ဟောင်ကောင်တွင် ကျောင်းကားက လမ်းတားကို ဝင်တိုက်သောကြောင့် လူ ၉ ယောက် ထိခိုက်ဒဏ်ရာရ

ဟောင်ကောင်တွင် ကျောင်းကားက လမ်းတားကို ဝင်တိုက်သောကြောင့် လူ ၉ ယောက် ထိခိုက်ဒဏ်ရာရ

အင်္ဂါနေ့ (ဒီနေ့) အစောပိုင်းကပဲ ဟောင်ကောင်ရဲ့ Kowloon East ဧရိယာထဲမှာ ကျောင်းဘတ်စ်ကားတစ်စင်း ကွန်ကရစ်လမ်းတားကို ဝင်တိုက်မိသွားခဲ့တာကြောင့် ကျောင်းသားကလေးငယ် ၇ ယောက် အပါအဝင် လူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ South China Morning Post (SCMP) သတင်းမှာ ဖော်ပြထားပါတယ်။

“အမျိုးသားယာဉ်မောင်း၊ အမျိုးသမီးကလေးထိန်းနဲ့ ကျောင်းသားကလေးငယ် ၇ ယောက် ပေါင်း ၉ ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က SCMP ကို ပြောကြားခဲ့ပါတယ်။ဒဏ်ရာရသူအားလုံး သတိရနေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားပေါ်မှာ ကျောင်းသားကလေးငယ် ဘယ်နှစ်ယောက် လိုက်ပါသွားသလဲဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ဆိုပါတယ်။မြို့လယ်ခေါင် North Point ရပ်ကွက်မှာ လူမပါတဲ့ ကျောင်းကားတစ်စင်း အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းပေါ် တက်သွားတဲ့ မတော်တဆမှုဖြစ်ပွားပြီး တစ်ရက်လျော့လျော့အချိန်မှာ ဒီဖြစ်ရပ် ဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

ရပ်ထားတုန်းမှာ ကားဟာ လမ်းအတိုင်း ဆင်းသွားလို့ ယာဉ်မောင်းက ပြေးလိုက်သွားပြီး အချည်းနှီးရပ်တန့်ဖို့ ကြိုးစားရာမှာ လမ်းသွားလမ်းလာတွေ ကြောက်လန့်သွားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

တနင်္လာနေ့က မတော်တဆမှုမှာတော့ လူ ၄ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

NZT
The Straits Times
ဟောင်ကောင်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

အဂၤါေန႔ (ဒီေန႔) အေစာပိုင္းကပဲ ေဟာင္ေကာင္ရဲ႕ Kowloon East ဧရိယာထဲမွာ ေက်ာင္းဘတ္စ္ကားတစ္စင္း ကြန္ကရစ္လမ္းတားကို ဝင္တိုက္မိသြားခဲ့တာေၾကာင့္ ေက်ာင္းသားကေလးငယ္ ၇ ေယာက္ အပါအဝင္ လူ ၉ ေယာက္ ထိခိုက္ဒဏ္ရာ ရသြားခဲ့တယ္လို႔ South China Morning Post (SCMP) သတင္းမွာ ေဖာ္ျပထားပါတယ္။

“အမ်ိဳးသားယာဥ္ေမာင္း၊ အမ်ိဳးသမီးကေလးထိန္းနဲ႔ ေက်ာင္းသားကေလးငယ္ ၇ ေယာက္ ေပါင္း ၉ ေယာက္ ထိခိုက္ဒဏ္ရာရသြားခဲ့ပါတယ္” လို႔ ရဲတပ္ဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္က SCMP ကို ေျပာၾကားခဲ့ပါတယ္။ဒဏ္ရာရသူအားလုံး သတိရေနၾကၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ဘတ္စ္ကားေပၚမွာ ေက်ာင္းသားကေလးငယ္ ဘယ္ႏွစ္ေယာက္ လိုက္ပါသြားသလဲဆိုတာေတာ့ ကြဲကြဲျပားျပား မသိရေသးဘူးလို႔ ဆိုပါတယ္။ၿမိဳ႕လယ္ေခါင္ North Point ရပ္ကြက္မွာ လူမပါတဲ့ ေက်ာင္းကားတစ္စင္း အရွိန္မထိန္းႏိုင္ဘဲ ပလက္ေဖာင္းေပၚ တက္သြားတဲ့ မေတာ္တဆမႈျဖစ္ပြားၿပီး တစ္ရက္ေလ်ာ့ေလ်ာ့အခ်ိန္မွာ ဒီျဖစ္ရပ္ ျဖစ္ပြားလာခဲ့တာပဲ ျဖစ္ပါတယ္။

ရပ္ထားတုန္းမွာ ကားဟာ လမ္းအတိုင္း ဆင္းသြားလို႔ ယာဥ္ေမာင္းက ေျပးလိုက္သြားၿပီး အခ်ည္းႏွီးရပ္တန႔္ဖို႔ ႀကိဳးစားရာမွာ လမ္းသြားလမ္းလာေတြ ေၾကာက္လန႔္သြားခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

တနလၤာေန႔က မေတာ္တဆမႈမွာေတာ့ လူ ၄ ေယာက္ ေသဆုံးၿပီး ၁၁ ေယာက္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

NZT
The Straits Times
ေဟာင္ေကာင္၊ ဒီဇင္ဘာ - ၁၁