ဟောင်ကောင်ဆန္ဒပြသူများနှင့် အတူတကွရှိနေကြောင်း ဖြင့် ဒုသမ္မတမိုက်ပင့်စ်ဆို

ဟောင်ကောင်ဆန္ဒပြသူများနှင့် အတူတကွရှိနေကြောင်း ဖြင့် ဒုသမ္မတမိုက်ပင့်စ်ဆို

ဟောင်ကောင်မှ ဆန္ဒပြသူများဘက်မှ ရပ်တည်လျှက်ရှိကြောင်း အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်က အောက်တိုဘာ ၂၄ ရက်မှာ ပြောကြား လိုက်ပြီး တရုတ်အစိုးရနှင့်  Nike ၊ NBA တို့ကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။“အခုလပိုင်းတွေ မှာ ခင်ဗျားတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ သူတွေနဲ့ အတူရှိနေပါမယ်” ဟုဝါရှင်တန်မြို့ ဝဲလ်ဆန်စင်တာတွင် ပြုလုပ်သည့် ဟောပြောပွဲ တစ်ခု၌ ပင့်စ်က ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူများနှင့် ရဲများအကြား ဖြစ်ပေါ်နေသည့် ဆူပူတိုက်ခိုက်မှုများကို ၎င်းက မဖော်ပြခဲ့သော်လည်း ဆန္ဒပြသူများအနေဖြင့် အကြမ်းမဖက် သည့် လမ်းကြောင်းကိုသာ ဆက်လက်ကျင့်သုံးကြရန် တိုက်တွန်းခဲ့ပါတယ်။ ထို့ပြင် တရုတ်အစိုးရဘက် မှ ရပ်တည်ခဲ့သည့် NBA ဘတ်စကတ်ဘော အသင်းကိုလည်း ပင့်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အဆိုပါ အသင်းသည် တရုတ်အာဏာပိုင်များက ပိုင်သည့်အသင်းကဲ့သို့ လုပ်ဆောင် နေကြောင်း ပြောကြားခဲ့သလို Nike အသင်းအနေဖြင့်လည်း ပြည်သူများအရေးနှင့် ပတ်သက်၍ တရားမျှတမှု ရှိသယောင်ဖြစ်ခဲ့သော် လည်း ဟောင်ကောင်အရေးနှင့် ပတ်သက်၍ မပြတ်မသားဖြစ်နေကြောင်း ပြောကြားခဲ့ ပါတယ်။

တရုတ်အစိုးရအနေဖြင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု ကောင်းမွန်ရေးအတွက် တိုးတက်အောင် လုပ်ဆောင်ခြင်း မရှိခဲ့သလို ကဏ္ဍအများအပြား တွင် ပိုမိုရန်လိုသည့် လုပ်ရပ်များ ပိုမိုများပြားလာကြောင်းလည်း ပင့်စ်က ပြောပါတယ်။ ပင့်စ်က ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားပြီး နာရီပိုငးအကြာတွင် အမေရိကန် အထက်လွှတ်တော် အမတ်များက အမေရိကန်ကုမ္ပဏီများအနေဖြင့် မျက်ရည်ယိုဓာတ်ငွေ့၊ ငရုတ်ကောင်း ဖျန်းဆေးနှင့် ရာဘာကျည်ဆံကဲ့သို့ ပစ္စည်းများအား အမေရိကန်ကုမ္ပဏီများက ဟောင်ကောင်အာဏာပိုင်များသို့ ရောင်းချခြင်းအား တားမြစ် ပိတ်ပင်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

Linko
Ref: koreatimes.co.kr
ဝါရှင်တန်၊ အောက်တိုဘာ ၂၅

(  Zawgyi  )

 ေဟာင္ေကာင္မွ ဆႏၵျပသူမ်ားဘက္မွ ရပ္တည္လွ်က္ရွိေၾကာင္း အေမရိကန္ ဒုသမၼတ မိုက္ပင့္စ္က ေအာက္တိုဘာ ၂၄ ရက္မွာ ေျပာၾကား လိုက္ၿပီး တ႐ုတ္အစိုးရႏွင့္  Nike ၊ NBA တို႔ကိုလည္း ျပစ္တင္ေဝဖန္လိုက္ပါတယ္။“အခုလပိုင္းေတြ မွာ ခင္ဗ်ားတို႔ရဲ႕ အခြင့္အေရးကို ကာကြယ္ဖို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကတဲ့ သူေတြနဲ႔ အတူရွိေနပါမယ္” ဟုဝါရွင္တန္ၿမိဳ႕ ဝဲလ္ဆန္စင္တာတြင္ ျပဳလုပ္သည့္ ေဟာေျပာပြဲ တစ္ခု၌ ပင့္စ္က ေျပာၾကားခဲ့ပါတယ္။

ဆႏၵျပသူမ်ားႏွင့္ ရဲမ်ားအၾကား ျဖစ္ေပၚေနသည့္ ဆူပူတိုက္ခိုက္မႈမ်ားကို ၎က မေဖာ္ျပခဲ့ေသာ္လည္း ဆႏၵျပသူမ်ားအေနျဖင့္ အၾကမ္းမဖက္ သည့္ လမ္းေၾကာင္းကိုသာ ဆက္လက္က်င့္သုံးၾကရန္ တိုက္တြန္းခဲ့ပါတယ္။ ထို႔ျပင္ တ႐ုတ္အစိုးရဘက္ မွ ရပ္တည္ခဲ့သည့္ NBA ဘတ္စကတ္ေဘာ အသင္းကိုလည္း ပင့္စ္က ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ အဆိုပါ အသင္းသည္ တ႐ုတ္အာဏာပိုင္မ်ားက ပိုင္သည့္အသင္းကဲ့သို႔ လုပ္ေဆာင္ ေနေၾကာင္း ေျပာၾကားခဲ့သလို Nike အသင္းအေနျဖင့္လည္း ျပည္သူမ်ားအေရးႏွင့္ ပတ္သက္၍ တရားမွ်တမႈ ရွိသေယာင္ျဖစ္ခဲ့ေသာ္ လည္း ေဟာင္ေကာင္အေရးႏွင့္ ပတ္သက္၍ မျပတ္မသားျဖစ္ေနေၾကာင္း ေျပာၾကားခဲ့ ပါတယ္။

တ႐ုတ္အစိုးရအေနျဖင့္ ႏွစ္ႏိုင္ငံ စီးပြားေရး ဆက္ဆံမႈ ေကာင္းမြန္ေရးအတြက္ တိုးတက္ေအာင္ လုပ္ေဆာင္ျခင္း မရွိခဲ့သလို က႑အမ်ားအျပား တြင္ ပိုမိုရန္လိုသည့္ လုပ္ရပ္မ်ား ပိုမိုမ်ားျပားလာေၾကာင္းလည္း ပင့္စ္က ေျပာပါတယ္။ ပင့္စ္က ယခုကဲ့သို႔ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားၿပီး နာရီပိုငးအၾကာတြင္ အေမရိကန္ အထက္လႊတ္ေတာ္ အမတ္မ်ားက အေမရိကန္ကုမၸဏီမ်ားအေနျဖင့္ မ်က္ရည္ယိုဓာတ္ေငြ႕၊ င႐ုတ္ေကာင္း ဖ်န္းေဆးႏွင့္ ရာဘာက်ည္ဆံကဲ့သို႔ ပစၥည္းမ်ားအား အေမရိကန္ကုမၸဏီမ်ားက ေဟာင္ေကာင္အာဏာပိုင္မ်ားသို႔ ေရာင္းခ်ျခင္းအား တားျမစ္ ပိတ္ပင္ေၾကာင္း အမိန႔္တစ္ရပ္ ထုတ္ျပန္လိုက္ပါတယ္။

Linko
Ref: koreatimes.co.kr
ဝါရွင္တန္၊ ေအာက္တိုဘာ ၂၅