ဟောင်ကောင်အရေး အမေရိကန်ဒုသမ္မတစွပ်စွဲပြောဆိုမှု တရုတ်ယတိပြတ်ကန့်ကွက်

ဟောင်ကောင်အရေး အမေရိကန်ဒုသမ္မတစွပ်စွဲပြောဆိုမှု တရုတ်ယတိပြတ်ကန့်ကွက်

တရုတ်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို လျှော့ချနေတာလို့ စွပ်စွဲတဲ့ အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်စ် ရဲ့ပြောကြား ချက်ကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်လိုက်ပါတယ်။အမေရိကန်ပြည်ထောင်စု အနေနဲ့ သူ့ပြည်တွင်းမှာဖြစ်နေတဲ့ သေနတ်ကိုင်အကြမ်းဖက်မှုစတြဲ့ပည်တွင်းရေးတွေကိုသာ လေးလေးနက်နက်စဉ်းစားပြီး၊ ပြုပြင်သင့်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့ သတင်းစာရှင်လင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး မစ္စ Hua Chunying က  ပြောကြားသွားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ ပေါ်လစီမိန့်ခွန်းအတွင်း အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်က ဒီမိုကရေစီအရေး ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး၊ တရုတ်ကွန်မြူနစ်ပါတီဘက်လိုက်တဲ့ အမျိုးသားဘတ်စကတ်ဘောအသင်းကို ဝေဖန်ပြောဆို လိုက်တယ်လို့ သိရပါတယ်။

Linko
Ref: Straits Times
ဝါရှင်တန်၊ အောက်တိုဘာ ၂၅

(  Zawgyi  )



Linko
Ref: Straits Times