ထားတာဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆော်ဒီ ဦးဆောင်တဲ့ ယီမင်တိုက်ခိုက်ရေး ညွန့်ပေါင်းအဖွဲ့က အင်္ဂါနေ့အစောပိုင်းက ထုတ်ပြန်ခဲ့တယ်လို့ ဆော်ဒီအစိုးရရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ SPA က ဆိုပါတယ်။

ယီမင်မြို့တော် ဆာနာနာ အပါအဝင် နိုင်ငံရဲ့ အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားတဲ့ သူပုန်တွေရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ အယ်လ်မာဆက်က ဒီလိုပစ်လွှတ်မှုဟာ  ခါမစ်မာရှုရစ် အနီးရှိ ခါလီဘုရင် လေတပ်အခြေစိုက်စခန်းကို ပစ်မှတ်ထားတယ် ဆိုပါတယ်။ဒီတိုက်ခိုက်မှုဟာ ယီမင် မြောက်ပိုင်းက ဟာဂျီပြည်နယ်မှာ ဟူသီတွေရဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ စိပ်လာပြီးနောက် ဖြစ်လာတာလို့ SPA က ဖော်ပြခဲ့ပါတယ်။

ဟူသီသူပုန်တွေက ဆော်ဒီရဲ့ မဟာမိတ် အမေရိကန်နဲ့ ရှီးယားအင်အားကြီး အီရန်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆော်ဒီကို တိုက်ခိုက်မှု အရှိန်မြင့်ခဲ့ကြပါတယ်။

Linko
Ref : aljazeera.com
ရီယာဒ့်၊ ဇွန် - ၁၁

( Zawgyi )

ေဆာ္ဒီဘုရင္ႏိုင္ငံကို တိုက္ခိုက္ဖို႔ အိမ္နီးခ်င္း ယူမင္ႏိုင္ငံကေန လႊတ္တင္ခဲ့တဲ့ ဟူသီသူပုန္ေတြရဲ႕ ဒ႐ုန္း ေမာင္းသူမဲ့ေလယာဥ္ႏွစ္စင္းကို ေဆာ္ဒီေလတပ္က တနလၤာေန႔ ၾကားျဖတ္ပစ္ခ်ခဲ့တယ္လို႔ ေဆာ္ဒီေလတပ္က ထုတ္ျပန္ခဲ့တယ္လို႔ အစိုးရသတင္းဌာနက ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ေမာင္းသူမဲ့ေလယာဥ္ႏွစ္စင္းဟာ ဘုရင့္ႏိုင္ငံရဲ႕ ေတာင္ဘက္ ခါမစ္မာရႈရစ္ကို ဦးတည္ပစ္မွတ္ထားတာျဖစ္ၿပီး ထိခိုက္ပ်က္စီးမႈ မရွိဘူးလို႔ ေဆာ္ဒီ ဦးေဆာင္တဲ့ ယီမင္တိုက္ခိုက္ေရး ၫြန႔္ေပါင္းအဖြဲ႕က အဂၤါေန႔အေစာပိုင္းက ထုတ္ျပန္ခဲ့တယ္လို႔ ေဆာ္ဒီအစိုးရရဲ႕ တရားဝင္သတင္းဌာနျဖစ္တဲ့ SPA က ဆိုပါတယ္။

ယီမင္ၿမိဳ႕ေတာ္ ဆာနာနာ အပါအဝင္ ႏိုင္ငံရဲ႕ အစိတ္အပိုင္းအမ်ားစုကို ထိန္းခ်ဳပ္ထားတဲ့ သူပုန္ေတြရဲ႕ သတင္းရင္းျမစ္ျဖစ္တဲ့ အယ္လ္မာဆက္က ဒီလိုပစ္လႊတ္မႈဟာ  ခါမစ္မာရႈရစ္ အနီးရွိ ခါလီဘုရင္ ေလတပ္အေျခစိုက္စခန္းကို ပစ္မွတ္ထားတယ္ ဆိုပါတယ္။ဒီတိုက္ခိုက္မႈဟာ ယီမင္ ေျမာက္ပိုင္းက ဟာဂ်ီျပည္နယ္မွာ ဟူသီေတြရဲ႕ ေနရာကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ စိပ္လာၿပီးေနာက္ ျဖစ္လာတာလို႔ SPA က ေဖာ္ျပခဲ့ပါတယ္။

ဟူသီသူပုန္ေတြက ေဆာ္ဒီရဲ႕ မဟာမိတ္ အေမရိကန္နဲ႔ ရွီးယားအင္အားႀကီး အီရန္ႏိုင္ငံအၾကား တင္းမာမႈေတြ ျဖစ္ေနခ်ိန္မွာ ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ေဆာ္ဒီကို တိုက္ခိုက္မႈ အရွိန္ျမင့္ခဲ့ၾကပါတယ္။

Linko
Ref : aljazeera.com
ရီယာဒ့္၊ ဇြန္ - ၁၁