ဟောင်ကောင်သို့ အမေရိကန်ရေတပ်သင်္ဘောများလာရောက်ခွင့် တရုတ် ငြင်းဆို

ဟောင်ကောင်သို့ အမေရိကန်ရေတပ်သင်္ဘောများလာရောက်ခွင့် တရုတ် ငြင်းဆို

လာမည့် သီတင်းပတ်များအတွင်းဟောင်ကောင်သို့ အမေရိကန် စစ်သင်္ဘောများလာရောက် ခွင့်ပြုရန် တောင်းဆိုထားမှုအပေါ် တရုတ်အစိုးရက ငြင်းဆိုလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူများက သြဂုတ် ၁၃ ရက်မှာပြောကြားလိုက်ပါတယ်။

သယ်ယူပို့ဆောင်ရေးသင်္ဘောGreen Bayအားယခုလကုန်ပိုင်းအတွင်းလာရောက်ရန်နှင့် ပဲ့ထိန်းဒုံးကျည်တပ် Lake Erie သင်္ဘောစက်တင်ဘာလ အတွင်းလာရောက်ခွင့်တို့ကိုတရုတ်အစိုးရက ငြင်းဆိုထားကြောင်းအမည်မဖော်လိုသူအမေရိကန်အရာရှိများကပြောပါတယ်။

ယင်းကဲ့သို့ခွင့်မပြုရခြင်းအကြောင်းကိုတိတိကျကျမပြောသော်လည်းအထူးအဆန်းဖြစ်စဉ်မဟုတ်ကြောင်းအမေရိကန်အရာရှိတစ်ဦးကပြောပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်းအမေရိကန် စစ်သင်္ဘော Wasp ဟောင်ကောင်သို့ အလည်အပတ်လာရောက်ရန် ခွင့်တောင်းမှုကို တရုတ်က ငြင်းဆိုခဲ့ပါတယ်။ ကြည်း/ရေ နှစ်မျိုးကွပ်ကဲရေး Blue Ridge ရေယာဉ်ကတော့ ဟောင်ကောင်ဆိပ်ကမ်းကို ဧပြီလ အတွင်းက ဆိုက်ကပ်ခွင့် ရခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ လွှမ်းမိုးမှု ပိုမိုလုပ်ဆောင်လာခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ဟောင်ကောင်မှာအရှိန်မြင့် တက်နေပြီး နိုင်ငံတကာလေဆိပ်မှာလည်း ပြဿနာတွေ ဖြစ်ပွားမှုကြောင့် သြဂုတ် ၁၃ ရက်နေ့ကဒုတိယနေ့ အဖြစ် လေကြောင်းခရီးစဉ်တွေကိုရပ်ဆိုင်းထားရပါတယ်။တရုတ်အစိုးရကဟောင်ကောင်နယ်စပ်ကိုတပ်ဖွဲ့တွေ စေလွှတ်နေတာကြောင့် ပြဿနာကိုတည်ငြိမ်စွာဖြေရှင်းကြဖို့ အမေရိကန် သမ္မတေ ဒါ်နယ်ထရမ့် က တိုက်တွန်းထားပါတယ်။

ဟောင်ကောင်ပြဿနာသည် ရှုပ်ထွေးကြောင်းနှင့် တရုတ်အပါအဝင် အားလုံးအတွက် အဆင်ပြေသွားမယ်လို့ မျှော်လင့်ကြောင်းနဲ့ ထိခိုက်သေ ဆုံးခြင်းမရှိဘဲလွတ်လပ်ခွင့်ကိုရစေလိုကြောင်းပြောကြားပါတယ်။

Linko
Ref:Reuters
ဝါရှင်တန် ၊သြဂုတ် ၁၄

( Zawgyi )

 လာမည့္ သီတင္းပတ္မ်ားအတြင္းေဟာင္ေကာင္သို႔ အေမရိကန္ စစ္သေဘၤာမ်ားလာေရာက္ ခြင့္ျပဳရန္ ေတာင္းဆိုထားမႈအေပၚ တ႐ုတ္အစိုးရက ျငင္းဆိုလိုက္ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ၾသဂုတ္ ၁၃ ရက္မွာေျပာၾကားလိုက္ပါတယ္။

သယ္ယူပို႔ေဆာင္ေရးသေဘၤာGreen Bayအားယခုလကုန္ပိုင္းအတြင္းလာေရာက္ရန္ႏွင့္ ပဲ့ထိန္းဒုံးက်ည္တပ္ Lake Erie သေဘၤာစက္တင္ဘာလ အတြင္းလာေရာက္ခြင့္တို႔ကိုတ႐ုတ္အစိုးရက ျငင္းဆိုထားေၾကာင္းအမည္မေဖာ္လိုသူအေမရိကန္အရာရွိမ်ားကေျပာပါတယ္။

ယင္းကဲ့သို႔ခြင့္မျပဳရျခင္းအေၾကာင္းကိုတိတိက်က်မေျပာေသာ္လည္းအထူးအဆန္းျဖစ္စဥ္မဟုတ္ေၾကာင္းအေမရိကန္အရာရွိတစ္ဦးကေျပာပါတယ္။

၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလအတြင္းကလည္းအေမရိကန္ စစ္သေဘၤာ Wasp ေဟာင္ေကာင္သို႔ အလည္အပတ္လာေရာက္ရန္ ခြင့္ေတာင္းမႈကို တ႐ုတ္က ျငင္းဆိုခဲ့ပါတယ္။ ၾကည္း/ေရ ႏွစ္မ်ိဳးကြပ္ကဲေရး Blue Ridge ေရယာဥ္ကေတာ့ ေဟာင္ေကာင္ဆိပ္ကမ္းကို ဧၿပီလ အတြင္းက ဆိုက္ကပ္ခြင့္ ရခဲ့ပါတယ္။

တ႐ုတ္အစိုးရရဲ႕ လႊမ္းမိုးမႈ ပိုမိုလုပ္ေဆာင္လာျခင္းအေပၚ ကန႔္ကြက္ဆႏၵျပမႈေတြ ေဟာင္ေကာင္မွာအရွိန္ျမင့္ တက္ေနၿပီး ႏိုင္ငံတကာေလဆိပ္မွာလည္း ျပႆနာေတြ ျဖစ္ပြားမႈေၾကာင့္ ၾသဂုတ္ ၁၃ ရက္ေန႔ကဒုတိယေန႔ အျဖစ္ ေလေၾကာင္းခရီးစဥ္ေတြကိုရပ္ဆိုင္းထားရပါတယ္။တ႐ုတ္အစိုးရကေဟာင္ေကာင္နယ္စပ္ကိုတပ္ဖြဲ႕ေတြ ေစလႊတ္ေနတာေၾကာင့္ ျပႆနာကိုတည္ၿငိမ္စြာေျဖရွင္းၾကဖို႔ အေမရိကန္ သမၼေတ ဒၚနယ္ထရမ့္ က တိုက္တြန္းထားပါတယ္။

ေဟာင္ေကာင္ျပႆနာသည္ ရႈပ္ေထြးေၾကာင္းႏွင့္ တ႐ုတ္အပါအဝင္ အားလုံးအတြက္ အဆင္ေျပသြားမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ ထိခိုက္ေသ ဆုံးျခင္းမရွိဘဲလြတ္လပ္ခြင့္ကိုရေစလိုေၾကာင္းေျပာၾကားပါတယ္။

Linko
Ref:Reuters
ဝါရွင္တန္ ၊ၾသဂုတ္ ၁၄