ဟွာဝေးသည် ကုန်သွယ်ရေးဆွေးနွေးမှုတွင် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာနိုင်ဟု သမ္မတထရမ့်ပြော

ဟွာဝေးသည် ကုန်သွယ်ရေးဆွေးနွေးမှုတွင် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာနိုင်ဟု သမ္မတထရမ့်ပြော

ဟွာဝေးကုမ္ပဏီကို အလွန်အန္တရာယ်ရှိသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်းအမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးဆွေးနွေးရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာလာနိုင်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာချိန်တွင် အမေရိကန်အစိုးရက ဟွာဝေးကုမ္ပဏီ်ကို အမည်ပျက်စာရင်းထည့်သွင်းခဲ့ရာတွင် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တရုတ်အစိုးရကလည်းအမေရိကန်အနေဖြင့်  ယင်းကုမ္ပဏီကိုအနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်းစွပ်စွဲထားပါတယ်။

သမ္မတထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် မေ ၂၃ ရက်ကတွေ့ဆုံရာမှာ “ ဟွာဝေးက အလွန် အန္တရာယ်ကြီးပါတယ်။ လုံခြုံရေး၊စစ်ရေး ရှုထောင့်ကနေ ကြည့်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ပြီးခဲ့သည့် သီတင်းပတ်အတွင်းသမ္မတထရမ့်က ကမ္ဘာ့ဒုတိယလုပ်ငန်းအကြီးဆုံးစမတ်ဖုန်းကုမ္ပဏီ ဟွာဝေးကို အမေရိကန်အစိုးရရဲ့ သဘောတူညီချက်မရဘဲအမေရိကန်ကုမ္ပဏီများမှ နည်းပညာရယူခွင့်မရှိသည့် အဖွဲ့အစည်းများစာရင်းသို့ ထည့်သွင်းခဲ့ပါတယ်။ သို့သော် ဟွာဝေးကိစ္စကို တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးရာ မှာအကြောင်းအရာတစ်ခုအနေဖြင့် ထည့်သွင်းနိုင် ဖွယ်ရှိကြောင်းထရမ့်က ပြောပါတယ်။

“ဆွေးနွေးမယ့် သဘောတူညီချက်ထဲမှာ ဟွာဝေးဟာ ပုံစံတစ်မျိုးမျိုး၊ အစိတ်အပိုင်းတစ်ခုခုအနေနဲ့ ပါဝင်လာနိုင်ပါတယ်” လို့ သူကပြောပါတယ်။ဟွာဝေးအနေနဲ့ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်တဲ့ 5G မိုဘိုင်းကွန်ရက်အသုံးပြုမယ့် ထုတ်ကုန်တွေအပေါ် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများရဲ့ တုံ့ပြန်မှုတွေကိုရင်ဆိုင်နေရပါတယ်။တရုတ်အစိုးရအနေနဲ့ စုံစမ်းထောက်လှမ်းရေးတွေမှာ ဟွာဝေးပစ္စည်းတွေကို အသုံးပြုနိုင်တယ်လို့ နိုင်ငံအများအပြားကစိုးရိမ်မှုများရှိနေတဲ့အပေါ် အဆိုပါ ကုမ္ပဏီကတော့ လုံးဝငြင်းဆိုထားပါတယ်။

အမေရိကန်ကယခုလိုအရေးယူမှုကြောင့် ကမ္ဘာ့နည်းပညာနယ်ပယ်မှာ ထိခိုက်မှုများစွာ ရှိလာသလိုကုမ္ပဏီအများအပြားကလည်း ဟွာဝေးနဲ့ လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားကြပါတယ်။“အမေရိကန်ရဲ့ အနိုင်ကျင့်မှုကိုအကောင်းဆုံးတုံ့ပြန်ဖို့ကတော့ တရုတ်ကုမ္ပဏီတွေ အင်အားပိုမိုတောင့်တင်း အောင် လုပ်ဆောင်ဖို့ပါပဲ” လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂေါင်ဖန်းကဘေကျင်းမြို့မှာမေ ၂၃ ရက်တွင် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။

Linko
Ref:BBC
ဝါရှင်တန်၊မေ ၂၄

(  Zawgyi   )

 ဟြာေဝးကုမၸဏီကို အလြန္အႏၲရာယ္ရွိသည့္ ဆက္သြယ္ေရးလုပ္ငန္းတစ္ခုအျဖစ္ သတ္မွတ္ထားေသာ္လည္းအေမရိကန္ႏွင့္ တ႐ုတ္ ကုန္သြယ္ေရးေဆြးေႏြးရာတြင္ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္လာလာႏိုင္တယ္လို႔ သမၼတေဒၚနယ္ထရမ့္က ေျပာၾကားလိုက္ပါတယ္။ႏွစ္ႏိုင္ငံကုန္သြယ္ေရးစစ္ပြဲအရွိန္ျမင့္တက္လာခ်ိန္တြင္ အေမရိကန္အစိုးရက ဟြာေဝးကုမၸဏီ္ကို အမည္ပ်က္စာရင္းထည့္သြင္းခဲ့ရာတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္သည့္ လုပ္ငန္းတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ တ႐ုတ္အစိုးရကလည္းအေမရိကန္အေနျဖင့္  ယင္းကုမၸဏီကိုအႏိုင္က်င့္သည့္ လုပ္ရပ္ျဖစ္ေၾကာင္းစြပ္စြဲထားပါတယ္။

သမၼတထရမ့္က အိမ္ျဖဴေတာ္တြင္ သတင္းေထာက္မ်ားႏွင့္ ေမ ၂၃ ရက္ကေတြ႕ဆုံရာမွာ “ ဟြာေဝးက အလြန္ အႏၲရာယ္ႀကီးပါတယ္။ လုံၿခဳံေရး၊စစ္ေရး ရႈေထာင့္ကေန ၾကည့္ေစခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းသမၼတထရမ့္က ကမာၻ႔ဒုတိယလုပ္ငန္းအႀကီးဆုံးစမတ္ဖုန္းကုမၸဏီ ဟြာေဝးကို အေမရိကန္အစိုးရရဲ႕ သေဘာတူညီခ်က္မရဘဲအေမရိကန္ကုမၸဏီမ်ားမွ နည္းပညာရယူခြင့္မရွိသည့္ အဖြဲ႕အစည္းမ်ားစာရင္းသို႔ ထည့္သြင္းခဲ့ပါတယ္။ သို႔ေသာ္ ဟြာေဝးကိစၥကို တ႐ုတ္နဲ႔ ကုန္သြယ္ေရးေဆြးေႏြးရာ မွာအေၾကာင္းအရာတစ္ခုအေနျဖင့္ ထည့္သြင္းႏိုင္ ဖြယ္ရွိေၾကာင္းထရမ့္က ေျပာပါတယ္။

“ေဆြးေႏြးမယ့္ သေဘာတူညီခ်က္ထဲမွာ ဟြာေဝးဟာ ပုံစံတစ္မ်ိဳးမ်ိဳး၊ အစိတ္အပိုင္းတစ္ခုခုအေနနဲ႔ ပါဝင္လာႏိုင္ပါတယ္” လို႔ သူကေျပာပါတယ္။ဟြာေဝးအေနနဲ႔ ေနာက္ထပ္မ်ိဳးဆက္တစ္ခုျဖစ္တဲ့ 5G မိုဘိုင္းကြန္ရက္အသုံးျပဳမယ့္ ထုတ္ကုန္ေတြအေပၚ အေမရိကန္ဦးေဆာင္တဲ့ အေနာက္ႏိုင္ငံမ်ားရဲ႕ တုံ႔ျပန္မႈေတြကိုရင္ဆိုင္ေနရပါတယ္။တ႐ုတ္အစိုးရအေနနဲ႔ စုံစမ္းေထာက္လွမ္းေရးေတြမွာ ဟြာေဝးပစၥည္းေတြကို အသုံးျပဳႏိုင္တယ္လို႔ ႏိုင္ငံအမ်ားအျပားကစိုးရိမ္မႈမ်ားရွိေနတဲ့အေပၚ အဆိုပါ ကုမၸဏီကေတာ့ လုံးဝျငင္းဆိုထားပါတယ္။

အေမရိကန္ကယခုလိုအေရးယူမႈေၾကာင့္ ကမာၻ႔နည္းပညာနယ္ပယ္မွာ ထိခိုက္မႈမ်ားစြာ ရွိလာသလိုကုမၸဏီအမ်ားအျပားကလည္း ဟြာေဝးနဲ႔ လုပ္ငန္းေဆာင္႐ြက္မႈ ရပ္ဆိုင္းထားၾကပါတယ္။“အေမရိကန္ရဲ႕ အႏိုင္က်င့္မႈကိုအေကာင္းဆုံးတုံ႔ျပန္ဖို႔ကေတာ့ တ႐ုတ္ကုမၸဏီေတြ အင္အားပိုမိုေတာင့္တင္း ေအာင္ လုပ္ေဆာင္ဖို႔ပါပဲ” လို႔ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ ေဂါင္ဖန္းကေဘက်င္းၿမိဳ႕မွာေမ ၂၃ ရက္တြင္ ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲတစ္ခုမွာေျပာၾကားခဲ့ပါတယ္။

Linko
Ref:BBC
ဝါရွင္တန္၊ေမ ၂၄