ဟောင်ကောင်လေကြောင်းကုမ္ပဏီနဲ့ နာမည်ကြီးဖက်ရှင်ကုမ္ပဏီတွေက တရုတ်အစိုးရသဘောထားကို ထောက်ခံ

ဟောင်ကောင်လေကြောင်းကုမ္ပဏီနဲ့ နာမည်ကြီးဖက်ရှင်ကုမ္ပဏီတွေက တရုတ်အစိုးရသဘောထားကို ထောက်ခံ

ဟောင်ကောင်မှာရှိတဲ့ လေကြောင်းကုမ္ပဏီတစ်ခုနဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီတွေက တရုတ်အစိုးရရဲ့သဘောထားကို ထောက်ခံလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ဟောင်ကောင်လေဆိပ် ဆန္ဒပြမှုတွေမှာပါဝင်တဲ့ဝန်ထမ်းတွေကို Cathay Pacific Airways လေကြောင်းကုမ္ပဏီစီအီးအိုဖြစ်သူက အခုလ ၁၂ ရက်မှာ သတိပေးချက်ထုတ်ပြန်တာတွေ လုပ်ခဲ့ပါတယ်။

 ဒီလိုဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေမှာပါဝင်တဲ့ သူ့ရဲ့ဝန်ထမ်းတွေကိုလည်း ကုမ္ပဏီစည်းကမ်းနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့လည်း ဆိုပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းက တရုတ်အစိုးရကို တောင်းပန်ကြောင်းပြောတဲ့ကုမ္ပဏီစာရင်းထဲမှာ Cathay Pacific လေကြောင်း လိုင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဟောင်ကောင်လေဆိပ်အဓိကခန်းမဆောင်ကို ဆန္ဒပြသူတွေဝင်နေရာယူပြီး၊ အထိုင်ဆန္ဒပြမှု ဖြစ်နေတာကြောင့် တစ်နေ့တာလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရသလို၊ လေဆိပ်ပိတ်ကြောင်း မကြေညာခင်နာရီပိုင်းအလိုက Cathy Pacific Airways စီအီးအိုက ဝန်ထမ်းတွေကို အခုလိုသတိပေးစာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

APသတင်းဌာနကရတဲ့ စီအီးအို Rupert Hoggရဲ့သတိပေးစာမှာ ‘တရားမဝင်လှုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီအနေနဲ့ လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ ဆန္ဒပြတဲ့ထဲပါဝင်သူနဲ့ ထောက်ခံအားပေးသူတွေကို အလုပ်ကနေထုတ်ပယ်တဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူတာတွေ လုပ်မယ်’လို့ဆိုပြီး သတိပေးထားပါတယ်။ ဟောင်ကောင်ဆန္ဒပြမှု ၂ လကျော်ကာလအတွင်း စားသောက်ဆိုင်တွေကအစ ဇိမ်ခံဖက်ရှင် အရောင်း ဆိုင်ကြီးတွေအဆုံး အခက်တွေ့နေရတာကြောင့် ဒေသတွင်းကွန်မြူနစ်ပါတီစိုးမိုးရေး ထောက်ခံကြောင်း သဘောထားထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဟောင်ကောင်အရေးလှုပ်ရှားမှုတွေနဲ့ငြိစွန်းနေတဲ့ကုမ္ပဏီတွေထဲ Cathay Pacificလေကြောင်းကုမ္ပဏီတစ်ခုတည်း မဟုတ်ပါဘူး။

Givenchy၊ Versaceနဲ့ Coachတို့လို နာမည်ကြီးဇိမ်ခံဖက်ရှင်တွေလည်း တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေ ဝေဖန်ရှုတ်ချတာခံနေရပါတယ်။ သူတို့ဖက်ရှင်အမှတ်တံဆိပ်ထုတ်တီရှပ်တွေမှာ နိုင်ငံစာရင်းတွေထဲ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ထည့်ထားလို့ ဝေဖန်ရှုတ်ချခံရတာဖြစ် ပါတယ်။

ရည်မွန်
Ref: indiatoday.in
ဟောင်ကောင်၊ သြဂုတ် ၁၃

(  Zawgyi  )

 ေဟာင္ေကာင္မွာရွိတဲ့ ေလေၾကာင္းကုမၸဏီတစ္ခုနဲ႔ နာမည္ႀကီးဖက္ရွင္အမွတ္တံဆိပ္ကုမၸဏီေတြက တ႐ုတ္အစိုးရရဲ႕သေဘာထားကို ေထာက္ခံလိုက္ပါတယ္။ လက္ရွိျဖစ္ေနတဲ့ ေဟာင္ေကာင္ေလဆိပ္ ဆႏၵျပမႈေတြမွာပါဝင္တဲ့ဝန္ထမ္းေတြကို Cathay Pacific Airways ေလေၾကာင္းကုမၸဏီစီအီးအိုျဖစ္သူက အခုလ ၁၂ ရက္မွာ သတိေပးခ်က္ထုတ္ျပန္တာေတြ လုပ္ခဲ့ပါတယ္။

 ဒီလိုဥပေဒနဲ႔မညီတဲ့ ဆႏၵျပမႈေတြမွာပါဝင္တဲ့ သူ႔ရဲ႕ဝန္ထမ္းေတြကိုလည္း ကုမၸဏီစည္းကမ္းနဲ႔အညီ ျပင္းျပင္းထန္ထန္အေရးယူမယ္လို႔လည္း ဆိုပါတယ္။ မၾကာခင္ရက္ပိုင္းအတြင္းက တ႐ုတ္အစိုးရကို ေတာင္းပန္ေၾကာင္းေျပာတဲ့ကုမၸဏီစာရင္းထဲမွာ Cathay Pacific ေလေၾကာင္း လိုင္းလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ေဟာင္ေကာင္ေလဆိပ္အဓိကခန္းမေဆာင္ကို ဆႏၵျပသူေတြဝင္ေနရာယူၿပီး၊ အထိုင္ဆႏၵျပမႈ ျဖစ္ေနတာေၾကာင့္ တစ္ေန႔တာေလေၾကာင္းခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ရသလို၊ ေလဆိပ္ပိတ္ေၾကာင္း မေၾကညာခင္နာရီပိုင္းအလိုက Cathy Pacific Airways စီအီးအိုက ဝန္ထမ္းေတြကို အခုလိုသတိေပးစာထုတ္ျပန္ခဲ့တာလို႔ သိရပါတယ္။

APသတင္းဌာနကရတဲ့ စီအီးအို Rupert Hoggရဲ႕သတိေပးစာမွာ ‘တရားမဝင္လႈပ္ရွားမႈမွာပါတဲ့ ဝန္ထမ္းေတြကို ကုမၸဏီအေနနဲ႔ လုံးဝသည္းခံမွာ မဟုတ္ပါဘူး။ ဆႏၵျပတဲ့ထဲပါဝင္သူနဲ႔ ေထာက္ခံအားေပးသူေတြကို အလုပ္ကေနထုတ္ပယ္တဲ့အထိ ျပင္းျပင္းထန္ထန္ အေရးယူတာေတြ လုပ္မယ္’လို႔ဆိုၿပီး သတိေပးထားပါတယ္။ ေဟာင္ေကာင္ဆႏၵျပမႈ ၂ လေက်ာ္ကာလအတြင္း စားေသာက္ဆိုင္ေတြကအစ ဇိမ္ခံဖက္ရွင္ အေရာင္း ဆိုင္ႀကီးေတြအဆုံး အခက္ေတြ႕ေနရတာေၾကာင့္ ေဒသတြင္းကြန္ျမဴနစ္ပါတီစိုးမိုးေရး ေထာက္ခံေၾကာင္း သေဘာထားထုတ္ျပန္ခဲ့တာ ျဖစ္ပါ တယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ေဟာင္ေကာင္အေရးလႈပ္ရွားမႈေတြနဲ႔ၿငိစြန္းေနတဲ့ကုမၸဏီေတြထဲ Cathay Pacificေလေၾကာင္းကုမၸဏီတစ္ခုတည္း မဟုတ္ပါဘူး။

Givenchy၊ Versaceနဲ႔ Coachတို႔လို နာမည္ႀကီးဇိမ္ခံဖက္ရွင္ေတြလည္း တ႐ုတ္ဆိုရွယ္မီဒီယာအသုံးျပဳသူေတြ ေဝဖန္ရႈတ္ခ်တာခံေနရပါတယ္။ သူတို႔ဖက္ရွင္အမွတ္တံဆိပ္ထုတ္တီရွပ္ေတြမွာ ႏိုင္ငံစာရင္းေတြထဲ ေဟာင္ေကာင္၊ မကာအို၊ ထိုင္ဝမ္ထည့္ထားလို႔ ေဝဖန္ရႈတ္ခ်ခံရတာျဖစ္ ပါတယ္။

ရည္မြန္
Ref: indiatoday.in
ေဟာင္ေကာင္၊ ၾသဂုတ္ ၁၃